ပဲခူးတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက်
- ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပန်းမုံလာစိုက်တောင်သူများထံသို့ - အော်တာနေးရီးယားရွက်ပြောက်ရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက်... - အော်တာနေးရီးယားမှိုကျရောက်ပါက အောက်ပိုင်းရှိအရွက်များပေါ်တွင် မီးခိုးဝါရောင်အကွက်များစတင်တွေ့ရပြီး အနာကွက်များတဖြည်းဖြည်းကျယ်ပြန့်လာကာ လက်ဗွေရစ်များပေါ်လာပြီး နောက်ပိုင်း အရွက်တစ်ခုလုံးဝါခြောက်သွားတတ်ပါတယ်။
- ရောဂါဖြစ်စေသက်ရှိမှိုသည် အေး၍စိုစွတ်သောအခြေအနေတွင် ရောဂါကျရောက်မှုပိုမိုပြင်းထန်တတ်တာကြောင့် ရောဂါကျရောက်သည်ကိုတွေ့ပါက-
- စိုက်ခင်းအစိုဓာတ်လျှော့ပါ၊ ပင်ခြေတွင်ရေမဝပ်စေရန် ဂရုပြုပါ။
- နိုက်ထရိုဂျင်သီးသန့်မြေဩဇာများ အလွန်အကျွံမထည့်ပါနဲ့။
- ရောဂါကျအပင်များကို နုတ်ယူဖယ်ရှားရှင်းလင်းပြီးမှ ဆေးဖျန်းခြင်းကိုလုပ်ဆောင်ပါ။
- အသုံးပြုနိုင်သောဓာတုမှိုသတ်ဆေးများ - Mancozeb, Chlorothalonil, Cymoxanil, Azoxystrobin+ Difenoconazole, Trifloxystrobin+ Tebuconazole
 - ပရိုတိန်းများသော ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း - ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။ - ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။ - ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။ အစာစပ်နည်းအပြည့်အစုံလေ့လာရန် - https://htwettoe.com/post/58358 - -------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
