ရှမ်းပြည်နယ် ဩဂုတ်လ ၉ ရက် မှ ဩဂုတ်လ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ
ယခုလာမည့် ၁ ပါတ်အတွင်း
· ရှမ်းပြည်နယ်တခုလုံးမှာ မိုးအနည်းငယ်၊ မိုးအသင့်အတင့်နှင့် မိုးများနိုင်သည့်အခြအနေများ နေရာစိပ်စိပ်ဖြစ်ပေါ်နိုင်ပါတယ်။
· ယခုတပတ် ၇ ရက်အတွင်း မိုးရေချိန် ၁.၂ လက်မ(30mm)မှ ၅ လက်မခန့်(127mm)အထိ နေရာကွက်၍ရွာသွန်းရရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်-နယ်စပ်အနီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း-မန္တလေးတိုင်းနယ်စပ်အနီးက တောင်တွေပေါ်မှာ ၇ ရက်မိုးရေချိန် ၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်မှာဖြစ်ပါတယ်။
· ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၈ လက်မခန့်ရွာသွန်းနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁ လက်မ ဝန်းကျင်ခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။
· ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၂°C ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၈ မိုင် ရှိနိုင်ပါမယ်။
· ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အမြင့်ဆုံးအပူချိန် ၂၆°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၂ မိုင် ရှိပါမယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၃°C ရှိပြီး၊ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၈ မိုင် ရှိပါမယ်။
· ရှမ်းပြည်နယ်တခုလုံးရဲ ပျမ်းမျှ လေထုစိုထိုင်းဆ ၉၀% နဲ့ ၁၀၀% ရှိနေပြီး၊ ခံစားရတဲ့အပူချိန် ၃၅°C အထိ ရှိနိုင်ပါမယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) 45 အထိ ရှိနိုင်ပြီး ကျန်ဒေသတွေမှာ ပျမ်းမျှခြင်း 15 မှ 25 ရှိနိုင်ပါမယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါးသားပေါက် ပြုစုခြင်း အကြံပြုချက်
ငါးသန်များကိုမရောင်းမှီ ၂ရက် ၃ရက်အကြာတွင် ၂ကြိမ်မှ ၃ကြိမ်အထိ အောက်ပါအတိုင်း ပြုလုပ်ပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့်နေသားကျခြင်း (သို့မဟုတ်)ကျင့်သားရပါမည်။ နေ့စဉ်ငါးသားပေါက်များကို ပိုက်ဆွဲပြီး ငါးများစုမိသောအခါ မိနစ် ၂၀-၃၀ ခန့် ရေဖျန်းပြီး ပြန်လွှတ်ပေးရမည်။ ၄င်းအတိုင်း နေ့စဉ် တကြိမ်စီနှင့် ၂ရက် ၃ရက်လုပ်ပေးရပါမည်။ ပဲဖတ်နှမ်းဖတ်ကျွေးရာတွင် တဧကလျှင် ၁၂ပိဿာခန့် ကျွေးရပါမည်။ ငါးသန်များ ရောင်ချလိုပါက မရောင်းချမှီ (၂၄)နာရီကြိုတင်ပြီး အစာဖြတ်ထားရပါမည်။
ငါးသားပေါက်ရောင်းချမည်ဆိုပါက၊ ငါးသားပေါက်များ ရွှံ့မပေစေရန် ငါးဖမ်းပိုက်သည် ပါးလွှာသော သီးသန့်ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးရပါမည်။ ဖမ်းဆီးပြီးနောက် ကန်ထဲတွင် သီးသန့်ထားသော ပိုက်ကာထား သည့် နေရာတွင် (၄-၅)နာရီကြာ အသားကျစေရန်ထားရှိရပါမည်။ ထိုအချိန်တွင် ငါးများမစင်စွန့်ခြင်းကြောင့် ငါးများ၏ အစာအိမ်တွင် အစာမရှိနိုင်ပါ၊ အဆိုပါအခြေအနေတွင် ငါးများသယ်ယူရာတွင် အခက်အခဲမရှိ နိုင်ကြောင်းတွေ့ရှိရပါသည်။
ငါးသားပေါက်များ ခရီးဝေးသယ်ယူရမည်ဆိုပါက ငါးမဖမ်းမှီ ပထမနေ့တွင် ကန်အတွင်းသို့ တဧက လျှင် ထုံး(၁၀)ပိဿာ ထည့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
--------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း