cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပတ်ဝန်းကျင်လည်းထိန်း၊ ကုန်ကျစရိတ်လည်းလျော့ချ အကျိုးမြတ်များမဲ့လယ်ယာလုပ်ငန်းအစီအစဥ် ရေးဆွဲခြင်းအတွက်စဉ်းစားရမည့် အချက်များ

. စိုက်ပျိုးအသိပညာ
အပိုင်း (၂)
  • ​နောက်ထပ် လယ်ယာလုပ်ငန်းအစီအစဥ်​ရေးဆွဲ စဥ်းစားရမဲ့အချက်က ပိုးမွှားရောဂါကာကွယ်နှိမ်နင်း ခြင်းပါ။ ​မြေသြဇာစု​ပေါင်းကြိုတင် ဝယ်ယူပါလို့ အကြံ​ပေးခဲ့သလိုပဲ မိမိတို့​ဒေသ မိမိ ခြံ၊ လယ်ယာ​မြေမှာ ကျ​လေ့ကျထရှိတဲ့ ပိုးမွှာ​ရောဂါကို သိရှိထားရုံနဲ ​ငွေ​ကြေးတတ်နိုင်တဲ့​တောင်သူများက ​​ဆေးကို ကြိုတင်ဝယ်ယူခြင်းဖြင့် ကုန်ကျစရိတ်​လျော့ချနိုင်သလို ​ငွေ​ကြေးမတတ်နိုင်တဲ့​တောင်သူများအ​နေနဲ့ လည်း ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း​ တွေကို အသုံးချပြီး ကြိုတင်ကာကွယ်ထားခြင်းအားဖြင့် ဆုံးရှုံးမှု့​တွေကို ​လျော့ချနိုင်ပါတယ်။ အထက်ကပြောခဲ့သလိုပဲ ကုန်​စျေးနှုန်းကြီးမြှင့်လာတာရယ် ရာသီဥတု ​​ဖောက်ပြန်လာတာ​တွေ​ကြောင့် ပိုးမွှား​ရောဂါ ကာကွယ် နှိမ်နင်းနည်းနဲ့ ပတ်သက်လို့ ​နေ့စဥ် ကွင်းဆင်းစစ်​ဆေးခြင်းနဲ့ သဘာဝပိုးသတ်​​ဆေးများကို ကြိုတင် အသုံးပြု​ဖော်စပ်ပြီး ကြိုတင်ကာကွယ် တဲ့အစီစဥ်ဟာ ထိ​ရောက်တဲ့ ကုန်ကျ စရိတ်​လျော့ချတာပါပဲ။  


    ပိုးမွှား​ရောဂါ ကျ​ရောက်တယ်ဆိုတာဟာ လူ​သားတွေလိုပါပဲ သူတို့သဘာ၀​ နေစရာ ပတ်ဝန်းကျင်က သက်တောင့်သက်သာ ဖြစ်​နေမယ်။ ​ဘေးအန္တရယ်မရှိဘူး၊ အစား​ရေစာ​ပေါများ​​နေမယ်ဆိုရင်​တော့ စုပြုံကျ​ရောက်လာမှာပါပဲ။ ဒါ​ကြောင့်မလို့ ​တောင်သူကြီး​တွေဘက်က​နေ ပိုးမွှား​ရောဂါ မကြိုက်တဲ့ အ​ခြေအ​နေပတ်ဝန်းကျင်ကို ဖန်းတီး​ပေးခြင်းဖြင့် ကြိုတင်ကာကွယ်ထားတဲ့အစီစဥ်​ရေးဆွဲသင့်ပါတယ်။ အကယ်၍များလို့အပ်လို့ရှိရင် ကျ​လေ့ကျထပိုးမွှား​တွေကျလာပြီဆိုရင် အရမ်းဆိုး၀ါးမသွားခင် ဒုတိယ၊ တတိယအစီအစဥ်​တွေ ကြိုပြင်ဆင်ထားလို့ရပါတယ်။  


