ပဲခူးတိုင်း စက်တင်ဘာလ ၂ ရက် မှ စက်တင်ဘာလ ၈ ရက်အထိ မိုးလေဝသအခြေအနေ
- အရှေ့/အနောက်ပင်လယ်ပြင်များတွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ - ယခု ၁ ပါတ်အတွင်း - ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းသည် စက်တင်ဘာလ ၃ ရက်နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အိန္ဒိယနိုင်ငံအလယ်ပိုင်းတွင် အားပျော့ပျက်ပြယ်သွားနိုင်ပါမယ်။ တောင်တရုတ်ပင်လယ်ဘက်မှာတော့ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေမရှိပါ။ - ယခုတပတ်အတွင်း မိုးရွာနိုင်သည့်အခြေအနေ - - · ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းနေပြည်တော်၊ ပဲခူးတိုင်း(အရှေ့) ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး နေရာကွက်၍မိုးများနိုင်ပါမယ်။ - · မကွေးတိုင်း၊ မကွေးတိုင်းနှင့်ထိစပ်သည့် မန္တလေးတိုင်းအနောက်ခြမ်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး မိုးများနိုင်ရန်မရှိပါ။ - ပဲခူးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေ - · ပဲခူးတိုင်းအနောက်ခြမ်းမှ- ပြည်မြို့အနောက်ဘက် ရခိုင်ရိုးမတောင်ကြောအနီးမှ မြို့နယ်/ကျေးရွာများ၊ ပဲခူးတိုင်းအနောက်တောင်ဘက် ပဲခူးရိုးမတောင်ခြေအနီးမှ မြို့နယ်/ကျေးရွာများ၊ ပဲခူးတိုင်းအရှေ့တောင်ဘက် ပဲခူးမြို့နှင့် ပျဉ်ပုံကြီး၊ ကဒုတ်မြို့အောက်ဘက်၊ မုတ္တမကွေ့အထိ မြို့နယ်/ကျေးရွာများတွင် ယခုတပါတ်အတွင်း မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး ... ၇ ရက်အတွင်း မိုးရေချိန်ရရှိနိုင်မှု ၅ လက်မခန့်၊ ၂၄ နာရီ မိုးရေချိန် ၀.၆ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။ - · စစ်တောင်းမြစ်ဝှမ်းတလျှောက်တွင် မိုးအားလျော့နည်းလာနိုင်ပါမယ်။ - ပဲခူးရိုးမပေါ်တွင် မိုးများပြီး ခပေါင်းချောင်းရေမြင့်တက်ခြင်းကြောင့် ရိုးမအရှေ့ဘက်မှ - - တောင်ငူ(ခပေါင်းဆည်)နှင့် အနောက်ဘက်မှ ပေါက်ခေါင်း(တောင်နဝင်းဆည်)ရေဝင်ဧရိယာများတွင် ၂ ရက် မှ ၃ ရက်ခန့် ရေကြီးခြင်းသတိပေးအဆင့် Flood Alert LEVEL MEDIUM သို့မြင့်တက်လာနိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခု ၁ ပတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ကာ၊ လေထုစိုထိုင်းဆမြင့်မားချိန် ခံစားရတဲ့အပူချိန် ၃၈°C ခန့်အထိ ရှိနိုင်ပါမယ်။ - · မွန်းလွဲ/ညနေပိုင်းနဲ့ နံနက်အစောပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိရှိနိုင်ပြီး နေ့လည်ပိုင်းအချိန်များမှာ ၇၀% ခန့်ရှိနိုင်ပါမယ်။ - · အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပြီး မုတ္တမကွေ့ပင်လယ်မှာ လှိုင်းအမြင့် ၃ ပေခန့်နဲ့ ဒီရေတက်ချိန်လှိုင်းအမြင့် ၅ ပေခန့်အထိ ရှိနိုင်ပါမယ်။ - · လေထုညစ်ညမ်းမှုအညွှန်းကိန်းအနေနဲ့ ၂၀ ဝန်းကျင်သာရှိနိုင်တာကြောင့် အန္တရာယ်မရှိနိုင်သည့် AQI level ဖြစ်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့.. - စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - လက်ရှိဖြုတ်ပိုးနဲ့ပတ်သတ်ပြီး ကျရောက်မှုများလာတာကိုတွေ့ရသဖြင့် ထိခိုက်ဆုံးရှုံးမှုများစွာမဖြစ်စေရန် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- ဖြုတ်ကျရင် ရေချက်ချင်းထုတ်လို့ရရင် ထုတ်ပေးပါ။
- စပါးခင်းအတွင်း လေကြောင်းခွဲပေးပါ။
- ယူရီးယားပုလဲနိုက်ထရိုဂျင်(N) မြေသြဇာထည့်ကို အလွန်အကျွံထည့်တာမျိုးမလုပ်ပါနဲ့၊ အဲ့အစား ပိုတက်ရှ်မြေဩဇာ (K) ကိုအဓိကထည့်ပေးပါ။
- ဆေးအနေနဲ့ Buprofezin+ Acetamiprid (သို့မဟုတ်) Fenobucarb+ Cyantraniliprole / Dinotefuran+ Pymetrozine အဆင်ပြေရာကို ရေထုတ်ပြီးမှ ဖျန်းပေးပါ။
- ရေကို စိုတစ်လှည့်ခြောက်တစ်လှည့်သွင်းပေးပါ။
- စိုက်ခင်းဘေးက ပေါင်းမြက်များကိုလည်းရှင်းပေးနိုင်ရင် ရှင်းပေးပါ။
 - ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် - မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။
- ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။
- ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။
- ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်းကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧကလျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။
- ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင် ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။
 - ---------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
