cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းစျေး အနည်းငယ် ပြန်တက်လာ

. ဈေးကွက်သတင်းများ
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရန် အချိန်နီးကပ်လာပြီဖြစ်၍ ပြောင်းစျေးအနည်းငယ် ပြန်တက်လာကြောင်း ကုန်သည်များနှင့်ပြောင်း စိုက်တောင်သူများထံမှ သိရပါသည်။
  • ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့်  တင်ပို့ခြင်းကို စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ ၅ လတာ ခန့် ဝယ်ယူမှု ရပ်ဆိုင်းထားခြင်း ဖြစ်ပြီး ပြန်လည်တင်ပို့ နိုင်ရန် အချိန် နှစ်လ ခန့် သာလိုတော့ကြောင်းလည်း သိရပါသည်။

    "ထိုင်းနိုင်ငံကို တင်ပို့မှုတွေ ရပ်နားထား တော့ ပြောင်းစျေးတွေ က ထင်သလောက် စျေး မရတာပါ ၊ ပြည်တွင်းပြောင်းက ထိုင်းနိုင်ငံကိုပဲ အားထား ပြီး တင်ပို့ရတာပါ ၊ ကျန်တဲ့ နိုင်ငံ က ထင်သလောက် စျေးမရဘူး ၊ အခုက ထိုင်းနိုင်ငံကို ဖေဖော်ဝါရီလ မှ စပြီး ပြန်လည် တင်ပို့ နိုင်တော့မှာပါ ။ ထိုင်းနိုင်ငံက တစ်နှစ်ပြောင်းတန်ချိန် ၉ သန်းလောက်လိုပါတယ် ၊ လိုတဲ့ ပြောင်း ရဲ့ ၈၈ရာခိုင်နှုန်းက မြန်မာ က သွင်းရတာပါ၊ သူတို့ ပြောင်းပေါ်ချိန် မှာ ဆို ပြောင်းတင်ပို့မှုအပေါ်  အခွန်ကောက်ပေမဲ့  ကျန်တဲ့လ မှာ ဆိုရင် အခွန်လွတ်နဲ့ တင်ပို့ခွင့်ပေးထားတာပါ။ '' ဟု  ပြောင်းကုန်သည် တစ်ဉီး က ပြောထားပါသည်။ 

    ပြီးခဲ့သည့် နိုဝင်ဘာလလယ် က ပြောင်း တစ်ပိဿာကို ၁၃၇၀ကျပ် ထိသာ ရှိ ခဲ့ပြီး လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် စျေးကွက်မှာတော့ ပြောင်း တစ်ပိဿာကို ၁၄၆၀  ကျပ် အထိ ပြန်လည် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။ ထို့အပြင်  ပြောင်း FOB စျေး နှုန်း မှာ  ၂၃၀ ဒေါ်လာ မှ ၂၄၀ ဒေါ်လာ  ပတ်ဝန်းကျင် ဖြင့် စျေးငြိမ်နေ ကြောင်း သိရပါသည်။ 

    ၂၀၂၆ ခုနှစ် ပြောင်းပြန်လည်တင်ပို့ သည့် ကာလတွင် ထိုင်းအစိုးရ မှပြောင်းဝယ်ယူမှု ဖြင့် ပတ်သတ်ပြီး မူဝါဒများ ပြန်လည်ချမှတ်နိုင်ခြင်းကြောင့် စောင့်ကြည့်ရမည် အနေအထားတွင်ရှိကြောင်း သိရပါသည်။ 

    တောင်သူများအနေဖြင့် ယခုနှစ်မှာ သွင်းအားစုစျေးမြင့်တက်သည့်ဒဏ်ကို ကြံ့ကြံ့ခံ ၍ စိုက်ပျိုးခဲ့ကြခြင်းဖြစ်၍ စိုက်စရိတ်ယခင်နှစ်များထက် ပို၍ကုန်ကျခဲ့ကြောင်းလည်းသိရသည်။

    " စျေးက ဒီထပ်ကျလည်း တောင်သူတွေ ရှုံးဖို့ပဲရှိတယ်။  အစစအရာရာစျေးတက်နေတဲ့အချိန် စိုက်စရိတ်လဲ ကြီးတယ်။ တောင်သူတွေအဖို့ စိုးရိမ်စိတ်နဲ့ စိုက်နေရတယ်။ လမ်းကြောင်းဖွင့်တဲ့အချိန် စျေးလေး တက်လာရင်တော့ ကောင်းတာပေါ့ ။ စျေးတက်လည်း တောင်သူစျေးက သပ်သပ်ကို ရှိတာ။ စျေး ကတော့ ထင်သလောက်မရဘူးပေါ့။ ဒါပေမဲ့ စိုက်စရိတ်ကျော်ကျော် လေးရရင်ကို တောင်သူတွေ အတွက်က အဆင်ပြေပါတယ်။ ''ဟု ပြောင်းစိုက်သူ တစ်ဦးကပြောသည်။ 

     

    မြန်မာ့ဒေသထွက် ပြောင်းသီးနှံများ ၏ ၅၀ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံထံ တင်ပို့နေရပြီး  တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ စသည့် နိုင်ငံများကိုလည်း အနည်းငယ် တင်ပို့လျက်ရှိ ကြောင်းသိရပါသည်။ ယခင်က  မြန်မာနိုင်ငံအနေ ဖြင့် ထိုင်းနိုင်ငံသို့ နယ်စပ်မှ  အဓိကတင်ပို့ခဲ့ ခြင်း ဖြစ်ပြီး လက်ရှိ တွင်နယ်စပ်ကုန်သွယ်မှု မှ အဆင်မပြေ သည့် အတွက်  ပင်လယ်ရေကြောင်း မှ အဓိကထားတင်ပို့နေရကြောင်း လည်းသိရပါသည်။ 

    ဖိုးချဲ(AMIA) မှ ပေးပို့ပါသည်။

    -----------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
0
views
1643
cover
cover
cover
cover
cover