ပဲခူးတိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် မှ ဇန်ဝါရီလ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများ
· ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်ပြင်မှာ ဇန်နဝါရီလ ၁၃ ရက် မှ ၁၅ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာပြီး ဖိလစ်ပိုင်နိုင်ငံဘက်(အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်) သော်လည်း တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာနိုင်သည့်အခြေအနေမရှိသဖြင့် မုန်တိုင်းအကြွင်းအကျန်ဝင်ရောက်နိုင်ချေလည်း မရှိပါ။
· အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုဖြတ်သန်းတိုက်ခတ်လာနိုင်မည့် အမြင့်ပေ ၁၀၀၀၀ အထက်မှ အားကောင်းသော အနောက်-အနောက်မြောက်လေစီးကြောင်း နှင့်အတူ အေးမြခြောက်သွေ့သောလေအေးများ မြန်မာနိုင်ငံအထက်ပိုင်းသို့ ဝင်ရောက်လာနိုင်သည့်အတွက် ယခုတပတ်အတွင်းဆက်လက်၍ အအေးပိုနေနိုင်ပြီး မိုးရွာနိုင်သည့်အခြေအနေမရှိပါ။
ယခု ၁ ပတ်အတွင်း ပဲခူးတိုင်းအတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေမရှိ အအေးပိုလာနိုင်မည်
· တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး အနိမ့်ဆုံးအပူချိန် ၁၅°C အထိကျဆင်းနိုင်ကာ ပြီးခဲ့သည့်ရက်သတ္တပါတ်တပတ်အတိုင်းဆက်၍အေးနေပါဦးမယ်။ ပဲခူးတိုင်းတခုလုံး၏ ပျမ်းမျှအပူချိန်သည် ၂၀°C အောက်၊ ၁၅°C နှင့်အထက်တွင် ရှိနေနိုင်ပါမယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေနှင့် မြေဆီလွှာစိုထိုင်းဆအခြေအနေ
· မြို့နယ်အချို့၏ အမြင့်ဆုံး/အနိမ့်ဆုံးအပူချိန်ဖြစ်နိုင်ချေ
ပဲခူးမြို့ - အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၉°C ရှိနိုင်သည်
ပြည်မြို့ - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည်
လက်ပံတန်း - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်သည်
တောင်ငူမြို့ - အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည်
ဖြူးမြို့ - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည်
ဆွာမြို့ - အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၃°C ရှိနိုင်သည်
ပဲခူးတိုင်းမြောက်ဖျားမှ လှည်းပွဲကြီး/လှည်းပွဲကလေး - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၄°C ရှိနိုင်သည်။
· လေတိုက်နှုန်း/လေထုညစ်ညမ်းမှုအခြေအနေ အနောက်/အနောက်မြောက်နှင့်မြောက်အရပ်မှ လေတိုက်နှုန်း တနာရီ ၇ မိုင်နှုန်းခန့်ရှိနိုင်သည်။ ပဲခူးတိုင်းတခုလုံးအတွက် ပျမ်းမျှလေထုညစ်ညမ်းမှုအခြေအနေသည် ၁၈၅ အတွင်းမှာရှိနိုင် မြင့်မားနေနိုင်ပါတယ်။
· လေထုစိုထိုင်းဆ - ပဲခူးတိုင်း၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၂၀% မှ ၃၀% အတွင်းရှိနိုင်ပြီး၊ ညပိုင်းနှင့် နံနက်ပိုင်းအချိန်များမှာ ၅၀% မှ ၆၀% အတွင်း ရှိနိုင်ပါတယ်။
· Apparent Temperature (Temp-feels-like) ဆောင်းရာသီအတွင်းမှာ လေထုစိုထိုင်းဆမြင့်တက်မှုနည်းပြီး ပုံမှန်လေတိုက်ခတ်မှုရှိနေတာကြောင့် ခံစားရတဲ့အပူချိန် (Temp-feels-like or Apparent Temperature) နှင့် တိုင်းတာရရှိသောနေ့အပူချိန်တို့ကွာဟမှုသည် ၂°C ခန့်သာရှိနိုင်ပါမယ်။
