cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် မွေးမြူရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။
  • ပဲခူးတိုင်း အောက်တိုဘာလ ၇ ရက် မှ အောက်တိုဘာလ ၁၃ ရက်အထိ မိုးလေဝသအခြေအနေ 

    တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်သည့် တိုင်ဖွန်းမုန်တိုင်း MATMO နောက်ဆက်တွဲအခြေအနေ 

    ·          ယခုစာရေးချိန်မှာ ကုန်းတွင်းကို ဒုတိယအကြိမ်ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကိုဖြတ်သန်းကာ တရုတ်ပြည်အနောက်မြောက်ပိုင်း၊ ယူနန်ပြည်နယ်အတွင်းသို့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ရွေ့လျားဝင်ရောက်နေဆဲ တိုင်ဖွန်းမုန်တိုင်း MATMO ၏ မုန်တိုင်းအပြင်ဘက်မိုးတိမ်များ ရွေ့လျားဝင်ရောက်ခြင်း၊  အားအသင့်အတင့်ရှိနေသော အနောက်တောင်မုတ်သုံလေနှင့်အတူအနောက်ဘက်မှ မိုးတိမ်များဆက်လက်ရွေ့လျားဝင်ရောက်လာခြင်း တို့ကြောင့် - 

    ·          မြန်မာနိုင်ငံတခုလုံးတွင် အောက်တိုဘာ ၁၁ ရက်အထိလည်းကောင်း၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် အောက်တိုဘာလ ၂၀ ရက်အထိ လည်းကောင်း မိုးအနည်းငယ်မှ မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနေနိုင်ပါမယ်။ 

    ·          အနောက်တောင်မုတ်သုံလေသည် မြန်မာတနိုင်ငံလုံးမှ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လုံးဝဆုတ်ခွာပြီးစီးနိုင်ကြောင်း သင်္ချာပုံစံပြု model များ၏ ကြိုတင်ခန့်မှန်ချက်များကို ကိုးကား၍ ခန့်မှန်းပါတယ်။ မုတ်သုံဆုတ်ခွာကြောင်းအတည်ပြုပုံများကို အိန္ဒိယမိုးလေဝသဌာနမှထုတ်ပြန်ကြေညာသည့်အခါ ထပ်မံတင်ပြပေးပါမယ်။ 

    ·          မုတ်သုံဆုတ်ခွာပြီးစီးသော်လည်း အောက်တိုဘာ ၁၇-၁၈ ရက်ဝန်းကျင်၌ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ပြီး၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။ 

    ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ပဲခူးတိုင်းအရှေ့ခြမ်း၊ ကရင်ပြည်နယ်နယ်စပ်နှင့်ထိစပ်နေသည့် စစ်တောင်းမြစ်ဝှမ်းတလျှောက်တောင်ကြောများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး၊ 

    ·          ပဲခူးတိုင်းအနောက်ခြမ်းမှ တောင်ငူ၊ ရွှေကျင်၊ ညောင်လေးပင်၊ ကညွတ်ကွင်း စသည့် မြို့နယ်ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအရှေ့ခြမ်းမှ ပြည်၊ သာယာဝတီ၊ ကြို့ပင်ကောက် မြို့နယ်/ခရိုင်များတွင်လည်း ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၂ လက်မအထက်ရှိနိုင်ကာ၊ 

    ·          ပဲခူးတိုင်းအနောက်ခြမ်းမှ ဆွာ၊ သက္ကလ၊ ဒိုက်ဦး၊ နှင့် ပဲခူးအနောက်ခြမ်းမှ လက်ပံတန်း၊ မင်းလှ၊ ပေါင်းတည်နှင့် နတ္တလင်း မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအောက် ရွာသွန်းရရှိနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ပဲခူးတိုင်းတခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၉°C အထိရှိနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆအခြေအနေ နေ့လည်ဘက်မှာ ၅၀% မှ ၆၀% အထိ ကျဆင်းနိုင်ပြီး နံနက်ခင်းနဲ့ ညနေ/ညအချိန်တွေမှာ ၉၀% မှ ၁၀၀% ရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ ၃၀ ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ 

    ·          ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁.၂ ပေခန့် ရှိနိုင်ပြီး၊  

    ကုန်းတွင်းမှာ တောင်/အရှေ့တောင်နှင့် အရှေ့ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်ခန့်နှင့်၊ မုတ္တမကွေ့အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပါမယ်။ 

      

    Win Naing 

    Administration Team, 

    MMWEATHER, 

     

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပန်းမုံလာစိုက်တောင်သူများထံသို့  

    အော်တာနေးရီးယားရွက်ပြောက်ရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက်... 

    • အော်တာနေးရီးယားမှိုကျရောက်ပါက အောက်ပိုင်းရှိအရွက်များပေါ်တွင် မီးခိုးဝါရောင်အကွက်များစတင်တွေ့ရပြီး အနာကွက်များတဖြည်းဖြည်းကျယ်ပြန့်လာကာ လက်ဗွေရစ်များပေါ်လာပြီး နောက်ပိုင်း အရွက်တစ်ခုလုံးဝါခြောက်သွားတတ်ပါတယ်။ 
    • ရောဂါဖြစ်စေသက်ရှိမှိုသည် အေး၍စိုစွတ်သောအခြေအနေတွင် ရောဂါကျရောက်မှုပိုမိုပြင်းထန်တတ်တာကြောင့် ရောဂါကျရောက်သည်ကိုတွေ့ပါက- 
    • စိုက်ခင်းအစိုဓာတ်လျှော့ပါ၊ ပင်ခြေတွင်ရေမဝပ်စေရန် ဂရုပြုပါ။ 
    • နိုက်ထရိုဂျင်သီးသန့်မြေဩဇာများ အလွန်အကျွံမထည့်ပါနဲ့။ 
    • ရောဂါကျအပင်များကို နုတ်ယူဖယ်ရှားရှင်းလင်းပြီးမှ ဆေးဖျန်းခြင်းကိုလုပ်ဆောင်ပါ။ 
    • အသုံးပြုနိုင်သောဓာတုမှိုသတ်ဆေးများ - Mancozeb, Chlorothalonil, Cymoxanil, Azoxystrobin+ Difenoconazole, Trifloxystrobin+ Tebuconazole 


    ပရိုတိန်းများသော ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း  

     

    ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။  

     

    ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။  

     

    ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။ အစာစပ်နည်းအပြည့်အစုံလေ့လာရန် - https://htwettoe.com/post/58358  

     

    -------- 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။ 


  • article
  • article
  • article
likes
3
comments
1
views
3428
cover
cover
cover
cover
cover