cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ပို့ကုန်ပဲတွေ စျေးနှုန်းအတက်ဘက် ရောက်လာတဲ့အတွက် ပြည်တွင်းစျေးကွက်မှာလည်း အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။
  • ပို့ကုန်ရငွေအပေါ် ကျပ်ငွေလဲလှယ်ရတဲ့ ရာခိုင်နှုန်းကို ဖြေလျှော့ ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ပို့ကုန်ပဲ စျေးကွက် ​ဆက်တိုက်မြင့်တက်လာတယ်လို့ သိရပါတယ်။ ပို့ကုန်ရငွေအပေါ် ဖြေလျှော့မှုနဲ့ အတူ ပြည်ပဝယ်လိုအားလည်း ရှိနေတဲ့အတွက် စျေးနူန်း အတက်ဘက်ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ပို့ကုန်ပဲတွေ စျေးနှုန်းအတက်ဘက် ရောက်လာတဲ့အတွက် ပြည်တွင်းစျေးကွက်မှာလည်း အရောင်း အဝယ် သွက်နေတယ်လို့ သိရပါတယ်။ ပို့ကုန်ပဲတွေထဲက မတ်ပဲကလည်း အတက်စျေးမှာဘဲ ရှိနေပြီး ပဲစင်းငုံနဲ့ မြေပဲ၊ နှမ်းက စျေးတန်း ထပ်တက်လာပါတယ်။ ပြောင်းက အကျစျေးမှာ ငြိမ်နေဆဲ ဖြစ်ပါတယ်။

    မတ်ပဲ

    မတ်ပဲကတော့ အခုတစ်ပတ် တနင်္လာနေ့ နဲ့ အင်္ဂါနေ့မှာ စျေးအကျပြခဲ့ပေမယ့် ကျန်တဲ့သုံးရက်မှာတော့ စျေးကွက်က အတက်ဘက်ကို ပြန်ရောက်ခဲ့ပါတယ်။ ပြည်တွင်းမှာ မတ်ပဲ စျေးက အတက်မှာပဲ ရှိနေပေ မယ့် FOB စျေးကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၇၃၅ မှ ၇၄၅ ရှိပြီး ၁၀ ဒေါ်လာ ပြန်ကျသွား ပါတယ်။ လက်ရှိ ပြည်တွင်းစျေးကွက်မှာ မတ်ပဲအဟောင်းက စျေးနှုန်းမြင့်ပြီး မတ်ပဲအသစ်ကတော့ စျေးနိမ့်ပါတယ်။ မတ်ပဲအရည်အသွေးနိမ့်တာတွေကလည်း စျေးရနည်းပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က  ၂၇၂၀၀၀၀၊ အင်္ဂါနေ့မှာ ၂၇၁၉၀၀၀၊ ဗုဒ္ဓဟူးနေ့မှာတော့မှာ ၂၇၇၅၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၂၇၈၅၀၀၀ ကျပ်နဲ့ သောကြာနေ့မှာတော့ ၂၇၈၀၀၀၀ ကျပ် စျေးရှိခဲ့ပါတယ်။ အရင်တပတ်တုန်းက မတ်ပဲ FAQ တစ်တန်ကို ၂၇၄၀၀၀၀ မှ အမြင့်ဆုံး ၂၇၇၅၀၀၀ကျပ်အထိ ရှိခဲ့ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံနီက ယခုတစ်ပတ်မှာလည်း တစ်တန်ကို ၁ သိန်းကျပ်လောက် စျေးတက်လာတာ တွေ့ရပါတယ်။ ပြည်တွင်း ပဲစင်းငုံနီစျေး တက်လာသလို ပြည်ပ FOB စျေးကလည်း ပဲစင်းငုံနီ တစ်တန်ကို အရင်တစ်ပတ်က အမေရိကန်ဒေါ်လာ ၇၀၀ မှ ၇၁၀ ရှိရာကနေ ယခုတစ်ပတ်မှာ ၇၃၀ မှ ၇၄၀ ဒေါ်လာ အထိ ရှိလာပါတယ်။ နယ်ပဲစျေးကွက်လည်း ဆက်တိုက်တက်လာပြီး အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။

     ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ ( 2026 crop) က တစ်တန်ကို တနင်္လာနေ့ကနေ သောကြာနေ့အတွင်း  ၂၇၆၇၀၀၀ ကျပ်မှ ၂၈၈၂၀၀၀ ရှိခဲ့ပါတယ်။ ပဲစဥ်းငုံနီ ( 2025 crop)က တစ်တန် ကို ၂၆၅၅၀၀၀ကျပ်မှ၂၇၈၅၀၀၀ကျပ်စျေးရှိခဲ့ပါတယ်။ အရင်တစ်ပတ် မှာတုန်းက   တနင်္လာနေ့ကနေ သောကြာနေ့ အတွင်း  ပဲစင်းငုံနီ ( 2025 crop) တစ်တန်ကို   ၂၆၇၀၀၀၀ကျပ်ရှိခဲ့ပါတယ်။

