ပြည်နယ်နှင့်တိုင်းအလိုက် မိုးလေဝသခန့်မှန်းချက်၊ စိုက်/မွေးအကြံပြုချက်
- ရန်ကုန်တိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃၊ ၄၊ ၆၊ ၇ ရက်နေ့တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် မိုး ဆက်လက် ရွာသွန်းနိုင်ပါသည်။ ကျန်ရက်များတွင် ၇၀ ရာခိုင်နှုန်းခန့်သာ ရှိသဖြင့် နေပွင့်နိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မန္တလေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၈၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃ရက်နေ့တွင် မိုးရွာနိုင်ဖွယ်ရှိပြီး ကျန်ရက်များတွင် နေသာနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - နေပြည်တော်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁) ရာခိုင်နှုန်း မှ (၇၅) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃ရက်မှ ၉ ရက်နေ့အထိ မိုးရွာရန် ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - တောင်ကြီးအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈၀) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပြီး ၈၊ ၉ ရက်တို့တွင် ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် ဒီတစ်ပတ်အတွင်း မိုး ဆက်လက်ရွာသွန်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မကွေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၇) ရာခိုင်နှုန်း အထိရှိနိုင်ပါတယ်။ စက်တင်ဘာလ ၃ရက်နေ့တွင် မိုးရွာနိုင်ဖွယ်ရှိပြီး ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာရှိသဖြင့် နေသာနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃ရက်မှ ၇ ရက်နေ့အထိ မိုးဆက်လက်ရွာသွန်းနိုင်ပြီး ကျန် ၂ ရက်တွင် တိမ်ထူထပ်မှုသာ ရှိနိုင်သည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - တောင်ငူ - စစ်တောင်းမြစ်ရေကြီးနိုင်ခြင်း သတိပေး LEVEL MEDIUM (YELLOW)မှ စက်တင်ဘာ ၇ ရက်နှင့် ၁၃ ရက်တွင် LOW LEVEL(GREEN)သို့ပြန်ကျနိုင်ပြီး ၁၄ ရက်နေ့တွင် ပြန်လည်မြင့်တက်ကာ စက်တင်ဘာ ၁၇ ရက်အထိ MEDIUM LEVEL(YELLOW)တွင် ဆက်လက်ရှိနေနိုင်သည်။
- ကရင်ပြည်နယ် - သံလွင်မြစ်ရေကြီးနိုင်ခြင်း သတိပေး LEVEL စက်တင်ဘာ ၃ ရက်နေ့တွင် HIGH LEVEL(RED)သို့ မြင့်တက်လာနိုင်ပြီး HIGH ALERT LEVEL တွင် စက်တင်ဘာ ၁၇ ရက်အထိ ဆက်လက်တည်ရှိနေနိုင်သည်။
- စက်တင်ဘာ ၃ ရက် နံနက် ၁၁ နာရီ (Global Flood Awareness System - GloFAS)
 - ကိုးကား။ Accweather ၊ ဆရာဦးဝင်းနိုင် - မြေပဲစိုက်တောင်သူများအတွက် မွှားပင့်ကူကာကွယ်နှိမ်နင်းနည်းအကြံပြုချက် - မွှားပင့်ကူနီသည် အရွက်အောက်မျက်နှာပြင်တွင်နေပြီး အပင်ရည်ကို စုပ်ယူဖျက်ဆီးတာကြောင့် အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင်ခပ်မှိုင်းမှိုင်း အပြောက်များတွေ့ရပြီး ဆိုးရွားစွာကျရောက်ပါက အရွက်များတွန့်ကုပ်ခြောက်သွေ့သွားသည်။
- မွှားပင့်ကူ၏ပါးစပ်အစိတ်အပိုင်းမှ ချည်မျှင်များထုတ်နိုင်ပြီး ကျရောက်မှုများပါက တစ်ပင်လုံးကို ချည်မျှင်ဖြင့်ရစ်ပတ်ကာ အပင်ပုခြင်း၊ ပုံသဏ္ဍာန်မမှန်ခြင်းကိုဖြစ်စေသည်။
- ကာကွယ်နှိမ်နင်းနည်းအနေဖြင့် စိုက်ခင်းအစိုဓာတ်မပြတ်အောင်ဂရုပြုပါ။
- ပတ်ဝန်းကျင် ပေါင်းမြက်များကိုသေချာရှင်းပေးပါ။
- နိုက်ထရိုဂျင်(N) အဓိကပါသောရွက်ဖျန်းအားဆေးများအလွန်အကျွံမသုံံးပါနဲ့။
- အသုံးပြုနိုင်သောဓာတုဆေးများ- Abamectin, Cyrantraniliprole, Spirotetramat, Sulphur
 - ငါးအစာကျွေးခြင်းနည်းလမ်း - - မိမိထည့်သွင်းမွေးမြူထားသောငါးမျိုးစိတ်များနှင့် ငါးမွေးမြူသည့်နည်းစနစ်ပေါ်မူတည်ပြီး ငါးအ စာ ကျွေးခြင်း နည်းလမ်းအမျိုးမျိုးရှိပါသည်။ မိမိသတ်မှတ်ထားသည့် ပုံမှန်နေရာ (၄)နေရာ (သို့) (၆) နေရာ၌ အညီအမျှ ကျဲပက်၍အစာကျွေးခြင်း။ - - ကန်ဘောင်မှ (၆)ပေ (သို့) (၁၀)ပေခန့်ရှည်သော လူသွားလမ်း (သို့) တံတားပြုလုပ်၍ အစာကို ကျဲပက်ကျွေးခြင်း၊ ကန်အလယ်၌ စင်ပြုလုပ်၍ ပက်ကျွေးမွေးခြင်း၊ အစာဗန်းပြုလုပ်၍ ကျွေးခြင်း။ - - ကန်ထဲလှေစီးပြီး ကန်၏ တစ်ဘက်တစ်ချက်သို့ သွားရောက်၍ အစာပက်ကျွေးခြင်း။ - - ကြီးသောကန်အမျိုးအစားများအတွက် ကြိုး (၂) ချောင်း (သို့) (၃) ချောင်းအား ကန်၏ အရှည် အကျယ်အတိုင်း တားစေပြီး ၄င်းကြိုးလေးများအရှည်အတိုင်း လှေဖြင့်ဖြစ်စေ ဝါးဖောင်ဘောဖြင့် အစာကျွေးနိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
