စားအုန်းဆီ ရည်ညွှန်းဈေး ဆက်တိုက် မြင့်တက်လာ
- အခြေခံလူတန်းစားများ အဓိက ဝယ်ယူသုံးစွဲနေသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာကြောင်း သိရပါသည်။ - အဆိုပါ စားအုန်းဆီ ရည်ညွှန်းစျေးမှာ ဩဂုတ်လမှစ၍ တစ်ပတ်လျှင် ကျပ်၁၀၀ကျော်နှုန်းအထိ ဆက်တိုက် သလို မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ - လက်ရှိ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် - စက်တင်ဘာလ ၈ရက်နေ့ မှ ၁၄ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၂၀ ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်လိုက်ကြောင်း သိရပါသည်။ - ထို့ကြောင့် စက်တင်ဘာလ ပထမကအပတ်က တစ်ပိဿာလျှင် ၆၄၁၀ ကျပ်သာ ရှိခဲ့သောကြောင့် ယခုအပတ်ဖြင့် ယှဉ်ပါက ကျပ် ၁၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း တွေ့ရပါသည်။ - “သင်္ဃန်းကျွန်းမှာတော့ အိမ်ထောင်စုတစ်စု ဆီဝယ်စာအုပ် တစ်အုပ်ကို ၆၉၀၀ကျော် နဲ့ ရောင်းပေးနေတယ်။ ပြင်ပစျေးက သပ်သပ်ရှိတယ်။ ဒီစျေးနဲ့က အကန့်အသတ်နဲ့ရောင်းပေးတာ ဖြစ်လို့ လိုသလောက်မရဘူး။ အပြင်စျေးနဲ့လဲ ဝယ်သုံးနေရတယ်။ တစ်ပိဿာကို တစ်သောင်းကျော်တယ်။ “ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မ တစ်ဦးက ပြောသည်။ - ရန်ကုန်မြို့ ခွဲတမ်းရ ဆီဆိုင်များတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၆၉၅၂ ကျပ်ဖြင့် ရောင်းချပေးနေပြီး ပြင်ပ ပေါက်စျေးအနေဖြင့် တစ်ပိဿာလျှင် ၁၃၀၀၀ မှ ၁၄၅၀၀ကျပ် ပေါက်စျေးအထိ ရောင်းဝယ် ပြုလုပ်နေကြကြောင်းလည်း သိရသည်။ - ဆီဝယ်ခွင့်စာအုပ်ဖြင့် ဝယ်ယူသူတချို့မှာလည်း ကိုယ်တိုင် မသုံးပဲ ပြန်လည်ရောင်းချမှုများလည်းရှိသည့် အပြင် စားအုန်းဆီ လုံလောက်စွာဝယ်၍ မရသောကြောင့် ပြင်ပပေါက်စျေးမှာ - မြင့်တက်နေဦးမည် ဖြစ်ကြောင်းလည်း ကုန်သည်များ သုံးသပ်ကြသည်။ - ထို့အပြင် လျှပ်စစ်မီးပြတ်တောက်မူများကြောင့် ဆီစက်များ ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများရှိခြင်း၊ စက်သုံးဆီစျေးများ မြင့်တက်ခြင်းစသည့် အခက်အခဲများကြောင့် စာအုန်းဆီအပြင် ပြည်တွင်းထုတ်ကုန်ဖြစ်သည့် နှမ်းဆီ၊ မြေပဲဆီ စျေးနှုန်းများမှာလည်း အမြင့်စျေးတွင် ရှိနေကြောင်းသိရပါသည်။ - လက်ရှိတွင် ပြည်ပမှ တင်သွင်းရာတွင် အခက်အခဲမျိုးမျိုးရှိနေပြီး စားအုန်းဆီ အဓိကတင်သွင်းနေသည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် စျေးနှုန်းမြင့်တက်နေခြင်းကြောင့် အဆိုပါနိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းများ အပေါ် တွက်ချက်ကာ ပြည်တွင်း၌ ပြန်လည်ရောင်းချနေရခြင်းကြောင့် မြင့်တက်နေရခြင်းဖြစ်ကြောင်းလည်း လုပ်ငန်းရှင် တချို့ထံမှ သိရသည်။ - “ဆီစျေးက ဆက်တိုက်သလို တက်လာတာ။ ဩဂုတ်လကတည်း တစ်ပတ်ကို ၁၀၀ကျော် ကျပ် နှုန်း တက်နေတာ အခုထိဘဲ အခုဆို ၆၅၀၀ ကျော်နေပြီ ။ ဆီတင်သွင်းတဲ့ နိုင်ငံတွေမှာ ဆီ အထွက်နှုန်းနည်းလာသလို တင်သွင်းလို့ရတဲ့ ပမဏကလဲ နည်းလာတယ်။ ဒေါ်လာစျေးလဲ တက်တယ်။ နောက်ပြီး အရင်လို တင်သွင်းရတာလဲ မလွယ်ကူတော့ဘူးလေ။ “ ဟု ဆီလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ - စားအုန်းဆီအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ - ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိသောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ၇သိန်အား တင်သွင်းနေရခြင်း ဖြစ်သည်။ - ဖိုးချဲ(AMIA) - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
