cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် ၂၀၂၆ ခုနှစ် - ဇန်နဝါရီ ၁၀ ရက် မှ ဇန်နဝါရီ ၁၆ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးမြို့)မှာ အမြင့်ဆုံးနေ့အပူချိန် ၂၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၇°C အထိရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းသည် ရှမ်းပြည်နယ်အတွင်း အအေးဆုံးဒေသဖြစ်နိုင်ပြီး တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ မုန်တိုင်းငယ် (Deep-Depression) အခြေအနေ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသော Deep-Depression (မုန်တိုင်းငယ်) သည် ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းမှာ သီရိလင်္ကာနိုင်ငံအနေရ့ဘက်မှ အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး သီရိလင်္ကာမြောက်ပိုင်းနှင့် အိန္ဒိယတောင်ပိုင်းကို ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ/ည မှာ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် အားပျော့ပျက်ပြယ်သွားနိုင်ပါတယ်။ 

    ·          မုန်တိုင်းငယ် သည် သီရိလင်္ကာကျွန်းကမ်းခြေအနီးရောက်ရှိချိန် ဇန်နဝါရီလ ၉ ရက် ညပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့လာပြီးမှ ကုန်းတွင်းကိုဆက်လက်ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ကြောင်း အိန္ဒိယမိုးလေဝသထုတ်ပြန်ကြေညာချက်မှာတွေ့ရပါတယ်။ ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းခန့်မှန်းချက်များအရ မြန်မာနိုင်ငံသို့ သက်ရောက်မှုလုံးဝ ရှိနိုင်မည်မဟုတ်ပါ။ 

    ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသအချို့တွင် ယခုတပတ်အတွင်း မိုးအနည်းငယ် (၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ မီလီမီတာ မှ ၁ မီလီမီတာခန့်) ရွာနိုင် (မိုးရေချိန်အားဖြင့် - အလွန်နည်းနည်းမျှသာ - extreme-low shower ရွာနိုင်ပါတယ်) 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်း-လားရှိုးမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၉°C အထိကျဆင်းနိုင်ပါတယ်။ မူဆယ်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C နှင့် အနိမ့်ဆုံးအပူချိန် ၉°C ရှိပြီး၊ နံနက်အစောပိုင်း ၁ နာရီမှ နံနက် ၉ နာရီအတွင်း မြူဆိုင်းနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးမြို့)မှာ အမြင့်ဆုံးနေ့အပူချိန် ၂၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၇°C အထိရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းသည် ရှမ်းပြည်နယ်အတွင်း အအေးဆုံးဒေသဖြစ်နိုင်ပြီး တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ အင်းလေးဒေသ ခေါင်တိုင်၊ မိုင်းသောက်၊ အင်းပေါခုံ၊ ရွာမ စသည့်ဒေသများတွင် ဇန်နဝါရီ ၁၁/၁၂/၁၃/၁၄ ရက်များ၏ နံနက်အစောပိုင်း အချိန်အတွင်း မြူဆိုင်းပြီး တိမ်အနိမ့်များဖြစ်ထွန်းနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၀°C ခန့် ရှိနိုင်ပါတယ်၊ ဇန်နဝါရီ ၁၁ နှင့် ၁၄ ရက်နေ့များတွင် မနက်အစောပိုင်းအချိန်များအတွင်း မြူဆိုင်းနိုင်ပါမယ်။ 

    ·          ကျိုင်းတုံမြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက် မှ ၁၆ ရက် အတွင်း တိမ်အနိမ့်များဖြစ်ထွန်းပြီး မြူဆိုင်းနိုင်/မိုးအနည်းငယ် (၂၄ နာရီမိုးရေချိန် ၁ မီလီမီတာအောက်) ရွာနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် - (ဇန်နဝါရီ ၁၀ ရက်နေ့မှာ အအေးဆုံး) ၈°C ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း တောင်-အနောက်တောင်နှင့် အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်မှ GUST ၁၀ မိုင်ခန့် တိုက်နိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တခုလုံးမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၃၀% မှ ၄၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၇၀%မှ ၈၀% အထိ ရှိနိုင်ပါတယ်။ 

