cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် ဩဂုတ်လ ၁၆ ရက် မှ ဩဂုတ်လ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ရှမ်းပြည်နယ်တခုလုံးတွင် မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၁.၂ လက်မ - 30mm)ဝန်းကျင်ရွာသွန်းနိုင်ပြီး ရွာငံ၊ ကလိ၊ မိုင်းရှုး၊ တာချီလိတ်၊ မိုင်းဖြတ်၊ မန်တုံ၊ မိုင်းယောင်း၊ လားရှိုး စသည့် မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း ၄ လက်မအထက်ရွာသွန်းရရှိနိုင်ပါမယ်။
  • ယခုတပါတ်အတွင်း ဖြစ်ပေါ်နိုင်သည့် ပင်လယ်ပြင်မိုးလေဝသအခြေအနေ 

    ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းရိုးတန်းနှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းမြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး အဆိုပါဒေသတွင် - "ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း"အဖြစ်ဆက်လက်တည်ရှိနေကြောင်း အိန္ဒိယမိုးလေဝသဌာန ယနေ့ (၁၅-၈-၂၅)ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိပါတယ်။ 

    သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များအနက် ICON Model ကြိုတင်ခန့်မှန်းချက်အရ - ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်းသည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

    ဒီအခြေအနေတွေကြောင့် ၂၀၂၅ ခုနှစ် မိုးလယ်ကာလပြီးဆုံးမည့် ဩဂုတ်လ ၃၁ ရက်နေ့အထိ အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ ဆက်လက်အားကောင်းနေပြီး နိုင်ငံအနှံ့အပြားမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ဆက်လက်ရွာနေဦးမှာဖြစ်ပါတယ်။ 

    ရှမ်းပြည်နယ်တွင် ဩဂုတ်လ ၁၆ ရက် နံနက် ၀၀ နာရီမှ ဩဂုတ်လ ၂၂ ရက် နံနက် ၀၀ နာရီအထိ ၇ ရက်အတွင်း ရရှိနိုင်မည့် မိုးရေချိန်အခြေအနေ 

    ·          ရှမ်းပြည်နယ်တခုလုံးတွင် မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၁.၂ လက်မ - 30mm)ဝန်းကျင်ရွာသွန်းနိုင်ပြီး ရွာငံ၊ ကလိ၊ မိုင်းရှုး၊ တာချီလိတ်၊ မိုင်းဖြတ်၊ မန်တုံ၊ မိုင်းယောင်း၊ လားရှိုး စသည့် မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း ၄ လက်မအထက်ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်ရဲ့ကျန်ဒေသများမှာ ၇ ရက်အတွင်း မိုးရေချိန်ရရှိမှု ၂ လက်မနှင့်အောက်သာရှိပြီး၊ ယခု ၁ ပါတ်အတွင်း - နေ့စဉ် ရွာသွန်းရရှိနိုင်သည့်မိုးရေချိန် ၀.၅ လက်မ မှ ၁.၂ လက်မ အထိသာရှိနိုင် - မိုးနည်းနေနိုင်ပါမယ်။ 

    နေ့/ည အပူချိန်များ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၉°C ရှိနိုင်ပါတယ် 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၂°C ရှိနိုင်ပါတယ် 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့မှာတော့ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနိုင်ပါတယ် 

    ရှမ်းပြည်နယ်တခုလုံးတွင်ဖြစ်ပေါ်နိုင်သည့် လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          အနောက်ဘက်၊ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်မှ တနာရီ ၂၇ မိုင်ခန့်အထိရှိနိုင်၊ လေပြင်းတိုက်ခတ်နိုင်ပါတယ်။ 

    ·          ပျမ်းမျှလေထုစိုထိုင်းဆ နေ့လည် ၁၂ နာရီ မှ ည ၇ နာရှိအတွင်း ၆၀% မှ ၁၀၀% အကြားတွင်ပြောင်းလဲလျှက်ရှိနေနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်၏ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) အမြင့်ဆုံး “25” ရှိနိုင်ပြီး လေထုညစ်ညမ်းမှုအန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရှမ်းပြည်နယ်အတွင်း ဂျင်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း ဂျင်းစိုက်ပျိုးရာတွင် ဘက်တီးရီးယားပျော့ပုပ်ရောဂါ အထူးသတိပြုကာကွယ်ပါ။ ရောဂါကျရောက်ပါက အပင်များ လျင်မြန်စွာခြောက်သွေ့သွားပြီး အရွက်များသည် အဝါရောင်မှ အညိုရောင် သို့ ၃ ရက်မှ ၄ ရက်အတွင်း ပြောင်းသွားကာ ဂျင်းဥများပုပ်သွားတတ်ပါသည်။ 

    ကာကွယ်နှိမ်နင်း နည်းလမ်းများမှာ 

    • ရောဂါကင်းသော မျိုးဥများစိုက်ပျိုးပါ။ 
    • ဂျင်းဆက်တိုက်စိုက်ခြင်းမှရှောင်ကြဥ်ကာ မျိုးရင်းမတူသော သီးနှံများဖြင့် သီးလှည့်စိုက်ပါ။ 
    • ရေမဝပ်စေရန် ဂရုစိုက်ပါ။ 
    • မြေဆောင်ရောဂါဖြစ်သည့်အတွက် မစိုက်ခင် ကြိုတင်ကာကွယ်ခြင်းများပြုလုပ်ပေးပါ။ 
    • အခြားလက်ခံပင်များဖြစ်သည့် ပေါင်းမြက်များအားနှိမ်နင်းပေးပါ။ 
    • ရောဂါကျရောက်ပါက ရောဂါကျအပင်အစိတ်အပိုင်းများကို ဖယ်ရှားဖျက်ဆီးပေးပါ။ 
    • ဓာတုဆေးအနေဖြင့် ကော့ပါးပါဝင်သောမှိုသတ်ဆေးများဖြင့် ကြိုတင်ကာကွယ်ပေးပါ။ 

    ငါးကန်အရည်အသွေး စစ်ဆေးရန် အကြံပြုချက် 

    • ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာလှုပ်ရှားမှု ပုံမှန်ဖြစ်ပြီး အစာစား ကောင်းမွန်ပါသည်။ 
    • ငါးများအပေါ် ဖိစီးမှုနည်းကာ ရောဂါကျရောက်မှုနည်းပါးစေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက ငါးများ အစာစားနှုန်းကျဆင်းပြီး အားအင်ချိနဲ့လာပါသည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။ 
    • ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ပြီး ကန်ရေအပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။ 
    • ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊ ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။ 

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။   

    ----------------          

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12            

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို             

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.            

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437    


  • article
likes
4
comments
0
views
3363
cover
cover
cover
cover
cover