cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် စက်တင်ဘာလ ၆ ရက် မှ စက်တင်ဘာလ ၁၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခုအချိန်အထိရရှိပြီးကြိုတင်ခန့်မှန်းချက်များအရ - မုန်တိုင်းအကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများအနက် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စက်တင်ဘာလ ၁၀ ရက်မှ စတင်၍မိုးအနည်းငယ်မှအသင့်အတင့် စတင်ရွာသွန်းနိုင်ပြီး၊ စက်တင်ဘာ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံမှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားသောအခြေအနေများ (Latest Update) 

    ·          တောင်တရုတ်ပင်လယ်၊ ဖိလစ်ပိုင်နိုင်ငံအနောက်ဘက်တွင်ဖြစ်ပေါ်နေသည့် စောင့်ကြည့်ရန် လေပွေလှိုင်း INVEST-97W သည် စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ဟောင်ကောင်၏ အနောက်တောင်ဘက် ၃၅ မိုင်ခန့်ပင်လယ်ပြင်သို့ရောက်ရှိလာပြီး ဟောင်ကောင်စံတော်ချိန်ညပိုင်းတွင် အပူပိုင်းမုန်တိုင်းအဆင့်ဖြင့် တရုတ်ပြည်ကမ်းခြေကို Colane နှင့် Zhuhai မြို့များအနီးမှဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ECMWF Model မှ ကြိုတင်ခန့်မှန်းထားပါတယ်။ 

    ·          ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်အနီးသို့ ရွေ့လျားရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းထားပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ စက်တင်ဘာလ ၁၂ ရက် ည၊ ၁၃ ရက် နံနက်ပိုင်းမှစတင်ပြီး လေပွေလှိုင်းတခုဖြစ်ပေါ်လာနိုင်ကာ ပိုမိုအားကောင်းလာနိုင်ပြီး စက်တင်ဘာလ ၁၄ ရက်မှာ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာနိုင်ကာ အနောက်တောင်မုတ်သုံလေ အားကောင်းနေနိုင်ပါမယ်။ 

    ·          ယခုအချိန်အထိရရှိပြီးကြိုတင်ခန့်မှန်းချက်များအရ - မုန်တိုင်းအကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများအနက် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စက်တင်ဘာလ ၁၀ ရက်မှ စတင်၍မိုးအနည်းငယ်မှအသင့်အတင့် စတင်ရွာသွန်းနိုင်ပြီး၊ စက်တင်ဘာ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံမှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်အတွင်း စက်တင်ဘာလ ၆ ရက် မှ ၁၂ ရက်အထိ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်း - 

    ·လားရှိုး၂.၄ လက်မ မှ ၄.၃ လက်မအထိ 

    ·သီပေါ ၂.၀ လက်မ မှ ၃.၉ လက်မအထိ 

    ·မူဆယ် ၁.၆ လက်မ မှ ၃.၅ လက်မအထိ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း - 

    ·တောင်ကြီး ၂.၈ လက်မ မှ ၅.၁ လက်မအထိ 

    ·လွိုင်လင် ၂.၄ လက်မ မှ ၄.၃ လက်မအထိ 

    ·နမ့်စန် ၂.၄ လက်မ မှ ၄.၇ လက်မအထိ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း - မိုးအများဆုံးရွာနိုင် 

    ·ကျိုင်းတုံ ၃.၁ လက်မ မှ ၅.၉ လက်မအထိ 

    ·တာချီလိတ် ၃.၅ လက်မ မှ ၆.၃ လက်မအထိ 

    ·မိုင်းဖြတ် ၃.၁ လက်မ မှ ၅.၉ လက်မအထိ 

    ·          ရှမ်းပြည်နယ်ဒေသအများစု၏ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁.၂ လက်မ(30mm)အောက်သာရှိနိုင်(မိုးအသင့်အတင့်ရွာနိုင်)ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ပါမယ် 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၉°C ရှိနိုင်ပါမယ် 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနိုင်ပါမယ် 

    ·          ရှမ်းပြည်နယ်တခုလုံးမှာ ယခု ၁ ပါတ်အတွင်း အရှေ့-အရှေ့တောင်ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းတနာရီ ၁၅ မိုင် မှ မိုင် ၂၀ အထိ တိုက်ခတ်နိုင်ပါတယ် 

