cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း နိုဝင်ဘာ ၂၇ ရက် မှ ဒီဇင်ဘာ ၃ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ဆောင်းဝင်လာတာကြောင့် ငါးမွေးမြူသူများ ရောဂါကျရောက်မှု သတိထားရန် လိုအပ်ပါသည်။ ဘက်တီးရီးယားကြောင့်ဖြစ်သော ငါးအနီစက်ရောဂါကျရောက်ပါက ငါးများတွင် အနီစက်များဖြစ်လာခြင်း၊ လှုပ်ရှားမှုနှေးလာခြင်း၊ အစာ စားနည်းလာခြင်း၊ ဆူးတောင်တွေမဖြန့်တော့ခြင်း၊ ကူးခက်တာ ပုံမမှန်ခြင်းများ ဖြစ်တတ်ပါသည်။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ 

    ·          ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း မလက္ကာရေလက်ကြားတွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်းငယ် (DEPRESSION) သည် Cyclonic Storm(ဆိုင်ကလုန်းမုန်တိုင်း SENYAR)ဖြစ်လာပြီး အင်ဒိုနီးရှားနိုင်ငံ စုမတြာကျွန်းကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက် နိုဝင်ဘာ ၂၆ ရက် ညမှာ အားပျော့ပျက်ပြယ်သွားတော့မှာဖြစ်ပါတယ်။ ကပ္ပလီပင်လယ်တောင်ပိုင်း မလက္ကာရေလက်ကြားက Cyclonic Storm - "SENYAR" ကို စိုးရိမ်စရာမလိုတော့ကြောင်း တင်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာနိုင်ငံတောင်ပိုင်းမှ လေဖိအားနည်းရပ်ဝန်း(96B)သည် သိသာထင်ရှားသော-လေဖိအားနည်းရပ်ဝန်း ဖြစ်နေပြီး၊ ထိုမှတဆင့် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်(DEPRESSION) အဖြစ်ပိုမိုအားကောင်းလာပြီး မြောက်-အနောက်မြောက်ဘက်၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းဆီသို့ ဆက်လက်ရွေ့လျားနိုင်ပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 33W (ဖိလစ်ပိုင်အမည် VERBENA) သည် အနောက်-အနောက်မြောက်အရပ်သို့ဆက်လက်ရွေ့လျားလျှက်ရှိပြီး ဂျပန်နိုင်ငံမှပေးသည့်အလှည့်ကျအမည် “KOTO”ဟု ရရှိပြီးနောက် အားကောင်းသောအပူပိုင်းမုန်တိုင်း - Severe Tropical Storm အဖြစ်ရှိနေပြီး အနောက်ဘက်(ဗီယက်နမ်ကမ်းခြေဘက်)သို့ဆက်လက်ရွေ့လျားရင်း ယနေ့ (၂၆ ရက်) ညမှာ CATEGORY-1 တိုင်ဖွန်းမုန်တိုင်းဖြစ်လာပါမယ်။ 

    ·          တိုင်ဖွန်းမုန်တိုင်း KOTO(33W)သည် ဒီဇင်ဘာ ၁ ရက်နေ့မှာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် မုန်တိုင်းအကြွင်းအကျန်များသည် ကမ္ဘောဒီယားနိုင်ငံမှတဆင့် ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းအထိဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF model ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်ဘက်မှ မုန်တိုင်းများကြောင့် မြန်မာနိုင်ငံအပေါ်မည်သည့်သက်ရောက်မှုမှ ရှိနိုင်မည်မဟုတ်ဘဲ Ventusky, Icon Model ကြိုတင်ခန့်မှန်းချက်အရ နိုဝင်ဘာ ၂၇ ရက် မှ ဒီဇင်ဘာ ၃ ရက်အထိ မြန်မာနိုင်ငံတွင် မိုးရွာနိုင်မည့်အခြေအနေမရှိပါ။ 

    ·          မြန်မာ့ကမ်းနီးပင်လယ်ပြင်များတွင် နိုဝင်ဘာ ၂၉ ရက်နေ့၌ လှိုင်းအမြင့်ဆုံး ၃ ပေ မှ ၄ ပေခန့်၊ လေတိုက်နှုန်း ၁ နာရီ ၁၅ မိုင်မှ မိုင် ၃၀ ခန့်ရှိနိုင်ပါတယ်။ 

    ဧရာဝတီတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ(Soil Moisture) နှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ဧရာဝတီတိုင်းအတွင်း နိုဝင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ အမြင့်ဆုံးပျမ်းမျှနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၁°C ရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းမြောက်ပိုင်းမှ မြန်အောင်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၁°C ရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းအလယ်ပိုင်းမှ ကျောင်းကုန်း၊ ပန်းတနော်၊ ဓနုဖြူ၊ အသုတ်၊ ညောင်တုန်း စတဲ့ မြို့တွေမှာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၁°C ရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းတောင်ဘက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှ မြို့/ရွာတွေမှာလဲ အမြင့်ဆုံးနေ့အပူချိန် ၂၈°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၁°C ရှိနိုင်ပါမယ်။

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၃၀% အထိ ကျဆင်းနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၇၀% မှ ၁၀၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၂၉% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၅၈% ခန့် ရှိနိုင်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသတွေမှာ မြေဆီလွှာစိုထိုင်းဆပိုနိုင်ပြီး မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၇၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၈၅% ခန့် ရှိနိုင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ၈၀ ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ 

    ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့်မြောက်ဘက်အရပ်များမှ နေ့စဉ်ပျမ်းမျှလေတိုက်နှုန်း အများဆုံး တနာရီ ၁၀ မိုင်မှ ၂၀ မိုင်ခန့်ရှိနိုင်ပြီး အနည်းဆုံးပျမ်းမျှလေတိုက်နှုန်း တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးအနီစက်ရောဂါ ကာကွယ်ကုသနည်း 

    ဆောင်းဝင်လာတာကြောင့် ငါးမွေးမြူသူများ ရောဂါကျရောက်မှု သတိထားရန် လိုအပ်ပါသည်။ ဘက်တီးရီးယားကြောင့်ဖြစ်သော ငါးအနီစက်ရောဂါကျရောက်ပါက ငါးများတွင် အနီစက်များဖြစ်လာခြင်း၊ လှုပ်ရှားမှုနှေးလာခြင်း၊ အစာ စားနည်းလာခြင်း၊ ဆူးတောင်တွေမဖြန့်တော့ခြင်း၊ ကူးခက်တာ ပုံမမှန်ခြင်းများ ဖြစ်တတ်ပါသည်။  

    ထို့ကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရန် ငါးကန်တဧက ဆား ၇.၅ ပိဿာနှင့် ထုံး ၇.၅ ပိဿာ ထည့်ပေးရန် လိုအပ်သည်။ ရောဂါကျရောက်နေပါက ငါးကန်တဧက ဆား ၁၅ ပိဿာနှင့် ထုံး ၁၅ ပိဿာ ထည့်ပေးရန် လိုအပ်သည်။ 

    ----------          

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12          

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို          

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.          

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
17
comments
0
views
2805
cover
cover
cover
cover
cover