cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း စက်တင်ဘာလ ၁၉ ရက် မှ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
၇ ရက်အတွင်း မိုးရေချိန် ၃ လက်မနှင့်အထက် ရွာသွန်းနိုင်သည့် မြို့နယ်များ - အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး မြို့နယ်များ၊ ပြင်ဦးလွင်နှင့် သပိတ်ကျင်းမြို့နယ်များမှာ ၄.၅ လက် မ မှ ၅ လက်မအထက်ရွာနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·          တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း MITAG(99W)သည် စက်တင်ဘာ ၁၉ ရက်နေ့ညမှာ ဟောင်ကောင်အရှေ့ဘက်မှ တရုတ်ပြည်မကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် Guangzhou ပြည်နယ်ပေါ်မှာ အားပျော့သွားပြီးနောက် မုန်တိုင်းအကြွင်းအကျန်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပါမည်။ 

    ·          MITAG ၏ နောက်မှ INVEST-90W သည် ၁၉ ရက် နံနက်ပိုင်းတွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်း(Tropical Depression)အဆင့်သို့ စတင်ရောက်ရှိလာနိုင်ပြီး ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနှင့် ထိုင်ဝမ်ကျွန်းကြားမှဖြတ်သန်း၍ တောင်တရုတ်ပင်လယ်သို့ဝင်ရောက်စဉ် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း(Category-3 Typhoon) ဖြစ်လာနိုင်ကြောင်း ECMWF Model မှ ခန့်မှန်းထားပါတယ်။ 

    ·          ECMWF model ကြိုတင်ခန့်မှန်းချက်များအရ စက်တင်ဘာလ ၂၆ ရက် ညပိုင်းမှာ ဗီယက်နမ်နိုင်ငံကမ်းခြေမြောက်ပိုင်းကို မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ - မြေပုံညွှန်း 20.004N, 106.200E မှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။ 

    စက်တင်ဘာလ ၁၉ ရက် မှ ၂၅ ရက်အထိ ၇ ရက်အတွင်း မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          မန္တလေးမြို့ပေါ်မြို့နယ်များမှ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန် မြို့နယ်များမှာ ၇ ရက်အတွင်းအများဆုံးရွာသွန်းရရှိနိုင်သည့်မိုးရေချိန် ၃.၂ လက်မ ရှိနိုင်ပါမယ်။ 

    ·          ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မနှင့်အထက် ရွာသွန်းနိုင်သည့် မြို့နယ်များ - အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး မြို့နယ်များ၊ ပြင်ဦးလွင်နှင့် သပိတ်ကျင်းမြို့နယ်များမှာ ၇ ရက်မိုးရေချိန် ၄.၅ လက် မ မှ ၅ လက်မအထက်ရွာနိုင်ပါမယ်။

    ·          မန္တလေးတိုင်းအတွင်းမှ ကျန်မြို့နယ်များတွင် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၃ လက်မ အောက်မှာသာ ရှိနိုင်ပါမယ်။ 

    ·          တိုင်ဖွန်းမုန်တိုင်းဖြစ်လာမည့် 90W ကုန်းတွင်းဝင်ရောက်ချိန်(စက်တင်ဘာလ ၂၆ ရက် ည)နှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်အဆင့်ထိရောက်လာနိုင်)တို့၏ သက်ရောက်မှုများကြောင့် ပြောင်းလဲနိုင်မည့် မိုးရွာနှုန်းများကို သတိထားစောင့်ကြည့်စေလိုပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၃°C မှ ၂၅°C အထိရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၀°C(ပြင်ဦးလွင်) မှ ၂၅°C(ပုဂံ-ညောင်ဦး) အတွင်းမှာ ရှိနိုင်ပါတယ်။ မန္တလေးတိုင်းရဲ့ ပျမ်းမျှအပူချိန်အနည်းငယ်ကျဆင်းလာနိုင်ပါတယ်။ 

