cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစင်းငုံစျေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
နှစ်အစမှာ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) တစ်တန်စျေး သိန်း ၃၀ ကျပ်အကျော်မှာ ရှိနေပြီး ယခု ၂၉ သိန်း ကျပ်ဝန်းကျင်သာ ရှိပါတယ်။ ပဲစင်းငုံ(အာစီ) ကလည်း မေလကစတင်ပြီး ဆက်တိုက်ဆိုသလို စျေးကျဆင်းလာပြီး သိန်း ၂၅ ကျပ် ဝန်းကျင်သာ ရှိပါတော့တယ်။
  • ရန်ကုန်၊ ဘုရင့်နောင် ဈေးကွက်ရှိ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ)၊ မတ်ပဲ(အက်စ်ကျူ၊အာစီ)၊ ပဲစင်းငုံနီ(အာစီ) တို့၏ တစ်တန်စျေးနှုန်းများကို လေ့လာသော် စက်တင်ဘာလ ၅ ရက်နေ့ ပေါက်စျေးအရ ၂၉၆၀၀၀၀ 

     ကျပ်၊ ၃၂၆၀၀၀၀  ကျပ်၊ ၂၅၃၁၀၀၀ ကျပ်ဖြင့် အသီးသီး စျေးပေါက်နေပါတယ်။ 

    ယခင်လ (သြဂုတ်လ)နဲ့ ယခုလ (စက်တင်ဘာလ ပထမပတ်)နှင့် နှိုင်းယှဉ်ချက်   

    ၂၀၂၅ ခုနှစ်၊ သြဂုတ်လ နှင့် စက်တင်ဘာလ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုလ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ)၊ မတ်ပဲ(အက်စ်ကျူ၊အာစီ) တစ်တန်လျှင် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လထက် ၆၀၀၀၀ ကျပ်၊ ၇၀၀၀၀ ကျပ်ဝန်းကျင် ကျလာတာကို တွေ့ရပါတယ်။  ထို့အတူ ပဲစင်းငုံ(အာစီ)ကလည်း တစ်တန်လျှင် ၁သိန်းခွဲဝန်းကျင် စျေးကျဆင်းလာပါတယ်။ 

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း  

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ စက်တင်ဘာလ အထိ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) တစ်တန်စျေးနှုန်းကို လေ့လာသော်  ဇန်နဝါရီလ ၃၀၄၃၀၀၀ကျပ်၊ ဖေဖော်ဝါရီတွင်၂၉၅၇၇၈၉ ကျပ်၊ မတ်လတွင် ၃၀၁၈၁၀၅ကျပ်၊ ဧပြီလတွင် ၃၀၄၀၃၄၃ကျပ်၊ မေလတွင် ၃၀၁၉၆၁၉ကျပ်၊ ဇွန်လတွင်၂၉၈၈,၀၄၈ ကျပ် ၊ ဇူလိုင်လတွင် ၃၀၀၀၅၆၅ ကျပ်၊ သြဂုတ်လတွင် ၂၉၇၀၄၂၉ ကျပ်၊ စက်တင်ဘာ ပထမပတ်တွင် ၂၉၀၉၆၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။   

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ စက်တင်ဘာလ အထိ မတ်ပဲ(အက်စ်ကျူ၊အာစီ)  တစ်တန်စျေးနှုန်းကို လေ့လာသော်  ဇန်နဝါရီလ ၃၃၈၅၂၂၂ကျပ်၊ ဖေဖော်ဝါရီတွင် ၃၁၀၉၅၄၂ကျပ်၊ မတ်လတွင်  ၃၃၂၀၆၃၁ကျပ်၊ ဧပြီလတွင် ၃၃၅၁၀၉၃ ကျပ်၊ မေလတွင်  ၃၂၆၂၈၈၀ကျပ်၊ ဇွန်လတွင် ၃၃၀၂၈၁၀ကျပ်၊ ဇူလိုင်လတွင် ၃၃၁၇၂၆၁ ကျပ်၊ သြဂုတ်လတွင် ၃၂၇၈၆၆၇ ကျပ်၊ စက်တင်ဘာ ပထမပတ်တွင် ၃၂၀၉၆၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။  

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ စက်တင်ဘာလ အထိ ပဲစင်းငုံ(အာစီ)  တစ်တန်စျေးနှုန်းကို လေ့လာသော်  ဇန်နဝါရီလ ၂၉၆၈၂၂၂ ၂ ကျပ်၊ ဖေဖော်ဝါရီတွင်၂၉၇၀၅၂၆ ကျပ်၊ မတ်လတွင် ၂၉၉၅၇၈၉ ကျပ်၊ ဧပြီလတွင်၂၉၆၃၀၆၃ ကျပ်၊ မေလတွင် ၂၈၇၁၆၆၇ ကျပ်၊ ဇွန်လတွင် ၂၇၅၅၅၂၄ ကျပ်၊ ဇူလိုင်လတွင်၂၈၀၈၅၆၅ ကျပ်၊ သြဂုတ်လတွင် ၂၆၇၂၄၂၈ ကျပ်၊ စက်တင်ဘာ ပထမပတ်တွင် ၂၅၂၀၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။ 

    သုံးသပ်ခန့်မှန်းချက်  

    နှစ်အစမှာ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) တစ်တန်စျေး သိန်း ၃၀ကျပ်အကျော်မှာ ရှိနေပြီး နောက်လများမှာ ဒီစျေးဝန်းကျင်မှာဘဲ အနည်းငယ် အတက်၊ အကျဖြစ်နေပြီး သြဂုတ်၊ စက်တင်ဘာလတို့မှာ တစ်တန်ကို သိန်း ၂၉ ကျပ်ဝန်းကျင်အထိ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။  

    နှစ်အစမှာ ပဲစင်းငုံ(အာစီ) တစ်တန်စျေး သိန်း ၂၉ ကျပ် ဝန်းကျင် ရှိနေပြီး မေလကစတင်ပြီး ဆက်တိုက်ဆိုသလို စျေးကျဆင်းလာပါတယ်။ ယခု စက်တင်ဘာလ ပထမပတ် တစ်တန်ပျမ်းမျှစျေးနှုန်းမှာ သိန်း ၂၅ ကျပ် ဝန်းကျင်သာ ရှိပါတော့တယ်။ 

    လက်ရှိမှာ အိန္ဒိယဘက်က ဝယ်အားထိန်းနေတဲ့အပြင် အရောင်းအဝယ်အေးနေတာကြောင့် စျေးကွက်ကျဆင်းနေတာဖြစ်ပါတယ်။  ပဲစင်းငုံကလည်း လက်ကျန်နည်းခြင်း၊ ပြည်ပအဝယ်နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ 

    Data Source: AMIA 

    တင်ပြသူ - နွယ်အေး 

    ========  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


  • article
likes
3
comments
0
views
2835
cover
cover
cover
cover
cover