ပဲခူးတိုင်း စက်တင်ဘာလ ၃၀ ရက် မှ အောက်တိုဘာလ ၆ ရက်အထိ မိုးလေဝသအခြေအနေ
- အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပါတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ - တောင်တရုတ်ပင်လယ်မှ မုန်တိုင်းများ - · တိုင်ဖွန်းမုန်တိုင်း BUALOI မုန်တိုင်းအကြွင်းအကျန်များသည် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့မှ မြန်မာနိုင်ငံအရှေ့ပိုင်း(ရှမ်းပြည်နယ်အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့သို့ စက်တင်ဘာ ၂၉ ရက်နေ့မှ စတင်ပြီးဝင်ရောက်လျက်ရှိပါတယ်။ - · စက်တင်ဘာ ၃၀ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်လာတဲ့လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် ပေါင်းပြီး ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်တွေအထိ မိုးတိမ်များဆက်လက်ရွေ့လျားကာ စက်တင်ဘာ ၃၀ ရက်နေ့ ည မှ စတင်ပြီးကချင်ပြည်နယ်မှာ မိုးများလာနိုင်ပါမယ်။ - · အောက်တိုဘာလ ၁ ရက်နေ့မှာ၊ ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း Well-Marked LPA (WM-LPA)အဖြစ် ရောက်ရှိလာနိုင်ပါတယ်။ WM-LPA အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား၊ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ကာ တနင်္သာရီတိုင်းမြောက်ပိုင်းဒေသများ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း(အရှေ့+အနောက်)၊ မန္တလေးတိုင်း၊ မန္တလေးတိုင်းနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ဒေသအချို့မှာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။ - · အောက်တိုဘာလ ၃ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ အပူပိုင်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်တဲ့ မုန်တိုင်းနောက်တလုံးက ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ပြီး အောက်တိုဘာ ၄ ရက်နေ့မှာ တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာနိုင်ပါမယ်။ - · အောက်တိုဘာ ၅ ရက်နေ့မှာ တောင်ရုတ်ပင်လယ်အတွင်း အားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖြစ်လာပြီး အနောက်ဘက်၊ ဗီယက်နမ်နိုင်ငံဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF, GFS စသည့် သင်္ချာပုံစံပြု modelများမှ ကြိုတင်ခန့်မှန်းချက်များရှိနေပြီး မုန်တိုင်းအကြွင်းအကျန်တွေက မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကို အောက်တိုဘာလ ၇ ရက်နေ့မှာ ဝင်ရောက်လာနိုင်ပြီး၊ မြန်မာနိုင်ငံအတွင်း မိုးများနိုင်တဲ့ဒေသတွေ ရှိလာနိုင်ဦးမှာဖြစ်ပါတယ်။ - · GloFAS Reporting Points တွေမှ စက်တင်ဘာ ၂၉ ရက်နေ့တွင် ရရှိသည့် အချက်အလက်များအရ - အောက်တိုဘာ လလယ်ပိုင်းအတွင်း လာအို၊ ဗီယက်နမ်နှင့် ထိုင်းငံအတွင်းမှာ ရေကြီးနိုင်ခြင်းအတွက် သတိပေး level များမြင့်တက်နေပြီး မြန်မာနိုင်ငံဘက်မှာသံလွင်မြစ်ဝှမ်း - Sanlween Basin အတွင်းပါဝင်သည့် ရှမ်းပြည်နယ်အပါအဝင် တနိုင်ငံလုံးမှာ Flood Alert level(ရေကြီးနိုင်သည့်သတိပေချက်များ)လျော့ကျလာနိုင်မှာကို တွေ့ရပါတယ်။ - ပဲခူးတိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် စက်တင်ဘာ ၃၀ ရက် မှ အောက်တိုဘာလ ၆ ရက် အထိ(၇ ရက်အတွင်း)ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်များ - · ပဲခူးတိုင်းတခုလုံးမှာ ယခုတပတ်အတွင်း မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီးနေရာကွက်၍ မိုးများနိုင်ပါမယ်။ - · ပဲခူးတိုင်းအရှေ့ခြမ်းက ပဲခူး၊ ဒိုက်ဦး၊ ရွှေကျင်-ကျောက်ကြီး၊ ညောင်လေးပငိ၊ တောင်ငူ၊ သက္ကလ စတဲ့ မြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၇ လက်မခန့်အထိ ရွာသွန်းနိုင်ပါတယ်။ - · ပဲခူးတိုင်းအနောက်ခြမ်းမှ ပြည်၊ ကြို့ပင်ကောက်၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီစတဲ့ မြို့နယ်ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မခန့် (မိုးအသင့်အတင့်)ရွာနိုင်ပါမယ်။ - သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေများ - · မိုးထစ်ချုန်းရွာသွန်းပြီး လျှပ်စီး/မိုးကြိုးအန္တရာယ်ရှိနိုင်ဖြင့် မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်လျှင် အချိန်မီခိုလှုံရန်အတွက်နေရာရှာရန်နှင့်သစ်ပင်များအောက်တွင် မိုးခိုခြင်းသည် အန္တရာယ်ရှိကြောင်း သတိပြုရန်လိုပါမယ်။ - · ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ကျောက်ကြီး၊ ရွှေကျင် မြို့နယ်/ခရိုင်များရှိ အနိမ့်ပိုင်းလူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးနိုင်ပါတယ်။ - · တောင်ငူ၊ ကျောက်ကြီး၊ ရွှေကျင်ဒေသများနှင့် ပဲခူးရိုးမတောင်ကြောအနီးနေထိုင်သူများ တောင်ပြို/မြေပြိုနိုင်မည့်အန္တရာယ်ကို သတိပြုရပါမယ်။ - · မိုးများသောကြောင့် အချိန်တိုအတွင်းမြစ်ရေမြင့်တက်ပြီး၊ ရေကြီးနိုင်သည့် ပဲခူးမြစ်၊ စစ်တောင်းမြစ် မြစ်ဝှမ်းဒေသများ၊ ပန်လှိုင်းမြစ်အထက်ပိုင်းမှ မြို့ရွာများတွင် ရေနှုတ်မြောင်းများပိတ်ဆို့မနေစေရန် သတိပြုရပါမယ် - · ပဲခူးတိုင်းအတွင်းမိုးကောင်းပြီး မြေဆီလွှာစိုထိုင်းဆကောင်းစွာရရှိနိုင်မည်ဖြစ်သဖြင့် အနိမ့်ပိုင်းလယ်မြေများ/လယ်ကွင်းများမှရေဝပ်နိုင်သည့်နေရာများကို သတိထားစောင့်ကြည့်ပြီး၊ လိုအပ်ပါက အချိန်မီရေဖေါက်ထုတ်ခြင်းဖြင့် စိုက်ပျိုးမြေများရေမလွှမ်းစေရန် ပြင်ဆင်ထားကြဘို့ လိုပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ပဲခူးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၂၈ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၈°C အထိရှိနိုင်ပါမယ်။ - · ယခု ၁ ပတ်အတွင်း တောင်/အနောက်တောင်နှင့်အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၃၂ မိုင်ခန့်အထိ ရှိနိုင်ပြီး၊ မုတ္တမပင်လယ်ကွေ့အတွင်း၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၄ ပေ မှ ၅ ပေခန့်ရှိနိုင်ပါတယ်။ - ပဲခူးတိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၈၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၁၀၀% ရှိနိုင်ပါတယ်။ ယခု ၁ ပါတ်အတွင်း ပဲခူးတိုင်း၊ ပဲခူးမြို့အနီးဝန်းကျင်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “50” ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်သော အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ငါးကန်ရေအရည်အသွေးကောင်းစေရန် အကြံပြုချက် - ငါးကန်ရေ pH 7, 8 အနေအထားဖြစ်စေရန်၊မည်သည့်ဆေးဝါး များသုံးသင့်ပါသလဲဟု တောင်သူတစ်ဦးမှ မေးမြန်းချက်ကို ဆွေးနွေးဖော်ပြပေးလိုက်ပါတယ်။ - pH 7,8 အနေအထားအမြဲဖြစ်နေစေရန် ဆေးဝါးမရှိပါ။ ရေ၏ pHသည် 7 ဖြစ်နေပါက ရေသန့်လို့ ပြောလိုရပါတယ်။ တနည်း အားဖြင့် ရေထဲတွင် အက်စစ်ဓါတ်လည်းမရှိ၊ ထုံးဓါတ်လည်းမရှိလို့ ပြောလို့ ရပါတယ်။ ငါးမွေးမြူရေးလုပ်ငန်းတွင် အကောင်းဆုံးသော ရေ pH မှာ (၇.၅ မှ ၈.၅) အတွင်း ဖြစ်ပါသည်။ ကန်ရေ၏ pH သည်တနေ့တာအတွင်းပြောင်းလဲနေပါသည်။ မနက်ပိုင်း ၆နာရီတွင် PH အကျဆုံးဖြစ်ပြီး ၊ညနေ ၆နာရီသည် pH အတက်ဆုံးဖြစ်ပါသည်။ - ရေ pH 7,8 ရှိစေလိုပါက၊ ရေ၏ pH ကို နေ့စဉ်တိုင်းပေးပါ။ ၇ အောက်ရောက်နေပါက ထုံးကို ရေဖျော်ပြီးပက်ပေးပါ။ ၉ အထိနှင့် အထက်ရောက်နေပါက ပုလဲမြေသြဇာကို ရေဖျော်ပြီးပက်ပေးပါ။ - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
