ဧရာဝတီတိုင်း ဩဂုတ်လ ၁၄ ရက် မှ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားပိုကောင်းလာပြီး Well-Marked လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်သော်လည်း၊ ကုန်းတဝက်ရေတဝက်အနေအထားဖြင့် အန်ဒရာပရာဒက်ရှ်နှင့် ဩရိဿပြည်နယ်ကမ်းရိုးတန်းအနီးတွင် ဆက်လက်တည်ရှိနေနိုင်ပါတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းလာနိုင်ပြီ ကမ်းရိုးတန်းဒေသများမှာ မိုးပိုလာနိုင်ပါမယ်။ - ၇ ရက်အတွင်း ရရှိနိုင်သည့်မိုးရေချိန်ပမာဏ - · ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မ မှ ၉ လက်မ နီးပါးအထိ ရွာသွန်းရရှိနိုင်ပြီး၊ - · ဟင်္သာတမှ ဝါးခယ်မ၊ ညောင်တုန်းနှင့် ပုသိမ်တို့ကြားရှိ ဧရာဝတီတိုင်းအလယ်ပိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၄လက်မအထက်ရွာသွန်းနိုင်သည်၊ - · ကျုံမငေး၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဖျာပုံဒေးဒရဲနှင့် ဧရာဝတီတိုင်အထက်ပိုင်းအင်္ဂပူ၊ မြန်အောင်၊ ကြံခင်းဒေသများတွင် ၇ ရက် မိုးရေချိန် ၃ လက်မ မှ ၄ လက်မကျော်ရွာသွန်းရရှိနိုင်သည်။ - · ဧရာဝတီတိုင်းအတွင်း ပျမ်းမျှခြင်းအားဖြင့် ၂၄ နာရီအတွင်း မိုးရေချိန် ၀.၈ လက်မ မှ ၁.၂ လက်မအတွင်း နေ့စဉ်ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ပါမယ်။ - · ၂၀ ရက်နေ့နောက်ပိုင်းမှာ ကမ်းရိုးတန်းအနီးဒေသတွေမှာ နေ့စဉ်မိုးပိုများလာနိုင်၊ ၂၄ နာရီအတွင်းမိုးရေချိန်ခန့်မှန်း ၂.၅ လက်မအထက်အထိမိုးရွာသွန်းနိုင်/မိုးသည်းထန်နေနိုင်ပါမယ်။ - လေတိုက်နှုန်းနှင့် ပင်လယ်ပြင်အခြေအနေ - · ဧရာဝတီတိုင်းကုန်းတွင်းဒေသတွေမှာ တောင်ဘက်၊ အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့မှ လေတိုက်နှုန်း တနာရီ၁၀ မိုင်နှုန်းမှ ၂၅ မိုင်နှုန်းအထိ တိုက်နိုင်ပြီး - · ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂.၆ ပေမှ ၃.၃ ပေအထိရှိနိုင်ပါတယ်။ - · ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့် ၄ ပေ မှ ၆ ပေခန့်ရှိပြီး အနောက်ဘက်ကမ်းရိုးတန်းအနီးတွင် လှိုင်းပိုမြင့်နိုင်ပြီး ပင်လယ်ပြင်လေတိုက်နှုန်း တနာရီ မိုင် ၃၀ ခန့်အထိ ရှိနိုင်ပါမယ်။ - အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခုရက်သတ္တပါတ် ၁ ပါတ်မှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% အထိရှိနိုင်ပြီး လေထုစိုထိုင်းဆသည် မိုးရွာသွန်းသည့်အခြေအနေပေါ်မူတည်၍ ပြောင်းလဲ နေနိုင်ပါမယ်။ - လေထုညစ်ညမ်းမှုအညွှန်းကိန်း - AQI Value ၂၀ မှ ၃၀ ဝန်းကျင်သာရှိနိုင်ပြီး အန္တရာယ်မရှိသောအခြေအနေဖြစ်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့ - ဖြုတ်ပိုးကာကွယ်နှိမ်နင်းနည်းအကြံပြုချက် ... - လက်ရှိ စပါးခင်းများ”ဖြုတ်”ကျနေသည်ကိုတွေ့ရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- ဖြုတ်က အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) ၊ စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေနဲ့ ယူရီးယားပုလဲမြေဩဇာ အလွန်အကျွံထည့်ထားတဲ့ စိုက်ခင်းအခြေအနေတွေမှာ အဓိကကျရောက်ပါတယ်။
- စိုစွတ်မှုများတဲ့အခြေအနေကိုကြိုက်နှစ်သက်တာကြောင့် ဖြုတ်ကျပြီဆိုတာနဲ့ ရေထုတ်ပေးဖို့လိုပါတယ်။
- ပုလဲနိုက်ထရိုဂျင်မြေဩဇာ (N) ကိုအလွန်အကျွံမထည့်ပါနဲ့။
- ပိုတက်ရှ်(K)မြေဩဇာကို အဓိကထည့်ပေးပါ။
- လေကြောင်းခွဲပေးပါ။
- ဓာတုဆေးအနေနဲ့ Buprofezin+Acetamiprid, Pymetrozine+ Nintepyram, Fenobucarb+ Cyantraniliprole, Pymetrozine+ Dinotefuran အဆင်ပြေရာကို ရေထုတ်ပြီးမှဖျန်းပေးပါ။
 - ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် - မိုးရွာသွန်းမှုများသော ကာလဖြစ်သောကြောင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။ ကန်ဘောင်ပေါ်မှ ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကို ကြိုတင်ကာကွယ်နိုင်ပါသည်။ - ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် (သို့မဟုတ်) အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
