cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် မှ ဇန်ဝါရီလ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခုတပတ်အတွင်း မကွေးတိုင်းအလယ်ပိုင်းဒေသများမှာ အနိမ့်ဆုံးအပူချိန် ၁၅°C မှ ၁၃°C အထိ ကျဆင်းနိုင်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေ 

    ·           ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင်လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခြင်းမရှိဘဲ၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်ပြင်တွင် စောင့်ကြည့်ရမည့်လေပွေလှိုင်းတခု (INVEST-91W) စတင်ဖြစ်ပေါ်လျှက်ရှိပြီး ဇန်နဝါရီ ၁၄ ရက်ညပိုင်းတွင် အနောက်ဘက်သို့ရွေ့လျားနိုင်ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ပါတယ်။ 

    ·          INVEST-91W သည် ဇန်နဝါရီ ၁၆ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီးနောက် ကြိုတင်ခန့်မှန်း‌ model အားလုံးမှ အနောက်ဘက်သို့ ချိုးကွေ့ကာ ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းသို့ရွေ့လျားနိုင်ကြောင်း၊ တောင်တရုတ်ပင်လယ်အတွင်းသို့တင်ရောက်လာနိုင်ချေမရှိကြောင်း တပြေးညီခန့်မှန်းထားတာကြောင့် တောင်တရုတ်ပင်လယ်အတွင်း မုန်တိုင်းဖြစ်လာနိုင်ရန်မရှိပါ။ 

    ·          ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့်မြောက်ပိုင်းတွင် အမြင့်ပေ ၁၀၀၀၀ မှ ၁၈၀၀၀ အတွင်း (Anti-cyclonic wind flow) လက်ယာရစ်လေဝဲစီးကြောင်း ဖြစ်ပေါ်လျှက်ရှိပြီး အနောက်-အနောက်မြောက်ဘက်အရပ်မှ လေအေးများတိုက်ခတ်တိုးဝင်လျှက်ရှိခြင်းကြောင့် မြန်မာနိုင်ငံပြည်နယ်/တိုင်းဒေသအများစုမှာ အအေးဓါတ်ဆက်လက်လွှမ်းခြုံနေပြီး အေးနေပါဦးမယ်။ 

    ယခု ၁ ပတ်အတွင်း မကွေးတိုင်းအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ 

    ·          မကွေးတိုင်းတခုလုံးတွင် ဇန်နဝါရီ ၁၄ ရက် မှ ၁၇ ရက်အထိ တိမ်ဖြစ်ထွန်းမှု ၃၀% မှ ၈၀% အထိရှိပြီးမိုးအုံ့နေနိုင်ပါတယ်။ ဇန်နဝါရီ ၁၈ ရက်နှင့်နောက်ပိုင်း- ဇန်နဝါရီ ၂၄ ရက်အထိ တိမ်ကင်းစင်သွားနိုင်ပြီး မိုးရွာနိုင်သည့်အခြေအနေမရှိ၊ မကွေးတိုင်းမြောက်ပိုင်း ထီးလင်း-ဂန့်ဂေါနယ်များနှင့် မြစ်/ချောင်း/ဆည်/ကန်များနှင့်နီးသောဒေသအချို့မှာ မြူဆိုင်းနိုင်ပါတယ်။ 

    ·          ဇန်နဝါရီ ၁၇ ရက်အထိ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းမှုရှိနေသော်လည်း အမြင့်ပေ ၁၀၀၀၀ နှင့်အထက်တွင် မြောက်၊ အနောက်မြောက်အရပ်များမှ လေအေးစီးကြောင်းများ ဆက်လက်တိုးဝင်နေဦးမှာဖြစ်လို့ နေ့/ညအပူချိန်များကျဆင်းပြီး ၁၈ ရက်နေ့နောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်းဒေသအချို့မှာ အနိမ့်ဆုံးအပူချိန် ၁၂°C အထိကျဆင်းနိုင် ဆက်လက်၍အေးနေနိုင်ပါဦးမယ်။ 

    ·          ယခုတပတ်အတွင်း မကွေးတိုင်းအလယ်ပိုင်းဒေသများမှာ အနိမ့်ဆုံးအပူချိန် ၁၅°C မှ ၁၃°C အထိ ကျဆင်းနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေနှင့် မြေဆီလွှာစိုထိုင်းဆအခြေအနေ 