    ·          နေ့လည်ပိုင်းအချိန်များမှာ လေထုစိုထိုင်းဆ ၅၀% မှ ၇၀% အထိ ကျဆင်းနိုင်ပြီး ညနေ/ည/နံနက်ပိုင်းအချိန်တွေမှာ ၉၀% မှ ၁၀၀% အထိ ရှိနေနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး 35 အထိ ရှိနိုင်၊ အန္တရာယ်မရှိသဖြင့်၊ စိုးရိမ်ရန်မလိုပါ။ Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    https://disasterinfo.mmweather.org/ 

    (Based on 5th September, model update time 19:15 Myanmar Time)

    ရှမ်းပြည်နယ်အတွင်း လီလီပန်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း လီလီပန်းစိုက်ပျိုးရာတွင် လီလီဘိုထရိုင်းတစ် (Botrytis) ရွက်ခြောက် ရောဂါသည် အရွက်များပေါ်တွင် ကျရောက်ပါက အောက်အရွက်များတွင် ပိုမိုကျရောက်လေ့ရှိပြီး ပန်းပွင့်ပွင့်နှုန်းကျဆင်းစေသည့်အပြင် အပွင့်ပေါ် ကျရောက်ပါက ပန်းပွင့်အရည်အသွေးထိခိုက်စေပြီး စျေးရရှိမှု လျော့နည်းစေတတ် ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -  

    • ပန်းရာသီပြီးချိန်တွင် ရောဂါရပင်ကြွင်းပင်ကျန်များအား သေချာရှင်းလင်းပေးပါ။ 
    • စိုက်ခင်းကို လေဝင်လေထွက်ကောင်းမွန်စေရန် အပင်စိတ်စိတ်စိုက်ခြင်းကိုရှောင်ကြဥ်ပေးပါ။ 
    • စိုက်ခင်းအတွင်း ရေဝပ်ခြင်းမရှိစေရန် သတိပြုပါ။ 
    • မျိုးရင်းဝင်မတူသော အခြားသီးနှံများနှင့် သီးလှည့်စိုက်ပေးပါ။ 
    • ဓာတုဆေးများအသုံးပြုလိုပါက ကြိုတင်ကာကွယ်ဆေးအနေနဲ့ Mancozeb နှင့် Chlorothalonil ကဲ့သို့သော မှိုသတ်ဆေးများပက်ဖျန်းပေးနိုင်ပါသည်။ 
    • ရောဂါစတင်ကျရောက်လာပါက Azoxystrobin , Difenoconazole, Trifloxystrobin, Tebuconazole ကဲ့သို့သော မှိုသတ်ဆေးများပက်ဖျန်းခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ 

     ငါးကန်ရေသြဇာတက်စေရန် အကြံပြုချက် 

    ကန်အတွင်း သဘာဝအစာပေါက်ဖွားရန်အတွက် ပဲဖတ်ရည်ပက်ခြင်းဖြင့် ရရှိနိုင်ပါသည်။ ထို့အပြင် ကြက်ချေး၊ ဝက်ချေး၊ ကျွဲ နွားချေး တို့၏အခြောက်များကို ကန်အတွင်း ထည့်သွင်းခြင်းလည်း ရရှိနိုင်ပါသည်။ 

    ဓါတုမြေဩဇာဖြစ်သော ပုလဲ တီစူပါ ၊ ပိုတက်တို့အပြင် NPK မြေဩဇာကိုလည်း သုံးစွဲနိုင်ပါသည်။ ကန်အတွင်း သဘာဝအစာ လုံလောက်စွာရှိပါက ဖြည့်စွက်စာ( ဖွဲနု၊ ပဲဖတ်နှင့် အစာတောင့်)တို့ကို လျော့ကျွေးနိုင်ပါသည်။ 

    NPK မြေဩဇာသုံးလိုပါက တစ်ဧကလျှင် (၇)ပိဿာမှ (၈)ပိဿာအထိ သုံးစွဲရပါမည်။ 

    မိုးကာလတွင် ကန်ရေဩဇာကျဆင်းခြင်းသည် ဖြစ်နိုင်ခြေများသောကြောင့် ကန်ရေဩဇာ ဆက်လက်တည်ရှိနိုင်ရန်အ တွက် ပထမအကြိမ် မြေဩဇာများထည့်သွင်းပြီး၊ ကန်ရေဩဇာ ရရှိပါကလည်း (၂၅)ရက်မှ (၃၀)ရက် ကြာ လျှင် ပထမအကြိမ် ထည့်သွင်းထားသောမြေဩဇာနှုန်း၏ တစ်ဝက်တိတိကို ထည့်မံထည့်သွင်းပေးပါက၊ ရေ ဩဇာမပြတ်ရရှိနေမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ 

    ---------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
4081
cover
cover
cover
cover
cover