cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် ဩဂုတ်လ ၂၃ ရက် မှ ဩဂုတ်လ ၂၉ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ရှမ်းပြည်နယ်တောင်ပိုင်းတွင်အထူးသတိပြုရန်မှာ ဩဂုတ်လ ၂၉ ရက်နေ့ - အောင်ပန်း၊ ကလောမြို့တွင် ၂၄ နာရီ မိုးရေချိန် ၂.၆ လက်မခန့်ရွာသွန်းနိုင်/ မိုးများနိုင်ပြီး၊ နောင်တရားနှင့် ပင်လောင်းမြို့တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၆ လက်မအထက် ရွာသွန်းနိုင်/မိုးအလွန်များနိုင်ပါတယ်။
  • ယခု တပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်-ဩဂုတ် ၂၅ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း ၁ ခုနှင့် တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ၁ ခုဖြစ်ပေါ်လာနိုင်ကာ ပိုမိုအားကောင်းလာပြီးတိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ကြောင်း၊ ဤအချိန်အတွင်း ဘင်္ဂလားပင်လယ်အော်မှာအားကောင်းလာမည့် အနောက်တောင်မုတ်သုံလေနှင့် တောင်တရုတ်ပင်လယ်မှ မုန်တိုင်းအကြွင်းအကျန်များ ဝင်ရောက်လာနိုင်သည့်အခြေအနေကြောင့် တနိုင်ငံလုံးတွင် မုတ်သုံမိုးနှင့် မုန်တိုင်းအကြွင်းအကျန်မိုးတို့အပြိုင်ရွာသွန်းနိုင်ပြီး နိုင်ငံတဝှမ်းလုံးမှာ နေရာကွက်၍ မိုးအသင့်အတင့်မှမိုးများနိုင်မည့်အခြေအနေများဖြစ်ပေါ်နိုင်ပါမယ်။ 

    ရှမ်းပြည်နယ်အတွင်း ဩဂုတ်လ ၂၃ ရက် မှ ဩဂုတ် ၂၉ ရက်အထိ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်များအနေဖြင့် - 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် နေရာကွက်ပြီး မိုးသည်းထန်နိုင်/မိုးများနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင် ၇ ရက် မိုးရေချိန် ၁၀ လက်မနှင့်အထက်ရှိနိုင်မိုးများနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင် လားရှိုးမြို့နှင့်၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တို့တွင် ၂၇ ရက်/၂၈ ရက်နေ့များတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁.၅ လက်မရွာသွန်းရရှိနိုင်ပြီး မိုးအများဆုံးနေ့ဖြစ်နိုင်ပါမယ်၊ ကျန်ရက်များတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့် ၀.၅ လက်မနှင့် ၁ လက်မအတွင်း ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၈ ရက် ၁ ရက်တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁.၅ လက်မခန့်ရွာသွန်းရရှိနိုင်ပြီး မိုးအများဆုံးနေ့ဖြစ်နိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းတွင်အထူးသတိပြုရန်မှာ ဩဂုတ်လ ၂၉ ရက်နေ့ - အောင်ပန်း၊ ကလောမြို့တွင် ၂၄ နာရီ မိုးရေချိန် ၂.၆ လက်မခန့်ရွာသွန်းနိုင်/ မိုးများနိုင်ပြီး၊ နောင်တရားနှင့် ပင်လောင်းမြို့တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၆ လက်မအထက် ရွာသွန်းနိုင်/မိုးအလွန်များနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခုတပတ်အတွင်း ဩဂုတ်လ ၂၇ ရက်အထိ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ပြီး၊ ဩဂုတ် ၂၈/၂၉ ရက် နေ့များတွင် အမြင့်ဆုံးနေ့အပူချိန် ၂၁°C အထိ ကျဆင်းလာနိုင်ပြီး ညအပူချိန် အနိမ့်ဆုံး ၂၀°C အထိကျဆင်းလာနိုင်ပါတယ်။ 

    ·          လေထုစိုထိုင်းဆ ၇၅% မှ ၉၀% အတွင်းရှိနိုင်ပြီး လေတိုက်နှုန်းအများဆုံး တနာရီ ၁၆ မိုင်ခန့်ရှိနိုင်ကာ လေငြိမ်သွားသည့်ချိန်များတွင် ခံစားရသည့်အပူချိန်(Apparent Temperature)၃၀°C အထိ မြင့်တက်လာနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တခွင်လုံး၏ လေထုညစ်ညမ်းမှုအခြေအနေအန္တရာယ်မရှိသည့်အဆင့် AQI Value 20 ခန့်သာရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးဒန်အစာကျွေးခြင်းဆိုင်ရာ အကြံပြုချက် 

    ငါးဒန်သည် ငါးကြင်းအုပ်စုဝင်ငါးများထက် သဘာဝအစာဖြစ်သော အပင်မျှောလှေးနှင့် အကောင် မျှောလှေးများတွင် အကောင်မျှောလှေးကို ပိုမိုကြိုက်နှစ်သက်ပါသည်။ 

    ထို့အပြင် ငါးကြင်းအုပ်စုဝင်ငါးများထက် အစာစားနှုန်းများပါသည်။ ငါးဒန်သည် အစုံစားသတ္တဝါဖြစ်ပြီး အသားဓါတ်ပါသော အစာကို ကြိုက်နှစ်သက်ပါသည်။  

    ဖြည့်စွက်စာကျွေးပါက ပရိုတိန်း ၂၅ရာခိုင်နှုန်းအထက်ပါသော အစာတောင့်ကိုကျွေးပါက ပိုပြီး ကောင်းမွန်ပါသည်။ ငါးဒန်သည် အစာကောင်းစွာ စားသုံးရပါက ကြီးထွားနှုန်းမြန်သော ငါးမျိုးစိတ် ဖြစ်ပါသည်။   

    ဖြည့်စွက်စာကျွေးနည်းလေ့လာရန် လင့်ကို နှိပ်ပါ - https://htwettoe.com/post/44817 

    စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။      

    ---------------             

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12               

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.               

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437     


  • article
likes
6
comments
0
views
3707
cover
cover
cover
cover
cover