    လိုအပ်လို့ ဓါတုပိုးမွှား​​ရောဂါသတ်​ဆေး သုံးရမယ်ဆိုရင် “သတိ၊ သိ၊ သိမ်း၊ သန့်၊ သင့်” ဆိုတဲ့ ​ရွှေ​ရောင် စည်းမျဥ်း (၅) ချက်ကို ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း​တွေနဲ့ ​ပေါင်းစပ် အသုံးပြုသင့်ပါတယ်။ အကယ်၍ ကိုယ်က ကျ​ရောက်တဲ့ ပိုးမွှား​ရောဂါ အ​ခြေအ​နေကို ထိန်းချုပ်ဖို့ မသိဘူးဆိုရင် သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုး​ရေး က ပညာရှင်ဝန်ထမ်း​တွေကို ​မေးနိုင်သလို၊ ယ​နေ့​ခေတ်လို့ နည်းပညာ ​ခေတ်မှာ အွန်လိုင်း က​ တဆင့် နည်းပညာအကြံ​ပေးတဲ့ ဝန်​ဆောင်မှု့လုပ်ငန်း​တွေရှိလာပြီ ဖြစ်လို့ အွန်လိုင်း က​ တဆင့် ပညာရှင်​တွေကို လည်း ​​သေချာ​မေးမြန်းပြီး ထိ​ရောက်တဲ့ ထိန်းချုပ်နည်း​တွေသာ အသုံးချ သင့်ပါတယ်။ အဲ့ဒီလိုလုပ်​ဆောင်ဖို့ အတွက်ဆိုရင်လည်း ဆက်သွယ်ရမဲ့​နေရာနဲ့ လိပ်စာကို ကြိုတင်သိရှိ ထား​အောင် ပြင်ဆင်ရပါမယ်။ 


    ​တောင်သူ အများစု မှာ ကြုံ​တွေ့​နေရတဲ့ပြသာနာဟာ ပိုးမွှား​ရောဂါ ဖြစ်​ပေမဲ့ ​တောင်သူ​တွေအများစုဟာ ပိုးမွှား​ရောဂါ ထိန်းချုပ်တဲ့အခါ အနာနဲ့​​ဆေးတခြားဆီ ဖြစ်တတ်ကြပါတယ်။ အစကတည်းက ​သေချာ ပြင်ဆင်မှု မရှိတဲ့အတွက် ဖျက်စီးမှု ပြင်းထန်မှသာ ထိန်းချုပ်ဖို့ သတိရကြပါတယ်။ အဲ့အမူအကျင့်က တကယ်မှားပါတယ်။ ​တောင်သူကြီးတို့ကိုယ်တိုင်လည်း သိပါတယ်။ ​နောက်တချက်က ပညာရှင်​တွေကို ​မေးမြန်းရမှာ အကျွမ်းတဝင်မရှိကြတာပါ။ 


    အဲ့လို​ကြောင့်ပဲ တချို့​တောင်သူများဆိုလျှင် ကိုယ့်အခင်းက ပိုး​ရောဂါမကျပဲ တခြားအခင်းဆေးဖြန်း တာနဲ့ လိုက်ဖြန်းပြီး ကုန်ကျစရိတ်တိုး​တော့တာပါ။ မလိုအပ်ပဲ ဓါတုပစ္စည်း သုံး​တော့ အကျိုးဆက်အ​နေနဲ့ ကိုယ့်အခင်းပတ်ဝန်းကျင်မှာရှိတဲ့ အကျိုးပြု ပိုးမွှား​တွေ အဏုဇီ၀​တွေကို ​သေ​စေနိုင်တာပါ။ ဥပမာ- ​မြွေက အန္တရယ်ရှိလို့ သတ်ကြတယ်၊ ငှက်​တွေစားကြတယ် ​မြွေ​တွေ၊ငှက်​တွေ ရှားပါးလာ​တော့ ​မြွေစာ ဖြစ်တဲ့ ကြွက်​တွေ​ပေါများလာတာပါပဲ. အဲ့ သ​ဘောတရားပါပဲ။ ဒါ​ကြောင့်မို့ ​တောင်သူကြီး​တွေကို အကြံ​ပေးချင်တာ လယ်ယာလုပ်ငန်းအစီအစဥ်​ရေးဆွဲတဲ့အခါ ပိုးမွှား​ရောဂါကို ဘယ်လိုကာကွယ် ထိန်း ချုပ် ရမလဲအစီစဥ်ကိုလည်း ပြင်ဆင်သင့်ပါတယ်။ 


    ဘက်စုံပိုးမွှာ​ရောဂါ ကာကွယ်နည်းစနစ်နဲ့ အကျိုး​ကျေးဇူး​တွေ သိချင်ရင်​တော့ ​ဖော်ပြပါ https://htwettoe.com/post/46487 link မှာ ဖတ်နိုင်ပါတယ် 


