cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း စက်တင်ဘာလ ၁၀ ရက် မှ ၁၆ ရက်အထိမိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက် စသည့် မကွေးတိုင်းအနောက်မြောက်ဘက်မှ တောင်ထူထပ်သည့်ဒေသများတွင် ၁၃ ရက် မှ ၁၅ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 80-105mm(၃ လက်မအထက် ၄ လက်မခန့်)ရှိနိုင်သဖြင့် တောင်ကျရေကျဆင်းခြင်းကြောင့် ရုတ်ခြည်းရေကြီးနိုင်မှု(Flash Flood)ကို သတိထားကြရပါမယ်။
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့်တောင်တရုတ်ပင်လယ်တို့တွင် ယခုရက်သတ္တပတ်အတွင်း မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်သည့်အခြေအနေ မရှိပါ။ 

    မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် 

    ·          စက်တင်ဘာ ၁၀ ရက် မှ စက်တင်ဘာ ၁၆ ရက်နေ့အထိ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းတောင်တန်းများနှင့်ထိစပ်သည့်ဒေသများ၊ မကွေးတိုင်းအနောက်ခြမ်း ရခိုင်ရိုးမတောင်ကြောနှင့် ထိစပ်သည့် ဒေသများ၊ မကွေးတိုင်းတောင်ဘက် ရခိုင်ရိုးမ၊ ပဲခူးတိုင်းအနောက်မြောက်ခြမ်းနှင့်ထိစပ်သည့်ဒေသများမှာ - ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မ မှ ၅ လက်မ ခန့်အထိ ရွာသွန်းရရှိနိုင်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ 

    ·          ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက် စသည့် မကွေးတိုင်းအနောက်မြောက်ဘက်မှ တောင်ထူထပ်သည့်ဒေသများတွင် ၁၃ ရက် မှ ၁၅ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 80-105mm(၃ လက်မအထက် ၄ လက်မခန့်)ရှိနိုင်သဖြင့် တောင်ကျရေကျဆင်းခြင်းကြောင့် ရုတ်ခြည်းရေကြီးနိုင်မှု(Flash Flood)ကို သတိထားကြရပါမယ်။ 

    ·          မန္တလေးတိုင်းနှင့် ထိစပ်သော မကွေးတိုင်းအလယ်ပိုင်းဒေသများနှင့် မကွေးမြို့ဝန်းကျင်မှ ဒေသများမှာ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့် မိုးရေချိန် ၁.၅ လက်မထက် မကျော်နိုင်(မိုးနည်းနေနိုင်)ပါမယ်။ 

    ·          စက်တင်ဘာ ၁၅ ရက်နေ့တွင် မကွေးမြို့၏ ၂၄ နာရီအတွင်း အများဆုံးမိုးရေချိန် ၀.၇၁ လက်မ ရှိနိုင်ပြီး မကွေးမြို့အတွက် ယခု ၁ ပတ်အတွင်း မိုးအများဆုံးနေ့ဖြစ်နိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၆°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် ခံစားရသည့်အပူချိန်(Feels Like Temperature)၄၀°C ရှိနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆ ၆၀% မှ ၈၀% အတွင်းမှာရှိနိုင်ပြီး နံနက်ပိုင်းနှင့် ညပိုင်းအချိန်များမှာ စိုထိုင်းဆ အမြင့်ဆုံးဖြစ်နေနိုင်ပါမယ်။ 

    မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI level) 30 ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးမည့်တောင်သူများအတွက် 

