မကွေးတိုင်း ဩဂုတ် ၂၇ ရက် မှ စက်တင်ဘာလ ၂ ရက်အထိ မိုးလေဝသအခြေအနေ
- တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း KAJIKI အကြွင်းအကျန်များကြောင့် မိုးရွာနိုင်မည့်အခြေအနေသည် မကွေးတိုင်းသို့ ရောက်ရှိမှုအလွန်နည်းပါးနိုင်ပါမယ်၊ - နေ့စဉ် မိုးအနည်းငယ်မှမိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၀.၅ လက်မ မှ ၁.၂ လက်မ ခန့်)သာ ရရှိနိုင်ပြီး၊ ၇ ရက်မိုးရေချိန် ၁ လက်မ မှ အများဆုံး ၅ လက်မအတွင်း ရွာသွန်းရရှိနိုင်ပါတယ်။ - မကွေးတိုင်းအနောက်ဘက်နှင့်မြောက်ဘက်ဒေသများဖြစ်သော စေတုတ္တရာ၊ ဆော၊ ကျောက်ထု၊ ကျော၊ ထီးလင်း၊ ဂန့်ဂေါစသည့် မြို့နယ်များတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်(၀.၅ လက်မအထက် ၁.၂ လက်မအောက်)ရွာနိုင်ပြီး၊ မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက်၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ တောင်တွင်းကြီး၊ နတ်မောက် စသည့်မြို့နယ်များတွင် နေ့စဉ်မိုးအနည်းငယ်(၀.၅ လက်မအောက်) ရွာသွန်းရရှိနိုင်ပါမယ်။ - ယခုတပတ်အတွင်း မကွေးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိပြီး၊ တောင်ဘက်၊ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်အရပ်များမှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၇ မိုင်အထိ ရှိနိုင်ပါတယ်။ - နေ့လည်ပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၆၀% ရှိနေပြီး နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% ရှိနေနိုင်ပါတယ်။ - လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) ၂၅ ရှိတာကြောင့် အန္တရာယ်မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မကွေးတိုင်းဒေသကြီးအတွင်း ရုံးပတီစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မကွေးတိုင်းဒေသကြီးအတွင်း ရုံးပတီစိုက်ပျိုးရာတွင်စုပ်စားပိုးဖြစ်သော ဖြုတ်စိမ်းကျရောက် ဖျက်ဆီးမှု သတိပြုကာကွယ်ပေးပါ။ အရွက်အောက်မျက်နှာပြင်မှ အပင်ရည်စုပ်စားပြီး ဗိုင်းရက်စ်ရောဂါသယ်ဆောင်ကာ အရွက်များကို ဝါစေပြီး ရောဂါပြင်းထန်ပါက ကြွေကျသွားတတ် ပါသည်။ အထွက်နှုန်းကို ၄၆-၆၆ ရာခိုင်းနှုန်းအထိကျဆင်းစေတတ်တဲ့ ဖျက်ပိုးဖြစ်သည့်အတွက် မပေါ့ဆသင့်ပါ။ - ကြိုတင်ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- - မျိုးရင်းဝင်မတူညီသော သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။
- ပိုးများခိုအောင်းရာပေါင်းမြက်များရှင်းလင်းဖျက်ဆီးပေးပါ။
- ဓာတုဆေးအနေဖြင့် Cartap hydrochloride ၊ Dinotefuran၊ Pymetrozine၊ Nitnepyram နှင့် Fenobucarb များပါဝင်သော ပိုးသတ်ဆေးများကို ကြိုတင်ပက်ဖျန်း ခြင်းဖြင့် ကာကွယ်ပေးပါ။
 - ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် - -ငါးမွေးကန်များတွင် ရေဩဇာရရှိနေခြင်းသည် ငါးတို့၏ သဘာဝအစာဖန်တီးပေးခြင်းဖြစ်ပါသည်။ ထို့ ကြောင့် ငါးကန်၏ ကန်ရေကို အမြဲတမ်းအစိမ်းရောင်ဖြစ်လာစေရန်(တစ်နည်း ရေဩဇာတက်လာစေရန်) မြေဩ ဇာထည့်သွင်းခြင်းကို ဆောင်ရွက်ကြပါသည်။ - -ငါးမွေးကန်အတွင်း မြေဩဇာထည့်သွင်းပြီး (၂)ပတ် (သို့မဟုတ်) ၁ ၄ရက်ကြာသောအခါ ကန်ရေဩဇာအမြင့်ဆုံးအခြေအနေရောက်ရှိလာပါသည်။ တစ်နည်းအားဖြင့် သက်ရှိအစာ ပေါက်ဖွားနှုန်းသည် အမြင့်ဆုံးရောက်ပြီးနောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလာပါသည်။ - -ကန်အတွင်း ငါးများ ဆက်လက်ပုံမှန်ကြီးထွားရန်အတွက် သဘာဝအစာ အမြဲဆက်လက်ရှိနေစေရန် လိုအပ်သောကြောင့် (၂)ပတ် ၁၄ ရက်လျှင် မြေဩဇာများထပ်မံဖြည့်ထည့်ပေးရန်လိုအပ်ပါသည်။ - -ထိုသို့မဟုတ်ပါက ကန်အတွင်းမွေးမြူထားသော ငါးများ အာဟာရချို့တဲ့ပြီး ငါးများကြီးထွားခြင်း မရှိနိုင်ပါ၊ ရောဂါကျရောက်ခြင်းများရှိလာနိုင်ပါသည်။ - မြေဩဇာထည့်သွင်းရမည့်နှုန်းကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ - မြေဩဇာအမျိုးအစား တစ်ဧကထည့်သွင်းရမည်နှုန်း - သစ်ရွက်ဆွေးမြေဩဇာ - ၃၁ ပိဿာ မှ ၆၂ ပိဿာ - ယူရီယားမြေဩဇာ - ၄ ပိဿာ မှ ၉ ပိဿာ - တီစူပါ မြေဩဇာ - ၃ ပိဿာ မှ ၄ ပိဿာ - ထည့်ရမည့်အကြိမ် - ၇ ရက်တစ်ကြိမ် - ✦✦✦✦✦✦✦✦ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