    လယ်ယာလုပ်ငန်းအစီအစဥ်​ရေးဆွဲရာမှာ မရိတ်သိမ်းခင် နဲ့ ရိတ်သိမ်းပြီး ဆောင်ရွက်မဲ့ လုပ်ငန်းဆောင် တာတွေအတွက် ပြင်ဆင်ရပါမယ်။​ အဓိက က စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်မှာ လုပ်သားရှားပါးမှု ပြဿနာနဲ့ လယ်ယာစက်ကိရိယာ မ​လောက်ငှမှုပါပဲ။ စာ​​ရေးသူ အ​ရှေ့မှာ​ဖော်ပြခဲ့သလိုပဲ ​တောင်သူ ဦးကြီး​၊ ဒေါ်ကြီးတို့က ကိုယ်​ရွေးချယ်ထားတဲ့ မျိုး ဥပမာ-စပါးက သက်ကြီးလား၊ သက်ငယ်လား၊ သက်လတ်လားသိထားရင် ရိတ်သိမ်းချိန်ကို ကြိုတင်ခန့်မှန်းပြီး လိုအပ်တာ​တွေ ချိတ်ဆက်ထားနိုင်တယ်၊ ကြိုတင်ညှိနှိုင်းထားတဲ့အခါ ရိတ်သိမ်းချိန်မှာ လူမရှိလို့ စက်မရှိလို့ စပါးကျွမ်းသွားတာမျိုး တချို့ လက်နဲ့ ရိတ်သိမ်းတဲ့အခါ ​ကောက်လှိုင်း​တွေ လိုက်ပြီးအချိန်မီ မသိမ်းနိုင်လို့ စပါး​တွေ ​ကြွေမဲ့ ​လေလွင့်ဆုံးရှုံးမှု့က​နေ ​လျော့ချ​ပေးနိုင်တဲ့ အစရှိတဲ့ ရလာဒ်ကိုခံစားရမှာပါ။  


    ​နောက်တစ်ခုက ရိတ်သိမ်းခါနီးတိုင်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းပါ။ ​တောင်သူ အများစုက မိုးမလာခင် “အခင်း​တွေ အသီး​တွေ ​ကောင်းလိုက်တာ အထွက်က​တော့ ​ကောင်းပြီ” ဆိုပြီး စိတ်ချ​နေ​ပေမဲ့ မိုးကျသွားတဲ့အခါ အပင်​တွေယိုင်လဲလို့အထွက်နှုန်း​တွေ ရသင့်သ​လောက်မရတာလဲ သိပြီးကြမှာပါ။ နှစ်စဥ် နှစ်စဥ် ရိတ်သိမ်းချိန် ပြင်ဆင်မှု အားနည်းလို့ ​လေ့လွင့်ရတဲ့ ပမာဏဟာ ၁၃.၄%-၂၀.၉ % အတွင်း ရှိပါတယ်။ စပါးတင်း ၁၀၀ နဲ့ တွက်ရင် တင်း ၂၀ ​လောက်က ​​လေ့လွင့်သွားတာပါ။ အဲ့ အ​လေ့အလွင့်က ​တောင်သူကြီးတို့ရဲ့အမြတ်ပါ။ ကိုယ့်အရင်းအနှီးရဲ့အမြတ်က ပြင်ဆင်မှုအားနည်းလို့ ဆုံးရှုံးမှု့က ​ကျော်လွန်သွား တာပါ။ ရိတ်သိမ်းပြီး​​နောက်​ရော ပြီးပြီလားဆို​တော့ ​နေလှန်း၊ ကြိတ်ခွဲ၊ သို​လှောင်ဖို့ အတွက် ​နေရာကို မ​ရောင်းချခင် အ​ရေအ​သွေးမကျဖို့ ​သေချာပြင်ဆင်ဖို့လည်း စဥ်းစားရ ပါမယ်။ မ​ရောင်းချခင် အချိန်ထိ ဖျက်ပိုးကင်းရှင်းဖို့ နဲ့ သီးနှံလိုအပ်တဲ့ အပူချိန် စိုထိုင်းစ​တွေ ရှိတဲ့​နေရာကို ပြင်ဆင်ထားမှသာ ​ရောင်းချတဲ့အခါမှာလည်း ​စျေး​ကောင်းရနိုင်မှာဖြစ်ပါတယ်။ 


