ပဲခူးတိုင်း စက်တင်ဘာလ ၂၃ ရက် မှ စက်တင်ဘာလ ၂၉ ရက်အထိ မိုးလေဝသအခြေအနေ
- အရှေ့/အနောက်ပင်လယ်ပြင်တို့မှ ထူးခြားသောမိုးလေဝသအခြေအနေများ စက်တင်ဘာ ၂၂ ရက် ည ၁၀ နာရီ UPDATE - · စက်တင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ည ၉ နာရီမှာ တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာသည့် စူပါတိုင်ဖွန်းမုန်တိုင်း(Super Typhoon – ST)RAGASA သည် စက်တင်ဘာ ၂၃ ရက် နေ့လည်တွင် အားအလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်း(Very Strong Typhoon – VST)အဖြစ်အားလျော့သွားပြီး တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်းကို တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဦးစွာဖြတ်ကျော်ပါမည်။ - · စူပါတိုင်ဖွန်းမုန်တိုင်း RAGASA ၏ အရွယ်အစား အချင်းမိုင် ၇၀၀ နှင့် မုန်တိုင်းမျက်စေ့အချင်း ၃၃.၂ မိုင်ရှိကြောင်း အပြည်ပြည်ဆိုင်ရာမုန်တိုင်းလေ့လာစောင့်ကြည့် ဆန်းစစ်၊ အတည်ပြုဌာနများမှ ထုတ်ပြန်ထားပါတယ်။ - · ဟိုင်နန်ကျွန်းကိုဖြတ်ကျော်အပြီး ဗီယက်နမ်နိုင်ငံအရှေ့မြောက်ဘက်ကမ်းခြေအား CamPha မြို့၏ အရှေ့မြောက်ဘက် ၁၀ ခန့်မှ စက်တင်ဘာ ၂၄ ရက်ညတွင် ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ချက်ချင်းအားလျော့သွားနိုင်မည်ဖြစ်ကြောင်း JTWC မှ ခန့်မှန်းထားပါတယ်။ - · တိုင်ဖွန်းမုန်တိုင်း RAGASA ၏အကြွင်းအကျန်များသည် လာအိုနိုင်ငံအရှေ့မြောက်ပိုင်းသို့ စက်တင်ဘာလ ၂၆ ရက် နေ့လည်ပိုင်းတွင်ရောက်ရှိလာနိုင်ပြီး အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းရပါတယ်။ - · ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနဲ့ မြန်မာ-ရခိုင်ကမ်းရိုးတန်းအနီးမှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းသည် စက်တင်ဘာလ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးနောက် မြောက်အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပါတယ်။ - · ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ နောက်ထပ်လေဖိအားနည်းရပ်ဝန်းအသစ်တခု စက်တင်ဘာလ ၂၅ ရက်နေ့မှာဖြစ်ပေါ်နိုင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် အန်ဒရာပရာဒက်ရှ် ပြည်နယ်ကမ်းခြေအနီးတွင် စက်တင်ဘာ ၂၆ ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)အဖြစ်ပိုမိုအားကောင်းလာနိုင်ကာ စက်တင်ဘာ ၂၇ ရက်နေ့တွင် ဩရိဿပြည်နယ်တောင်ပိုင်းနှင့် အန်ဒရာပရာဒက်ရှ် ပြည်နယ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ - · မုန်တိုင်းအကြွင်းအကျန်များ(Typhoon Remnants)နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းများကြောင့် အားကောင်းနေသည့် မုတ်သုံလေတို့ကြောင့် စက်တင်ဘာလ ၂၃ ရက် မှ ၂၉ ရက်အထိ ၇ ရက်အတွင်း မြန်မာတနိုင်ငံလုံးတွင်မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။ - · ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်တို့တွင် ၇ ရက်အတွင်း မိုးရေချိန် အများဆုံး ၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ပါမယ်။ - · ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း(အရှေ့+အနောက်)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့်မိုးရေချိန် ၁၀ လက်မ မှ ၁၄ လက်မခန့်အထိရှိနိုင်ပြီး၊ မုတ်သုံမိုးအားအနည်းအများနှင့် မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်မှု အနည်းအများပေါ်မူတည်ကာ ဒေသအလိုက် မိုးအနည်းအများကွာနိုင်ပါတယ်။ - · ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ မုတ်သုံမိုးရွာသွန်းမှု+မုန်တိုင်းအကြွင်းအကျန်ဝင်ရောက်မှု ပိုများနိုင်ပြီး၊ ၇ ရက်အတွင်း ၁၄ လက်မခန့် အထိ ရွာသွန်းရရှိနိုင်ပါမယ်။ - https://disasterinfo.mmweather.org/ - ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - · ပဲခူးတိုင်းအရှေ့ခြမ်း/အနောက်ခြမ်းဒေသအားလုံးမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး နေရာကွက်၍ မိုးများနိုင်ပါတယ်။ - · ပဲခူးတိုင်းအရှေ့ခြမ်းမှ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ရွှေကျင်-ကျောက်ကြီး ဒေသတွေမှာ ပဲခူးရိုးမနဲ့ ကရင်-ပဲခူးနယ်စပ်တောင်ကြောများပေါ်မှ မိုးအားမြင့်စေသည့်အခြေအနေ(Orographic Lift Effect)/မိုးပြိုကျစေသည့်အခြေအနေများကြောင့် ၂၄ နာရီအတွင်း မိုးရေချိန် ၁.၆ လက်မ မှ ၃ လက်မခန့်အထိ မိုးရွာသွန်းနိုင် မိုးများနိုင်ပါတယ်။ - · ပဲခူးခရိုင်အတွင်းမှ ပဲခူး၊ ကဝ၊ ဝေါ၊ သနပ်ပင်မြို့နယ်တွေမှာ နေရာကွက်၍ မိုးသည်းထန်နိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၉ လက်မ ခန့်ရွာသွန်းရရှိနိုင်ပြီး မြို့တွင်း အနိမ့်ပိုင်းရပ်ကွက်အချို့မှာ ရေကြီးနိုင်ပါတယ်။ - · ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်မှ ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ ပန်းတောင်း မြို့နယ်တွေမှာ နေရာအနှံ့အပြားမိုးသည်းထန်နိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၇ လက်မကျော်ခန့် ရွာသွန်းနိုင်ပါတယ်။ - · ပဲခူးတိုင်းအနောက်ပိုင်းမှ ပဲခူး- သာယာဝတီခရိုင်နယ်နိမိတ်အနီးဒေသတွေမှာ မိုးရေချိန်ရရှိမှုနည်းနိုင်သော်လည်း နေရာကွက်၍မိုးများနိုင်ပါတယ်။ - · တောင်ငူ၊ ဖြူးနှင့် ကျောက်ကြီးခရိုင်/မြို့နယ်များအတွင်း မိုးရက်ဆက်ရွာသွန်းနေနိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ပဲခူးတိုင်းတခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၄၁°C အထိရှိနိုင်ပါမယ်။ - · လေထုစိုထိုင်းဆအခြေအနေ နေ့လည်ဘက်မှာ ၆၀% အထိ ကျဆင်းနိုင်ပြီး နံနက်ခင်းနဲ့ ညနေ/ညအချိန်တွေမှာ ၁၀၀% ရှိနိုင်ပါမယ်။ - · လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ ၃၀ ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ - · ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၄ ပေခန့် ရှိနိုင်ပြီး၊ - ကုန်းတွင်းမှာ လေတိုက်နှုန်း တနာရီ ၂၀ မိုင်ခန့်နှင့်၊ မုတ္တမကွေ့အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၅ မိုင်ခန့်ရှိနိုင်ပါမယ်။ - Win Naing - Administration Team, - MMWEATHER, - ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် - အခုတစ်ပတ် မိုးရွာသွန်းမှုများနိုင်သဖြင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။ ကန်ဘောင်ပေါ်မှ ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကို ကြိုတင်ကာကွယ်နိုင်ပါသည်။ - ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် (သို့မဟုတ်) အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