· မြေဆီလွှာစိုထိုင်းဆနှင့် မြေဆီလွှာအစိုဓါတ်ကျန်ရှိသည့်အခြေအနေ -
ပဲခူးတိုင်းအနောက်ခြမ်းဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၃% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၁၅% ခန့်ရှိနိုင်ပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းစစ်တောင်းမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၁၀% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၁၈% ခန့်ရှိနိုင်ပါတယ်။
မိုးရာသီအပြီး မိုးရွာသွန်းမှုရပ်တန့်ချိန်တွင် နှစ်စဉ်ဖြစ်မြဲမြေဆီလွှာအစိုဓါတ်ကျန်ရှိမှုကို ၁၉၆၁-၂၀၁၀ ခုနှစ် တန်ဘိုးများနှင့် နှိုင်းယှဉ်ခန့်မှန်းပါက ပဲခူးတိုင်းအနောက်ခြမ်း-ဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ ပုံမှန်အထက် ၀.၅ မီလီမီတာဝန်းကျင်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းတလျှောက်မှဒေသများ၏ ပုံမှန်အထက် ၀.၇ မီလီမီတာဝန်းကျင် ရှိနေနိုင်ပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းသည် ပဲခူးတိုင်းအနောက်ခြမ်းထက် နှစ်စဉ်ဖြစ်မြဲမြေဆီလွှာအစိုဓါတ်ကျန်ရှိနိုင်မှုအထက်(Moisture Anomaly) ပိုမိုနိုင်ကြောင်းတွေ့ရပါတယ်။
Win Naing
Administration Team,
MMWEATHER,
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက် တောင်သူများထံသို့
မြစ်ခြောက်ဆွေး ကာကွယ်နှိမ်နင်းနည်းအကြံပြုချက်
- ပဲပင် အသီးအပွင့်ဝင်ချိန်မှ မြစ်ခြောက်ဆွေးလက္ခဏာတွေ့ရပါက ဆေးဖျန်းလည်းထိရောက်ဖို့ခက်ပါတယ်။
- ကြိုတင်ကာကွယ်နည်းကသာ အသင့်အတင့်ထိရောက်တာကြောင့် နှစ်စဥ် သစ်စိမ်းမြေဩဇာ၊ သဘာဝမြေဩဇာကိုထည့်သွင်းပေးဖို့လိုပါတယ်။
- လက်ရှိမြစ်ခြောက်ဆွေးလက္ခဏာကျရောက်လျှင် သေသွားတဲ့အပင်ကို နုတ်ယူဖယ်ရှားရှင်းလင်းပြီး Trifloxystrobin+ Thiophanate methyl (သို့မဟုတ်) Cyprodinil+ Mefenoxam ကိုဖျန်းပေးပါ။ (အနည်းငယ်ပဲ ဟန့်တားနိုင်ပါမယ်)
- ရာသီသိမ်းလျှင် ပင်ကြွင်းပင်ကျန်သေချာရှင်းပေးပါ။
- နောက်ရာသီ မျိုးစေ့လူးနယ်ဆေးအတွက် Thiram ကိုရွေးချယ်နိုင်ပါတယ်။
ငါးဒန်အစာကျွေးခြင်းဆိုင်ရာ အကြံပြုချက်
ငါးဒန်သည် ငါးကြင်းအုပ်စုဝင်ငါးများထက် သဘာဝအစာဖြစ်သော အပင်မျှောလှေးနှင့် အကောင် မျှောလှေးများတွင် အကောင်မျှောလှေးကို ပိုမိုကြိုက်နှစ်သက်ပါသည်။
ထို့အပြင် ငါးကြင်းအုပ်စုဝင်ငါးများထက် အစာစားနှုန်းများပါသည်။ ငါးဒန်သည် အစုံစားသတ္တဝါဖြစ်ပြီး အသားဓါတ်ပါသော အစာကို ကြိုက်နှစ်သက်ပါသည်။
ဖြည့်စွက်စာကျွေးပါက ပရိုတိန်း ၂၅ရာခိုင်နှုန်းအထက်ပါသော အစာတောင့်ကိုကျွေးပါက ပိုပြီး ကောင်းမွန်ပါသည်။ ငါးဒန်သည် အစာကောင်းစွာ စားသုံးရပါက ကြီးထွားနှုန်းမြန်သော ငါးမျိုးစိတ် ဖြစ်ပါသည်။
ဖြည့်စွက်စာကျွေးနည်းလေ့လာရန် လင့်ကို နှိပ်ပါ - https://htwettoe.com/post/44817
-----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437



ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း