cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရမ်းချဉ်သီးစျေးနှုန်း ပြန်လည်မြင့်တက်လာ

. ဈေးကွက်သတင်းများ
ပြည်တွင်း ကုန်စိမ်းသီးနှံစျေးကွက်မှာ ခရမ်းချဥ်သီးစျေးကွက်က မြင့်တက်လာပြီး တစ်ပိဿာကို ၃၀၀၀ ကျပ် စျေးတန်းရှိလာတယ်လို့ ရှမ်းတောင် ကုန်သည်တွေဆီက သိရပါတယ်။
  • လက်ရှိ ရှမ်းတောင်မှာ ခရမ်းချဥ်သီး အထွက်နှုန်းနည်းလာပြီး ဗမာခရမ်းချဥ်သီးတွေလည်း စျေးကွက်ထဲ ဝင်ရောက်နိုင်ခြင်း မရှိသေးတဲ့အတွက် နိုဝင်ဘာလမှာ ခရမ်းချဥ်သီး စျေးနှုန်းမြင့်တက်လေ့ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာ  ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၃၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၂၇၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာ ၂၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ လက်လီစျေးကွက်မှာတော့ ခရမ်းချဥ်သီး တစ်ပိဿာကို ၄၀၀၀ မှ ၅၀၀၀ ကျပ်အတွင်း စျေးရှိတယ်လို့ သိရပါတယ်။

    "နှစ်တိုင်း ဒီအချိန်ဆို စျေးတက်ပါတယ်။ ခုချိန်က နယ်စုံကနေ ခရမ်းချဥ်တွေ မထွက်သေးဘူးလေ။ ရှေ့လလောက်ဆိုရင်တော့ ပြန်ကျနိုင်မယ့် အခြေအနေရှိတယ် " လို့ ရှမ်းတောင် ခရမ်းချဥ်သီး ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးမှ ပြောပါတယ်။

    ခရမ်းချဥ်သီး စျေးနှုန်းသည် ယခုနိုဝင်ဘာ တတိယပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၇ ရက်မှစပြီး စျေးတက်လာတာ ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့ က ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၂၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၁၈၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာ ၁၅၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ 

    နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်နေ့အတွင်းမှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၁၈၀၀  ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၁၅၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာကို ၁၂၀၀ ကျပ်သာရှိခဲ့တယ်လို့ သိရပါတယ်။

    ဒါကြောင့် ဆယ်ရက်အတွင်းမှာ ခရမ်းချဥ်သီး တစ်ပိဿာကို ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်နှုန်းစီ မြင့်တက်လာတာ ဖြစ်ပါတယ်။

    " စျေးက တက်လာတယ်ဆိုပေမယ့် အရင်နှစ်ဒီအချိန်နဲ့ ယှဥ်ရင် အခုစျေးက တက်တယ်လို့ပြောမရပြန်ဘူး.။ မနှစ်ကခုထက် စျေးအတော်များခဲ့တယ်။ မနှစ်တုန်းကတော့ သဘာဝဘေးကြောင့် ခရမ်းချဥ်ပျက်တာလဲ ပါတာပေါ့ " လို့ ခရမ်းချဥ် စိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

    ယခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပေါ်နေတဲ့ ခရမ်းချဥ်သီး စျေးနှုန်း က ယခင်နှစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရဲ့ ခရမ်းချဥ်သီး စျေးနှုန်းနဲ့ ယှဥ်ပါက ထက်ဝက်လောက် လျော့ကျနေတယ်လို့ သိရပါတယ်။

    ပြီးခဲတဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်တုန်းကဆိုရင် ရှမ်းပြည်နယ်အောင်ပန်း ကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၆၀၀၀ ကျပ်၊ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၅၈၀၀ ကျပ်နဲ့ခရမ်းချဥ်သီးတစ်ပိဿာ ၅၀၀၀ ကျပ်အထိ ရှိခဲ့ပါတယ်။

    မစံပယ်(AMIA)

    ----------          

    မိုးလေဝသအဖွဲ့ဝင်ရန် - 

    https://htwettoe.com/organization/12

              သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို          

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.          

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
13
comments
0
views
1541
cover
cover
cover
cover
cover