cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ကျဆင်းနေသည့် ကြက်သွန်နီစျေး အနည်းငယ် ပြန်တက်လာ”

. ဈေးကွက်သတင်းများ
“နောက် ၄လ ခန့် ထိန်းရောင်းပါက စျေးကောင်းရနိုင်ကြောင်း ကုန်သည်တစ်ဦးက သုံးသပ်ထား”
  • လက်ရှိ ကျဆင်းနေသည့် ကြက်သွန်နီစျေး အနည်းငယ် ပြန်တက်လာကြောင်း စျေးကွက်မှ သိရပါသည်။

    ကြက်သွန်နီမှာ ရန်ကုန်စျေးကွက်တွင် အရောင်းအဝယ်သွက်လာနေကြောင်း နှင့် တစ်ပိဿာလျှင် ၁၀၀ မှ ၁၅၀ အထိ ပြန်လည်မြင့်တက်နေကြောင်း ပွဲရုံများထံမှ သိရပါသည်။

    ဘုရင့်နောင်ပွဲရုံတွင် မြင်းခြံ နှင့် ဆိပ်ဖြူ ကြက်သွန် တစ်ပိဿာလျှင် အရွယ်အစားအရည်အသွေးပေါ် မူတည် ကာ ၈၅၀ကျပ် မှ ၁၇၅၀ကျပ်၊ မုံရွာ ကြက်သွန် တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၁၇၅၀ကျပ် ပေါက်စျေး ရှိ ကြောင်း သိရပါသည်။

    ဘုရင့်နောင် ကုန်စည်ဒိုင်တွင် တစ်နေ့လျှင် ပျမ်းမျှ ကြက်သွန်ကားအစီးရေ ၂၀ ကျော်အထိ ဝင်ရောက်နေပြီး ကြက်သွန်ကိုထိန်းပြီး ရောင်းနိုင်ပါက ယခုစျေးတန်းအောက်ထပ်မကျနိုင်ကြောင်း သုံးသပ်ကြသည်။

    လက်ကျန်နှင့်ရက်ကျန်အရ ကြက်သွန်ကုန်သည်ကြီးများ ဂိုဒေါင်ကောင်းကောင်းဖြင့်

    ဝယ်ထိန်းရောင်းလုပ်ပါက ကြီးပွါးမည်ကာလ ဖြစ်ကြောင်း၊ တောင်သူကြီးများအနေဖြင့်

    နောက် ၄လ ခန့် ထိန်းရောင်းပါက စျေးကောင်းရနိုင်ကြောင်း ကုန်သည်တစ်ဦးက သုံးသပ်ထားသည်။

    စျေးတက်နေသော်လည်း ကြက်သွန်နီများမှာ တောင်သူလက်ထဲတွင် လက်ကျန်နည်းနေပြီဖြစ်ကြောင်း တောင်သူတချို့ ထံမှ သိရပါသည်။

    “ထိန်းရောင်းရင် စျေးတက်နိုင်တယ်လို့ ပြောနေကြပေမဲ့ တောင်သူတွေက လှောင်ဖို့ အဆင်မပြေကြဘူး ။ စိုက်စရိတ်တွေ ငွေပေါ်ဖို့အတွက် အမြန်ရောင်းနေကြရတယ်။ တောင်သူတွေမှာ အချိန်နဲ့ အခါ ကြည့်ပြီး ရောင်းနေရတယ်။ ဒါကြောင့် စျေးတက်ချိန်ဆို ပွဲစား နဲ့ ကုန်သည်လက်ထဲမှာပဲ ကြက်သွန်တွေက ရောက်ကုန်တယ်။ တောင်သူတွေက အရှုံး နဲ့ ပဲ အမြဲကြုံ နေတယ်။ “ ဟု ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောသည်။

    လက်ရှိ လက်လီစျေးကွက်မှာ အတက်စျေးတွင်ရှိနေပြီး ကြက်သွန်စိုက်တောင်သူများအနေဖြင့် စျေးမရရှိ ကြောင်းလည်း တောင်သူများထံမှ သိရပါသည်။ လမ်းပန်း ဆက်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေး ခက်ခဲ့သည့် နေရာများတွင် ကြက်သွန်လက်လီ စျေးတက်နေခြင်းဖြစ်ကြောင်း သိရပါသည်။

    မြန်မာနိုင်ငံကထွက် ကြက်သွန်များကို နယ်စပ်ကုန်သွယ်ရေး နှင့် ရေကြောင်းကုန်သွယ်ရေးတို့မှ တစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသို့ တင်ပိူ့လျက်ရှိကြောင်း သိရပါသည်။

    ဖိုးချဲ(AMIA)

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  

    ----------------         

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12           

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို            

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.           

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


  • article
likes
7
comments
0
views
1966
cover
cover
cover
cover
cover