    ကိုင်းဖျားခြောက်ရောဂါကာကွယ်ရန် စိုက်ပျိုးနည်းအကြံပေးချက် 

    ငရုတ်ကိုင်းဖြားခြောက်ရောဂါမှာ မျိုးစေ့ဆောင်ရောဂါဖြစ်ပြီး ငရုတ်အပွင့်တွင် ကျပါကအပွင့်ညှိုး၍ ငိုက်ကျလာပြီး တဖြည်းဖြည်းခြောက်ကာ ကြွေကျသွားသည်။ အပွင့်မှပွင့်ညှာကိုဖြတ်၍ ကိုင်းအထိကူးစက်ပါက ကိုင်းဖျားခြောက်ရောဂါဖြစ်စေသည်။ ကိုင်းဖျားမှ ကိုင်းခွအထိခြောက်ကာ ကိုင်းတစ်ခြမ်း (သို့) တစ်ကိုင်းလုံးခြောက်သွားနိုင်သည်။ ရင့်မှည့်သည့်အသီးပေါ်တွင် ဦးစွာရေစိုနာကွက်ဖြစ်၍ တဖြည်းဖြည်းကျယ်ပြန့်လာကာ နီညိုရောင်ပြောင်းသွားသည်။ အနာကွက်ပေါ်တွင် အဖုငယ်များကိုစက်ဝိုင်းပုံအရစ်များအဖြစ်တွေ့ရပြီး ရောဂါပြင်းထန်ပါက အသီးအတွင်းပိုင်း တွန့်ရှုံ့နေမည်ဖြစ်သည်။ ငရုတ် ကိုင်းဖျားခြောက်ရောဂါ ဖြစ်ပါက ဆုံးရှုံးမှု ၃၀-၅၀% ထိရှိနိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    ရောဂါကင်းသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးပါ။ 

    ပုလဲမြေသြဇာသီးသန့်ကျွေးခြင်း၊ အပင်ကြီးထွားမြန် ဟော်မုန်းဆေးများဖျန်းခြင်းအား ရောဂါရှိနေစဉ်သုံးခြင်းရှောင်၍ ပိုတက်ရှ်အချိုးမြင့်သော မြေသြဇာကို ကျွေးပေးပါ။ 

    ပေါင်းပင်များသည်ရောဂါလက်ခံပင်ဖြစ်နိုင်သဖြင့် ပေါင်းရှင်းထားဖို့လိုပါသည်။ 

    ဓာတုဆေးအနေဖြင့် Azoxystrobin၊ Difenoconazole၊ Trifloxystrobin နှင့် Tebuconazole ဆေးများပါဝင်သော မှိုသတ်ဆေးများအသုံးပြုနိုင်သည်။ 

    ငါးကန်ရေနောက်ကျိခြင်း ပြုပြင်နည်းအကြံပြုချက် 

    ယခုချိန် မိုးရာသီတွင် ကန်ရေများနောက်ကျိခြင်းကို ကြုံတွေ့ရတတ်ပါ သည်။ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ကန်ဘောင်မှရွံများ အရည်ပျော်ပြီး ကန်ရေနောက်ကျိတတ်ပါသည်။ ကန်အောက်ခြေနေထိုင်သောငါးများ များစွာထည့် သွင်းခြင်းကြောင့်၊ ငါးများလှုပ်ရှားမှုကြောင့်လည်း ကန်ရေနောက်ကျိတတ်ပါသည်။ 

    ကန်ရေ နောက်ကျိခြင်းကို အောက်ပါနည်းများဖြင့် ဖြေရှင်းနိုင်ပါကြောင်းအကြံပြုအပ် ပါသည်- 

    • ငါးမွေးကန်တဧကလျှင် ထုံး (၃၁)ပိဿာထည့်ပေးရန် 
    • ငါးမွေးကန်တဧက လျှင် ဂျစ်ပ်ဆမ် (၆၂)ပိဿာထည့်ပေးရန် 
    • ငါးမွေးကန်တဧကလျှင် ကျောက်ချဉ် (၁၅)ပိဿာ ထည့်ပးနိုင်ပါသည်။ 
    • ငါးမွေးကန်တဧကလျှင် ကောက်ရိုး (၆၂)ပိဿာကို (၁၀)ကျပ်သားခန့် အထုံးလေးများ ပြုလုပ်ပြီး ကန်ရေနေရာအနှံ့ ပစ်ချထားပေးပါ။ (၃)ရက်ခန့်အကြာတွင် အဆိုပါကောက်ရိုးထုံးလေးများကို ပြန်ဆယ်ယူပါ။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။

    -------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
4854
cover
cover
cover
cover
cover