cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း ၂၀၂၆ ခုနှစ် - ဇန်နဝါရီ ၁၆ ရက် မှ ဇန်နဝါရီ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းဒေသအသီးသီးတွင် ဇန်နဝါရီ ၂၂/၂၃ ရက်နေ့များမှာ တိမ်ကင်းစင်နိုင်ပြီး ကျန်ရက်များမှာ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ မိုးရွာနိုင်မည့်အခြေအနေတော့ မရှိပါ။
  • ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများအခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သတိပြုသင့်သည့်အချက်များ 

    ·          ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်ပင်တွင် ဖြစ်ပေါ်နေသော စောင့်ကြည့်ရမည့်လေပွေလှိုင်း (INVEST-91W)သည် လေဖိအားနည်းရပ်ဝန်း NOKEAN ဖြစ်လာပြီ၊ ဖိလစ်ပိုင်မိုးလေဝသဌာနမှ အင်္ဂလိပ်အက္ခရာ စဉ်အလိုက်အမည် “ADA” ဟု အမည်ပေးထားပါတယ်။ ECMWF Model ကြိုတင်ခန့်မှန်းချက်အရ NOKEAN(ADA)သည် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖြတ်ကျော်တိုက်ခတ်နိုင်ကြောင်းခန့်မှန်းထားပါတယ်။ 

    ·          JTWC, CIMSS ကြိုတင်ခန့်မှန်းအတည်ပြုချက်များအရ လက်ရှိအချိန်တွင် လေဖိအားနည်းရပ်ဝန်းအဆင့်ရှိနေသော NOKEAN(ADA)သည် ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် မုန်တိုင်းအဆင့်အထိ ပိုမိုအားကောင်းလာနိုင်သော်လည်း ဖိလစ်ပိုင်နိုင်ငံကို ဝင်‌ရောက်တိုက်နိုင်မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းဒေသအသီးသီးတွင် ဇန်နဝါရီ ၂၂/၂၃ ရက်နေ့များမှာ တိမ်ကင်းစင်နိုင်ပြီး ကျန်ရက်များမှာ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ မိုးရွာနိုင်မည့်အခြေအနေတော့ မရှိပါ။ 

    မန္တလေးတိုင်းအတွင်း အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          မန္တလေးတိုင်းအတွင်း တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်သည့်အခြေအနေများကြောင့် အနိမ့်ဆုံးညအပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်းအမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်ပါမယ်။ 

    ·          မန္တလေးတိုင်းအတွင်းမှာ မြောက်၊ အနောက်မြောက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၅ မိုင်ခန့် တိုက်ခတ်နိုင်ပြီး လေပြင်းတိုက်ခတ်နိုင်သည့် ခန့်မှန်းချက်မရှိပါ။ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၃၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၅၀% အတွင်းမှာရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၃°C အထိရှိနိုင်ပါတယ်။ 

    ·          ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၃% ခန့် ရှိနိုင်ပါတယ်။ မန္တလေးတိုင်းအလယ်ပိုင်း မိတ္ထီလာခရိုင်အတွင်းကဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၂၄% ခန့်ရှိနိုင်ပါတယ်။ 

    ·          မြေဆီလွှာအစိုဓါတ်ကိန်းအောင်းမှုနှင့်မြေဆီလွှာစိုထိုင်းဆလျော့နည်းလာချိန်မှာ - 

    -   “မြေဆီလွှာအစိုဓါတ်ကိုထိန်းသိမ်းနိုင်ရန် ရေသွင်းခြင်း”၊ 

    -   “ဟင်းသီးဟင်းရွက်နှင့်ပန်းစိုက်ခန်းများတွင် နေကာစများမိုးပေးခြင်း”၊ 

    -   စိုက်ပျိုးပင်များ၏ ပင်စည်/အရွက်ခြောက်သွေ့ညှိုးနွမ်းလာမှုအား သတိထားစောင့်ကြည့်ခြင်း” များကို စိုက်ပျိုးရေးပညာရှင်များနှင့်တိုင်ပင်ပြီး ဆောင်ရွက်ရန်လိုအပ်ပါမယ်။ 