    ·          နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန်အမြင့်ဆုံး (Feels Like Temperature) က ၂၅°C ခန့်ရှိနေနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် အရှေ့ပိုင်းက လားရှိုးမြို့များရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 155 ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 170 ရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုသည် ကျန်းမာရေးမကောင်းသူမျာအတွက် အန္တရာယ်ဖြစ်စေနိုင်သောအဆင့်အထိ မြင့်တက်လာတာတွေ့ရပါတယ်။ 

    မြေဆီလွှာစိုထိုင်းဆနှင့် မြေဆီလွှာရေဓါတ်ပါဝင်နှုန်းအခြေအနေ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၇% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၈% ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်) တွင် ၁၅% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၂၇% ခန့် ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတို့ရဲ့ မြေဆီလွှာအတွင်းရေဓါတ်ပါဝင်နှုန်းသည် ယခုတပတ်အတွင်း နှစ်စဉ်ဖြစ်မြဲအောက် 3mm ခန့် လျော့နည်းနေနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မြေဆီလွှာအတွင်းရေဓါတ်ပါဝင်နှုန်း သည် နှစ်စဉ်ဖြစ်မြဲအောက် 7mm ခန့် လျော့နည်းနိုင် ပါတယ်။ 

    ·          မြေဆီလွှာအစိုဓါတ်ကိန်းအောင်းမှုနှင့်မြေဆီလွှာစိုထိုင်းဆလျော့နည်းလာချိန်မှာ - 

    -   “မြေဆီလွှာအစိုဓါတ်ကိုထိန်းသိမ်းနိုင်ရန် ရေသွင်းခြင်း”၊ 

    -   “ဟင်းသီးဟင်းရွက်နှင့်ပန်းစိုက်ခန်းများတွင် နေကာစများမိုးပေးခြင်း”၊ 

    -   စိုက်ပျိုးပင်များ၏ ပင်စည်/အရွက်ခြောက်သွေ့ညှိုးနွမ်းလာမှုအား သတိထားစောင့်ကြည့်ခြင်း” များကို စိုက်ပျိုးရေးပညာရှင်များနှင့်တိုင်ပင်ပြီး ဆောင်ရွက်ရန်လိုအပ်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    အပူချိန်ကျဆင်းချိန် ငါးမွေးကန်များ သတိပြုရန် 

    • ခုတလော အပူချိန် အလွန်ကျနေသဖြင့် အအေးပိုင်းမွေးတဲ့ ရွှေဝါငါးကြင်း၊ မြက်စာငါးကြင်းတို့ကလွဲပြီး အပူပိုင်းမွေးငါးအုပ်စုများ (ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုတ်မ) တို့ကို အစာကျွေးရာတွင် တစ်နေ့တစ်ကြိမ်နှုန်းဖြင့် နေ့လည်ပိုင်းအပူချိန်ရချိန်တွင်သာ အစာကျွေးသင့်ပါသည်။  
    • အအေးပိုင်းကြိုက် ငါးများအတွက် ပြဿနာမရှိပေမယ့် အပူပိုင်းမွေး ငါးများအတွက် အစာစားနှုန်းကျစေတတ်သည်။  
    • ညအချိန် အပူချိန်အလွန်နိမ့်သဖြင့် ကန်အတွင်း အောက်ဆီဂျင်ပြတ်သော လက္ခဏာများ ကြုံရတတ်သည်။ ကန်ကြပ်မွေးတတ်သော ကန်များတွင် အထူးသတိထားရမည်။ ရေလှုပ်ရှားပေးရန် လိုအပ်သည်။ 

    ------------     

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12     

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို     

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.     

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
13144
cover
cover
cover
cover
cover