cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် နိုဝင်ဘာ ၂၉ ရက် မှ ဒီဇင်ဘာ ၅ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၂°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၆°C အထိကျဆင်းနိုင်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·         နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းဖြတ်ကျော်တိုက်ခတ်လျှက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း DITWAH သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းပင်လယ်ပြင်တွင် တမီလ်နာဒူးပြည်နယ်ကမ်းရိုးတန်းအတိုင်း မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ 

    ·         တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း KOTO သည် ဒီဇင်ဘာ ၂ ရက် ညပိုင်းမှာ ဗီယက်နမ်တောင်ပိုင်းကမ်းခြေကို NHA THRAN အနီးမှဖြတ်ကျော်ဝင်ရောက်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှာပဲ အားပျော့ပျက်ပြယ်သွားနိုင်မယ်လို့ ခန့်မှန်းထားပြီး တောင်တရုတ်ပင်လယ်အတွင်းတွင် မုန်တိုင်းအသစ် ၁ လုံး ထပ်မံဖြစ်ပေါ်လာနိုင်တဲ့ ကြိုတင်ခန့်မှန်းချက်က ဆက်လက်တည်ရှိနေပါတယ်။ 

    ·         မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်လာနိုင်မည့်အခြေအနေမရှိတော့၍ မိုးရွာသွန်းနိုင်သည့်အခြေအနေလည်း မရှိတော့ပါ။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် အနိမ့်ဆုံးညအပူချိန်များ ၁၀°C အောက်အထိဆက်လက်လျော့ကျနိုင်ပြီး၊ အလယ်ပိုင်းဒေသများမှာ ၁၅°C အောက်နှင့် တောင်ပိုင်းဒေသများမှာ ၂၀°C အောက်သို့ ကျဆင်းလာနိုင်၊ အအေးပိုလာနိုင်ပါတယ်။ 

    ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·         ရှမ်းပြည်နယ်တွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·         ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၂°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၆°C အထိကျဆင်းနိုင်ပါတယ်။ 

    ·         ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၂°C ရှိနိုင်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့တွင် အနိမ့်ဆုံးညအပူချိန် ၈°C အထိကျဆင်းနိုင်ပါတယ်။ 

    ·         ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C ရှိနိုင်ပြီး နိုဝင်ဘာ ၂၉ ရက်နေ့တွင် အနိမ့်ဆုံးညအပူချိန် ၂၁°C ခန့် ရှိနိုင်ပါတယ်။ 

    ·         ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း မြောက်ဘက်နှင့် အနောက်မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ·         ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၈၀% ရှိနိုင်ပါတယ်။ 

    ·         ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၃၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၈၀% ရှိနေနိုင်ပါမယ်။ 

    ·         နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၂၄°C ခန့်ရှိနေနိုင်ပါမယ်။ 

    ·         ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 55 ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 105 ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ 125 အထိရှိနိုင်ပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်း အများဆုံးဖြစ်နိုင်ပါမယ်။ 

    ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှာ ယခုတပတ်အတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများအတွက် လေထုညစ်ညမ်းမှုအန္တရာယ် ရှိနိုင်ပြီး ပုံမှန်ကျန်းမာရေးကောင်းသူများအတွက် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

     ရှမ်းပြည်နယ်အတွင်း ကြက်သွန်ဖြူစိုက်တောင်သူများအတွက် စိုက်ပျိုးရေးအကြံပြုချက် 

    ရှမ်းပြည်နယ်အတွင်း ကြက်သွန်ဖြူစိုက်ပျိုးရာတွင် မြေဆောင်ရောဂါဖြစ်သည့် ဂျိုလိမ်ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန် အကြံပြုလိုက်ပါသည်။ တစ်ကြိမ်ကျရောက်ဖူးရုံမျှဖြင့် နှစ်စဉ်ကျ ရောက်တတ်သည်။ ဂျိုလိမ်ရောဂါစတင်ဝင်ရောက်ပါက အရွက်များ အစိမ်းရောင်ဖျော့လာခြင်း၊ အရွက်များလိမ်ခြင်း၊ တွန့်ခြင်း၊ အရွက်ထိပ်ဖျားမှစ၍ ခြောက်သွေ့လာတတ်ပါသည်။ပို မိုဆိုးရွားစွာ ကျရောက်ပါက နောက်ဆက်တွဲ ကြက်သွန်ဥများ ပုပ်ခြင်း ၊ အမြစ်များပုပ်ခြင်း ၊ အပင်သေခြင်း အထိဖြစ်နိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • ရေဝပ်သောမြေ၊ အစိုမြင့်မားသောမြေများတွင်အဖြစ်များသောကြောင့် ရေသွင်းရေထုတ်လွယ်ကူစေရန်ဆောင်ရွက်ပေးပါ။ 
    • ပုလဲမြေသြဇာအလွန်အမင်းကျွေးခြင်းမှ ရှောင်ကြဥ်ပါ။ 
    • အချိုးမျှတစွာပါဝင်သော ကွန်ပေါင်းဓာတ်မြေဩဇာများထည့်ပေးပါ။ 
    • ဓာတုဆေးသုံးလိုပါက Trifloxystrobin +Tebuconazole နှင့် ကော့ပါးပါဝင်သောမှိုသတ်ဆေး ရောစပ်ထည့်ပြီး ဖျန်းပေးရမည်။ 

     ငါးအနီစက်ရောဂါ ကာကွယ်ကုသနည်း  

    ဆောင်းဝင်လာတာကြောင့် ငါးမွေးမြူသူများ ရောဂါကျရောက်မှု သတိထားရန် လိုအပ်ပါသည်။ ဘက်တီးရီးယားကြောင့်ဖြစ်သော ငါးအနီစက်ရောဂါကျရောက်ပါက ငါးများတွင် အနီစက်များဖြစ်လာခြင်း၊ လှုပ်ရှားမှုနှေးလာခြင်း၊ အစာ စားနည်းလာခြင်း၊ ဆူးတောင်တွေမဖြန့်တော့ခြင်း၊ ကူးခက်တာ ပုံမမှန်ခြင်းများ ဖြစ်တတ်ပါသည်။   

    ထို့ကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရန် ငါးကန်တဧက ဆား ၇.၅ ပိဿာနှင့် ထုံး ၇.၅ ပိဿာ ထည့်ပေးရန် လိုအပ်သည်။ ရောဂါကျရောက်နေပါက ငါးကန်တဧက ဆား ၁၅ ပိဿာနှင့် ထုံး ၁၅ ပိဿာ ထည့်ပေးရန် လိုအပ်သည်။  

    ----------           

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12           

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို           

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.           

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
10
comments
0
views
3116
cover
cover
cover
cover
cover