    နှမ်း

    အခုတပတ်မှာတော့ နှမ်းမျိုးစုံ စျေးနှုန်းက ထပ်မံ မြင့်တက်လာပါတယ်။ နှမ်းမျိုးစုံထဲမှာ နှမ်းဖြူ ဗမာက တစ်အိတ်ကို ၄၅၀၀၀ လောက်အထိ တက်လာပြီး နှမ်းညိုကလည်း ၂၀၀၀၀ မှ ၄၅၀၀၀ လောက် အထိ ထပ်တက်လာပါတယ်။ အလားတူ နှမ်းနက် စမုံ နဲ့ နှမ်းဖြူဂျပန်က တစ်အိတ်ကို ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်လောက် တက်လာတာတွေ့ ရပါတယ်။ နှမ်းနက် စမုံကို တရုတ်က ဝယ်လိုအား ကောင်းနေတဲ့အပြင် ကျန် နှမ်းအမျိုးအစား တွေကလည်း ပြည်တွင်းမှာ ဆီစက်တွေ ၊ လုပ်ငန်းသုံးသမားတွေက ဝယ်လိုအား ရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါ တယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းနက် စမုံ စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၇၀၀၀၀၀ ကျပ်မှ ၇၅၀၀၀၀ ကျပ်ရှိပြီးနှမ်းဖြူဂျပန်က ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ကျပ်ရှိ ပါတယ်။  နှမ်းညိုက ၃၂၀၀၀၀ မှ ၃၃၀၀၀၀ ရှိပြီး နှမ်းဖြူဗမာကလည်း  ၃၃၀၀၀၀ မှ ၃၄၀၀၀၀ စျေးတန်းရှိလာပါတယ်။

    မြေပဲ

    မြေပဲက အခုတပတ်မှာလည်း စျေးနှုန်း ထပ်မံ မြင့်တက်လာပါတယ်။မြေပဲ  အမျိုးအစား နဲ့ အရည်အသွေးပေါ် လိုက်ပြီး စျေးနှုန်း အသီးသီး မြင့်တက်လာတာ ဖြစ်ပါတယ်။  မြေပဲကို ပြည်ပကလည်း ဝယ်လိုအားရှိတဲ့အတွက် စျေးနှုန်းမြင့်လာတာဖြစ်ပါတယ်။.စျေးနှူန်းမြင့်တက်မှုနဲ့အတူ အရောင်းအဝယ် လည်းသွက် နေတယ်လို့သိရပါတယ်။

    မန္တလေးကုန်စည်ဒိုင်မှာ S1လုံးဆံတစ်ပိဿာကို ၁၀၀၀၀ မှ ၁၀၄၀၀ ကျပ် ရှိပြီး S1ဆီဆံ ၉၆၀၀ မှ ၉၈၀၀ ကျပ် စျေးတန်းဖွင့်ထားပြီး တစ်ပိဿာ ၁၀၀၀ ကျပ်လောက် စျေးတက်လာပါတယ်။

    အနီလုံးဆံကတော့ ၁၀၃၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်အထက် စျေး တက်လာ ပါတယ်။ Mတွဲလုံးဆံက ၉၈၀၀ မှ ၉၉၀၀ ကျပ်ရှိပြီး ၇၀၀ ကျပ်လောက်တက် ပါတယ်။ 

    ပြောင်း

    ပြောင်းဆံ ကတော့ အခုတစ်ပတ်အထိ အကျစျေးမှာပဲ ငြိမ်နေတာ တွေ့ရပါတယ်။ ပြောင်းဆံက လက်ရှိမှာ တရားဝင်လမ်းကြောင်းကနေ ပြည်ပတင်ပို့မှု ပမာဏ နည်း တဲ့အတွက် စျေးနှုန်း ငြိမ်နေတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီမှ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့် ပြန်စချိန်ရောက်မှသာ စျေးကအတက်ဘက်ပြန်ရောက်လာနိုင်တယ်လို့သုံးသပ်ထားကြပါတယ်။

    စျေးမတက်ပေမယ့်ပြည်တွင်း စျေးကွက်ထဲမှာတော့  အရည်အသွေးကောင်းပြီး အစိုဓာတ် ၁၅ ရာခိုင်နှုန်း ရှိတဲ့ ပြောင်းဆံ တွေ ဝယ်လိုအားရှိနေ ပါတယ်။လက်ရှိ ရန်ကုန်ဘုရင့်နောင်မှာ ပြောင်း တစ်ပိဿာကို ၁၄၃၀ မှ ၁၄၅၀ ကျပ်အတွင်းသာရှိပါတယ်။

    AMIA မှ ပေးပို့ပါသည်။

    (၁၂.၁.၂၀၂၆မှ၁၆.၂.၂၀၂၆) ရက်အတွင်း သုံးသပ်ချက်ဖြစ်ပါသည်။

    ------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
7376
cover
cover
cover
cover
cover