    ·          မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၁၀၀ အထက် ၁၅၅ မှ ၁၆၀ အထိရှိနေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေး မကောင်းသူများအတွက် အန္တရာယ်ရှိသောအညွှန်းကိန်း level ဖြစ်ပါတယ်။ 

    ·          ယခုတပတ်အတွင်း နံနက် ၁၁ နာရီ မှ မွန်းလွဲ ၁ နာရီအတွင်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအညွှန်းကိန်းသည် 7 to 8 ပတ်ဝန်းကျင် (HIGH) တွင်ရှိနေသဖြင့် နေ့လည်နေ့ခင်းအချိန် အပြင်ထွက်သည့်အခါ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ရှိနိုင်တာကို သတိပြုသင့်ပါတယ်။ 

    ·          မန္တလေးတိုင်းအတွင်း ၄ ရက်အတွင်းဖြစ်နိုင်သည့် နေ့/ညအပူချိန်အပါအဝင် ၄ ရက်-မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်များကို အောက်ပါ link မှတဆင့် ကြည့်ရှုနိုင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div  

    Win Naing 

    Administration Team, 

    MMWEATHER, 

    မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်မျိုးစေ့ခံ တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်မျိုးစေ့ခံရန် ပြင်ဆင်နေသော တောင်သူများ လှေးပိုးကျရောက်ပါက အပွင့်များ သန္ဓေအောင်မြင်မှု လျော့နည်းခြင်း၊ ပုံသဏ္ဍာန်မမှန်ပဲ မျိုးမတင်ခြင်း၊ အပွင့်များခြောက်သွားခြင်းများဖြစ်စေတတ်ပါသည်။ 

    ကာကွယ်နှိမ်နင်း နည်းလမ်းများမှာ- 

    • အပြာရောင်ကော်စေးထောင်ချောက်များ အသုံးပြုပါ။ 
    • လှေးပိုးဆိုးဆိုးရွားရွားစကျနေတဲ့အပင်ကို စိုက်ခင်းတွင်းမှ ဖယ်ရှားပါ။ 
    • အခြားခိုအောင်းရာ ပေါင်းများရှင်းလင်းပေးပါ။ 
    • ဓာတုကာကွယ်ဆေးအနေဖြင့် Abamectin၊  Fipronil၊ Acetamiprid + Lambda cyhalothrin၊ Pymetrozine + Nitnepyram ၊ Cartap Hydrochloride ၊ Spinosad၊ Fenoxycarb  များကို အသုံးပြုပေးပါ။

    ယင်မဲသားလောင်းများကို အသုံးပြုပြီး ငါးစာပြုလုပ်ခြင်း  

     ယခုအချိန်တွင် ဖွဲနုဈေးသည်မြင့်တက်လာသလို ပဲဖတ် နှင့် ငါးပေါင်းမှုန့်သည် ပိုမိုဈေးကြီးနေကြပါ သည်။ ပဲဖတ် နှင် ငါးပေါင်းမှုန့်အစား ယင်မဲသားလောင်းများကို အစာထိုးပြီး စပ်စာအဖြစ်ဆောင်ရွက်ပါက ၊ စပ်စာတွင် ပရိုတိန်း ၂၀-၂၅ ရာခိုင်နှုန်း ရရှိလာပါမည်။ ယင်မဲ မွေးမြူရေး လုပ်ငန်းသည် စွန့်ပစ်စာများကျွေးပြီး မွေးမြူခြင်းကြောင့် ကုန်ကျစရိတ်သက်သာပါမည်။  

    ယင်မဲသားလောင်းများသည် ပရိုတိန်း ၄၀ မှ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်းနှင့်ယင်မဲအခြောက်တွင် ပရိုတိန်း ၅၀ မှ ၆၀ ရာခိုင်နှုန်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။  

     ပရိုတိန်း (၂၀) ရာခိုင်နှုန်းပြည့်ရန် ဖွဲနု ၆၆.၆၆ ဆ နှင့် ယင်မဲ ၃၃.၃၃ ရောစပ် ရပါမည်။ စပ်စာ တပိဿာအတွက် ဖွဲနု (၆၆.၆၆)ကျပ်သားနှင့် ယင်မဲသားလောင်း (၃၃.၃၃)ကျပ်သားရောစပ်ပေးပါ။ 

    ------------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
2
comments
0
views
14149
cover
cover
cover
cover
cover