    ·          မြို့နယ်အချို့၏ အနိမ့်ဆုံးအပူချိန်ဖြစ်နိုင်ချေ (Ventusky ICON Model) 

    o    ဂန့်ဂေါမြို့နယ် ၁၁°C - ၁၂°C 

    o    ပခုက္ကူမြို့နယ် ၁၂°C - ၁၃°C 

    o    မကွေးမြို့နယ် ၁၃°C - ၁၄°C 

    o    မင်းဘူးမြို့နယ် ၁၄°C - ၁၅°C 

    o    သရက်မြို့နယ် ၁၅°C - ၁၆°C 

    ·          လေတိုက်နှုန်း/လေထုညစ်ညမ်းမှုအခြေအနေ 

    §   အနောက်/အနောက်မြောက်အရပ်မှ လေတိုက်နှုန်း တနာရီ ၅ မိုင်နှုန်းခန့်ရှိနိုင်သည်။ 

    §   မကွေးတိုင်းတခုလုံးအတွက် ပျမ်းမျှလေထုညစ်ညမ်းမှုအခြေအနေသည် ၁၇၀ မှ ၁၉၅ အတွင်းမှာရှိနိုင်ပါတယ်။ 

    §   လေထုစိုထိုင်းဆ - ပဲခူးတိုင်း၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၄၀% မှ ၅၀% အတွင်းရှိနိုင်ပြီး၊ ညပိုင်းနှင့် နံနက်ပိုင်းအချိန်များမှာ ၂၀% မှ ၃၀% အတွင်း ရှိနိုင်ပါတယ်။ 

    §   Apparent Temperature (Temp-feels-like) ဆောင်းရာသီအတွင်းမှာ လေထုစိုထိုင်းဆမြင့်တက်မှုနည်းပြီး ပုံမှန်လေတိုက်ခတ်မှုရှိနေတာကြောင့် ခံစားရတဲ့အပူချိန်(Temp-feels-like) နဲ့ နေ့အပူချိန်တို့ကွာဟမှုသည် ၅°C ခန့်ရှိနိုင်ပါမယ်။   

    ·          မြေဆီလွှာစိုထိုင်းဆနှင့်မြေဆီလွှာအစိုဓါတ်ကျန်ရှိနိုင်မည့်အခြေအနေ - 

    §   မကွေးတိုင်း ဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၅% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၂၇% ခန့်ရှိနိုင်ပါတယ်။ 

    §   မိုးရာသီအပြီး မိုးရွာသွန်းမှုရပ်တန့်ချိန်တွင် နှစ်စဉ်ဖြစ်မြဲမြေဆီလွှာအစိုဓါတ်ကျန်ရှိမှုကို ၁၉၆၁-၂၀၁၀ ခုနှစ် တန်ဘိုးများနှင့် နှိုင်းယှဉ်ခန့်မှန်းပါက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတလျှောက်မှာ မြေဆီလွှာအစိုဓါတ်ကျန်ရှိမှုသည် နှစ်စဉ်ဖြစ်မြဲအောက် ၀.၃ မီလီမီတာဝန်းကျင်နှင့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ နှစ်စဉ်ဖြစ်မြဲအထက် ၃ မီလီမီတာဝန်းကျင် ရှိနေတာတွေ့ရပါတယ်။ 

    မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်းသည် အရှေ့ဘက်ခြမ်းထက် မြေဆီလွှာအစိုဓါတ်ကျန်ရှိနိုင်မှု ပိုမိုနိုင်ကြောင်းတွေ့ရပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

     ငါးသေခြင်း ရပ်စေရန် ဆောင်ရွက်ရန်အချက်များ  

    ငါးကန်ရေအရောင်သည် အစိမ်းရင့်ရောင် ဖြစ်နေပါက ကန်ရေအပေါ်လွှာ (၆)လက်ခန့် ကန်ရေကို ထုတ်ပြီး၊ ပြင်ပရေ ထပ်ဖြည့်ပါ။ ကန်ရေအရောင်သည် အစိမ်းနုရောင်ဖြစ်လာပါလိမ့်မည်။   

    ည(၁၂)နာရီကျော်ချိန်တွင် ကန်အောက်ခြေရှိ ရေကို စုပ်ပြီး ကန်အတွင်းသို့ ရေပြန်ချပေးပါ။ ည(၁၂)နာရီကျော်မှ မနက်ပိုင်း(၄)နာရီအထိ ဆောင်ရွက်ပေးပါ။ အဆိုပါ ဆောင်ရွက်ချက်သည် ကန်အောက်ခြေနှင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန်လည်ရရှိသဖြင့် ငါးများ သေဆုံးခြင်းကို ရပ်တန့်စေနိုင်ပါကြောင်း အကြံပြုအပ်ပါသည်။  

    --------------     

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12     

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို     

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.     

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
15088
cover
cover
cover
cover
cover