cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်း စက်တင်ဘာလ ၁၅ ရက် မှ စက်တင်ဘာလ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “100” ရှိနိုင်ပြီး အဆုတ်ကျန်းမာရေးမကောင်းသူများအတွက် အန္တရာယ်ရှိနိုင်သောအဆင့်ဖြစ်ပါတယ်။
  • အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပါတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ 

    ·          ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၅၀၀၀ နှင့် အထက်မှ လေပွေလှိုင်းဖြစ်ပေါ်နိုင်သည်မှအပ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်ရန် မရှိပါ။ 

    ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ရန်ကုန်တိုင်း စက်တင်ဘာ ၁၅ ရက် မှ ၂၁ ရက် အထိ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေ ၃ လက်မခန့်ရှိနိုင်သည်။ 

    ·          မြို့နယ်အားလုံးတွင် နေ့စဉ် ၂၄ နာရီအတွင်း ပျမ်းမျှမိုးရေချိန် ၀.၅ လက်မအောက်ရွာနိုင်ပြီး၊ 

    ·          ယနေ့မှစ၍ နောက်လာမည့် ၁၀ ရက် နောက်ပိုင်းမှ မိုးပြန်များလာနိုင်ပါဦးမည်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၈°C အထိရှိနိုင်ပါမယ်။ 

    ·          ယခု ၁ ပတ်အတွင်း တောင်/အနောက်တောင်နှင့်အရှေ့တောင်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၅ ခန့်အထိ ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂.၅ ပေ ခန့်ရှိနိုင်ပါတယ်။ 

    ·         ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၈၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်နှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၁၀၀% ရှိနိုင်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “100” ရှိနိုင်ပြီး အဆုတ်ကျန်းမာရေးမကောင်းသူများအတွက် အန္တရာယ်ရှိနိုင်သောအဆင့်ဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့.... 

    • ရိတ်သိမ်းချိန်တွင် သတိပြုရမည့်အချက်များကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • စပါးရိတ်သိမ်းချိန်တွင် မိုးရွာနိုင်ချေ ရှိ၊မရှိသေချာစစ်ဆေးပါ။ 
    • အနှံစေ့များအစိုဓာတ် ၂၀-၂၅ ရာခိုင်နှုန်းရှိချိန် (သို့မဟုတ်) အနှံအစေ့ပမာဏ ၈၀-၈၅ ရာခိုင်နှုန်းကောက်ရိုးရောင်ပြောင်းချိန်နှင့် အနှံအောက်ပိုင်းရှိ အစေ့များမာချိန်တွင် ရိတ်သိမ်းပါ။ 
    • ဆန်ကွဲများစွာမရစေရန် အစေ့ခြွေခြင်းနှင့် အခြောက်ခံခြင်းတို့ကို စပါးရိတ်သိမ်းပြီးပြီးချင်း တစ်ပြိုင်တည်းဆောင်ရွက်ပါ။ 
    • အခြောက်ခံရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းထိရောက်အောင် အခြောက်ခံပါ။ 
    • အခြောက်ခံရတာတွင် လေ၏အပူချိန်သည် ( ၄၃ ဒီဂရီစင်တီဂရိတ်) ထက်မပိုပါစေနဲ့။ 
    • စပါးကိုလွန်ကဲစွာအခြောက်ခံမိပါက အစိုပြန်ခြင်းများဖြစ်ပေါ်နိုင်ပြီး တစ်ဆက်တည်းမှာပဲ ဆန်သားတွင် အက်ကြောင်းထင်ခြင်း၊ အကျိုးအကြေများခြင်းများဖြစ်နိုင်ပါတယ်။  

    ပရိုတိန်းများသော ငါး၊ ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း 

    ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။ 

    ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။  

    ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။ အစာစပ်နည်းအပြည့်အစုံလေ့လာရန် - https://htwettoe.com/post/58358 

    -------- 

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
5
comments
0
views
4117
cover
cover
cover
cover
cover