    ·          တောင်ဘက်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၂ မိုင်ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆ ၆၀% မှ ၉၀% အတွင်းရှိနေနိုင်ပါမယ်။ လေထုစိုထိုင်းဆမြင့်မားနေချိန်မှာ ခံစားရတဲ့အပူချိန် (Feels like temperature)၃၉°C ရှိနိုင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value က ၃၅ ဝန်းကျင်မှာရှိနေနိုင်တာကြောင့် အန္တရာယ်မရှိပါ၊ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မန္တလေးတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံစိုက်ပျိုးတောင်သူများအား ငမြောင်တောင်ပိုးကျရောက်မှုမှ ကာကွယ်ရန်အကြံပြုချက် 

    ငမြှောင်တောင်သည် ပဲပင်တစ်ပင်လုံးကို နွားစားထားသကဲ့သို့ ငုတ်တို ရိုးပြတ်များ ဖြစ်အောင်ဆိုးဝါးစွာ ဖျက်ဆီးတတ်သည်။ အပင်ကြီးမှာကျလျှင် ဥမြုံတစ်ခုမှ ပေါက်သည့် လောက်ကောင်ငယ် (၁၀၀-၃၀၀) သည် အရွက်၏ အစိမ်းရောင်အပိုင်းကို ခြစ်၍ စားသောက်သည်။ လောက်ကောင် ကြီးလာပါကအရွက်၊ အပွင့်၊ အသီး၊ အစေ့များကို ကိုက်ဖြတ် စားသောက်သည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • မျိုးရင်းမတူညီသော သီးနှံများဖြင့်သီးလှည့်စိုက်ပေးပါ။ 
    • ပိုးများ ခိုအောင်းရာ ပေါင်းမြက်များရှင်းလင်းခြင်း၊ 
    • ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိူးခြင်း၊ 
    • ငမြောင်တောင်ကောင်များကို ရှာဖွေတွေ့ရှိပါက လက်ဖြင့်ဖမ်းယူဖယ်ရှားခြင်း၊ 
    • အဖူး၊ အပွင့်ဝင်ချိန်များတွင် Emamectin Benzoate၊ Lambda Cyhalothrin၊ Indoxacarb ကဲ့သို့သော အဆိပ်ရှိပိုးသတ်ဆေးများကို ၁၅ ရက်ခြားတစ်ကြိမ် ပက်ဖြန်းပေးပါ၊  

    ငါးကန်ရေမျက်နှာပြင် အနီရောင်ဖြစ်လာခြင်းအတွက် အကြံပြုချက်  

    ရာသီဥတုပြောင်းလဲခြင်းတို့နှင့် အဝီစိတွင်းရေ သုံးသောငါးမွေးကန်များတွင် ကန်ရေ၏ မျက်နှာပြင်ပေါ်တွင် အနီရောင်အလွှာများ ဖြစ်ပေါ်တတ်ပါသည်။ အဆိုပါအခြေအနေတွင် ထုံးပက်မိပါက ကန်ရေချဉ်ဖန်နှုန်း မြင့်တက်ခြင်းများ နှင့် ကန်ရေအနီရောင် ရင့်လာခြင်းများပိုမိုလာပြီး ငါးများအတွက် ထိခိုက်နိုင်ပါသည်။ ကန်ရေအနီရောင် အလွှာဖြစ်ပေါ်လာပါက အောက်ပါအတိုင်း ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။  

    • ကောင်ရိုး (သို့မဟုတ်) ငှက်ပျောရွက်တို့ဖြင့် ပြုလုပ်ထားသည့် ကြိုးဖြင့် အနီရောင် အလွှာကို ဖယ်ရှားနိုင်သည်။  
    • တစ်ဧကအတွက် ပုလဲဓါတ်မြေဩဇာ (၆)ပိဿာမှ (၁၀)ပိဿာကို ၁၀ရက်ခြား (သို့မဟုတ် ၁၂ ရက် ခြားခန့် (၂)ကြိမ်မှ (၃)ကြိမ် ထည့် ပေးပါ။ (သို့မဟုတ်) ကျောက်ချဉ် (၆)ပိဿာ ထည့်ပေးပါ။ 

    အပြည့်အစုံလေ့လာရန် - https://htwettoe.com/post/58453 

    -------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
likes
4
comments
0
views
4694
cover
cover
cover
cover
cover