    စိုက်ပျိုး​ရေးလုပ်ငန်းကို စားသောက်ရေးအတွက်ပဲ လုပ်​နေရတယ်လို့ ​တွေးတာက​နေ စီးပွား​ရေး လုပ်တယ်လို့ ​တွေးကြည့်ပါ။ တချို့​တောင်သူ​ငယ်တွေ ရှိပါ​တယ် ပိုင်ဆိုင်မှု့ ​မြေဧကများတယ်ဆို ဧက အကုန် စိုက်ချင်ကြတာပါပဲ။ အကျိုးဆက်က​တော့ စိုက်ထားတဲ့​မြေကွက်အကုန်လုံးကို ​သေ​သေချာချာ စီမံခန့်ခွဲနိုင်ဖို့ အားနည်းသွားတာပါ။ စာ​ရေးသူတို့ ​တောင်သူ​တွေ ထင်တာ များများစိုက်ရင် များများရမယ် ဒီလိုထင်ကြတာပါ။ ဥပမာအ​နေနဲ့ အကြံ​ပေးရရင် ​မြေ ၂ ဧက ရှိတယ်ဆိုပါစို့ ၂ ဧကလုံး ထွန်ယက်စိုက်ပျိုးမဲ့အစား ၁ ဧက စိုက်ပြီး ၂ ဧက အထွက်ရ​အောင် လုပ်​လို့မရဘူးလား။ ​မြေက စထွန်ယက်ပြီဆိုတာနဲ့ ကုန်ကျစရိတ်စကုန်တာပါပဲ။ စာ​ရေးသူတို့​တောင်သူ​တွေက စပြီးတာနဲ့ ပြန်မကြည့်​တော့ပဲ အခင်း​ဘေး အခင်းအ​နီး ဖြတ်သွားတဲ့သူ​ပြောမှ ပဲ ​ဆေးဖြန်း၊ ​မြေသြဇာ​ကျွေး၊​ရေထုတ် လုပ်ကြတာ။ တချို့ဆို ရိတ်သိမ်းမှပဲ အခင်းထဲ ပြန်​ရောက်​တော့တယ်။ စာ​ရေးသူနဲ့​ကတွေ့တဲ့​တောင်သူ​တွေကို​ပြောသလိုပဲ သားသမီး အများကြီး​မွေးမယ့်အစား ၁ ​ယောက် ၂ ​​ယောက် ပဲ ​ယူပြီး ပြည့်ပြည့်၀၀ ​ကျွေး​မွေးပြုစုမယ်ဆို ကိုယ်တိုင်လည်း တာ၀န်မများ​တော့သလို့ ကိုယ့်သားသမီးကလည်း ကျန်းမာ​ရေးချို့တဲ့တာ အာဟာရ မပြည့်ဝတာ ညဏ်ရည်မမီတာ​တွေ မဖြစ်​တော့ဘူး​ပေါ့။ က​လေးက လည်း ​​ပျော်ရွှင်​ကောင်းမွန်တဲ့ပတ်ဝန်းကျင်ရလို့ ထူးချွန်ထက်မြက်တဲ့သူဖြစ်လာမှာပါ။ အလားတူပါပဲ စာ​ရေးသူတို့ရဲ့​တောင်သူ​တွေကသာ ကိုယ်တတ်နိုင်တဲ့ ပမာဏ အားစိုက်ထုတ်မှု့က​နေ ​သေ​သေချာ​ချာ ​လေ့လာပြင်ဆင်ပြီး စနစ်တကျ နဲ့ သာ စိုက်ပျိုး​ရေးကို အစီစဉ်တကျလုပ်ကိုင်မယ်ဆိုရင် အ​လေ့လွင့် ဆုံးရှုံးမှုထပ် ပိုတဲ့ အကျိုး​ကျေးဇူးကို ရရှိနိုင်မဲ့အပြင် ​ပတ်၀န်းကျင်ကို ထိန်းသိမ်းတဲ့ စိုက်ပျိုး​ရေးလုပ်ငန်း က​နေ ရေရှည် တည်တံတဲ့ သက်​မွေးဝမ်း​ကြောင်းကိုလည်း တည်​ထောင်နိုင်မှာ ဖြစ်ပါတယ်။ 


    အပိုင်း ၁ အစမှာ ပြောခဲ့သလို စိုက်ချိန်မတိုင်ခင် ၊စိုက်ပျိုးပြီးနောက်၊ ရိတ်သိမ်းချိန် အပိုင်း(၃)ပိုင်း ခွဲခြားကြည့်ပြီး အစီအစဥ်​ရေးဆွဲရာမှာလည်း ​ဆောင်ရွက်မဲ့နည်းလမ်း၊ ​​ငွေကြေးတတ်နိုင်မှု ၊သင့်​​တော်တဲ့ အရင်းအမြစ် လက်လှမ်းမီနိုင်မှု၊ ရာသီဥတု အစရှိတာ​တွေကို အ​ခြေခံပြီး အစီစဥ် ၁ ၊ အစီအစဥ် ၂၊ အစီအစဥ် ၃ အစရှိသဖြင့် ပြင်ဆင်ကြမယ်လို့ ယုံကြည်ရင်း လာမဲ့ မိုးရာသီ အတွက် ရလာဒ် ကောင်းတွေပါရ စေလို့ ဆုတောင်း ပေးရင်း စာလေး ကို ရပ်လိုက်ပါတယ်။ 

    မေ့ရင်သွး


  • article
likes12comments11
views135views2429