မန္တလေးတိုင်း ဩဂုတ်လ ၂၂ ရက်မှ ဩဂုတ်လ ၂၈ ရက်အထိ မိုးလေဝသအခြေအနေ
- ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်သို့ရောက်ရှိလာမည့် INVEST-90W သည် ECMWF AI Forecast | ECMWF ENSEBLE MODEL(MODEL ပေါင်းချုပ်)နှင့် ICON MODEL တို့က 90W သည် ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် အပူပိုင်းမုန်တိုင်း(TS)နှင့် ၂၃ ရက် ညပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပြီးနောက်၊ ဩဂုတ်လ ၂၄ ရက် ည - ၂၅ ရက် နံနက်အစောပိုင်းမှာ တုံကင်ပင်လယ်ကွေ့မှတဆင့် ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ ဩဂုတ်လ ၂၆ ရက်နေ့မှာ လာအိုနိုင်ငံနှင့်ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ရောက်ရှိလာနိုင်ကြောင်းခန့်မှန်းထားပါတယ်။ - မုန်တိုင်းအကြွင်းအကျန်များက ဩဂုတ် ၂၅ ရက်နေ့က စ ပြီးတနင်္သာရီတိုင်းထက်ပိုင်း(မြိတ်မြို့အထက်)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းတွေကို စတင်ရောက်ရှိပြီး အလယ်ပိုင်းဒေသတွေအထိ ဆက်လက်ရွေ့လျားသွားနိုင်၊ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ - မန္တလေးတိုင်း၏ ဩဂုတ် ၂၂ ရက်မှ ၂၈ ရက်အထိ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန်ပမာဏများ - · မကွေးတိုင်းနှင့်ဆက်စပ်လျှက်ရှိသည့် မန္တလေးတိုင်းအနောက်ပိုင်းဒေသအချို့တွင် ၁ လက်မ မှ ၁. ၈ လက်မဝန်းကျင်နှင့်၊ - · နေပြည်တော်အပါအဝင် ကျန်ရှိသည့်မန္တလေးတိုင်းဒေသအများစုတွင် ၇ ၇က်မိုးရေချိန် ၂ လက်မမှ ၃.၅ လက်ခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။ - · နေ့စဉ်(၂၄ နာရီအတွင်း)ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏမှာ ၀.၅ လက်မဝန်းကျင်ခန့်ရှိနိုင်ပါမယ်။ - · ဩဂုတ်လ ၂၄ ရက် မှာ မန္တလေးတိုင်းမြောက်ပိုင်းမှ တကောင်းမြို့နယ်တွင်မိုးအများဆုံး(၂၄ နာရီအတွင်း ၃၀ မမ - ၁.၂ လက်မခန့်) ရွာနိုင်ပါမယ်။ - · ကျန်ဒေသများတွင် ၂၄ နာရီ မိုးရေချိန် ၁ လက်မ မကျော်နိုင်ပါ။ - · မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များရွေ့လျားရာလမ်းတလျှောက် နေရာကွက်၍မိုးများနိုင်ပြီး၊ - · အများအားဖြင့် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်မည့် အခြေအနေများ ဖြစ်ပေါ်နေနိုင်ပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေကြိုတင်ခန့်မှန်း - ယခုတပါတ်အတွင်း မန္တလေးတိုင်းရဲ့ အမြင့်ဆုံးနေအပူချိန် ၃၅°C ရှိနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ၇၀% မှ ၉၀% အတွင်းမှာ ဒေသနဲ့ အချိန်အလိုက်ပြောင်းလဲနေနိုင်ပြီး လေထုစိုထိုင်းဆများတဲ့အချိန်တွေမှာ ခံစားရတဲ့အပူချိန် ၃၉°C အထိရှိနိုင်ပါတယ်။ လေထုညစ်ညမ်းမှုအညွှန်းကိန်း ၂၀ မှ ၃၀ ခန့်သာရှိနိုင်ပါမယ်။ - ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ ကူမဲမြို့၊ သဲတောဝမ်းတွင်းမြို့နဲ့ ပုဂံညောင်ဦးမြို့နယ်တွေမှာ ဩဂုတ် ၂၅၊ ၂၆၊ နဲ့ ၂၈ ရက်များတွင် နေ့လည်နေမွန်းတည့်ချိန်အတွင်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(UV INDEX)၁၁ ရှိနေပါတယ်။ မွန်းတည့်ချိန်မှ မွန်းလွဲ ၂ နာရီခန့်အထိ မျက်စေ့အကာအကွယ်မပါပဲ နေကိုတိုက်ရိုက်ကြည့်ရှုမိခြင်းသည် မျက်စေ့အမြင်အာရုံကို ပျက်စီးစေနိုင်တာကြောင့်၊ ရှောင်ကြဉ်ရမည်ဖြစ်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးကန်တွင် ကပ်ပါးပိုးမရှိအောင် လုပ်ဆောင်ခြင်း - ကပ်ပါးပိုးတွေ ကန်ရေမှာရှိနေရင် (သို့မဟုတ်) ငါးမှာ ချိပ်ပိုးကပ်နေတာတွေ့ရင် ရေလဲလှယ်ပေးခြင်း (Water Exchange) လုပ်ရပါမယ်။ ပြီးရင် ဆားကြမ်းကို ဆာလာအိတ်ထဲထည့်ပြီး ကန်ထဲမှာ ဝါးလုံးထောက်ချိတ်ဆွဲထားပေးရပါမယ်။ ဒါမှ ကပ်ပါးပိုးရှိတဲ့ ငါးတွေက အဲ့ဒီ ဆားအိတ်နှင့် လာပွတ်ပြီး ကပ်ပါးကိုခွာချခြင်း လုပ်ဆောင်မှာဖြစ်ပါတယ်။ - ကပ်ပါးပြင်းထန်မယ်ဆိုရင်တော့ Ivermectin, Copper Sulphate (ဒုတ္ထာ)သုံးပေးလို့ ရပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ကပ်ပါးပိုးမရှိရအောင် ငါးကန်အသစ် စပြင်တဲ့အချိန်ထဲက ရေတစ်လီတာမှာ ကလိုရင်း ၂၀မီလီဂရမ် (Chlorine 20mg per litre) သို့မဟုတ် ၁ဧကအတွက် မဖောက်ထုံး ၆၀၀ ကီလိုဂရမ် (Calcium Oxide 600kg/acre)ဖြင့် ငါးကန်အသစ်သို့ ရေနှင့် ငါးမထည့်ခင် ကြိုတင်ပြီး ပိုးသတ်ခြင်း(Disinfection)လုပ်ထားလို့ရပါတယ်။ Source: De heus - စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
