တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- (၂၄. ၂ . ၂၀၂၅ မှ ၂၈. ၂. ၂၀၂၅) - ကုလားပဲ - ကုန်စည်ဒိုင်တွေကို ကုလားပဲ(လုံးဖြူကြီး)က အသစ်ဝင်ရောက်မှုရှိခြင်း၊ ပဲခွဲစက်နဲ့ ပဲကြော်၊ လှော်လုပ်ငန်းသမားတွေ အဝယ်ပုံမှန်ရှိခြင်းကြောင့် မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ တစ်အိတ်ကို ၂၃၀၀၀၀ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ - ကုလားပဲ(လုံးဝါကြီး)ကတော့ ပဲခွဲစက်သမားအဝယ်နည်းတာကြောင့် တစ်အိတ် ၂၃၀၀၀၀ကျပ်ဈေးပေါက်ရာကနေ ၂၂၀၀၀၀က် ကျပ် ဈေးကျလာပါတယ်။ - ကုလားပဲခွဲခြမ်းကတော့ အလှူပွဲတွေ နည်းပါးခြင်းကြောင့် အရောင်းအဝယ်အေးပြီး အရင်အပတ်ကအတိုင်း ၁ ပိဿာ ၆၀၀၀ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ - ပဲပုတ် - ဒီတစ်ပတ်မှာတော့ ပဲပုတ် ဈေးတန်းအေးနေပါတယ်။ ပဲပုတ်(မြန်မာ)ကလက်ရှိမှာ ကုန်စည်ဒိုင်တွေကို ဆောင်းပဲအသစ်တွေ အဝင်နည်းခြင်း၊ လုပ်ငန်းသမားသာအဝယ်ပုံမှန်ရှိတဲ့အတွက် အရည်အသွေးပေါ်လိုက်ပြီးဈေးအနိမ့်အမြင့်ရှိနေပါတယ်။ - ပဲပုတ်(ရှမ်း)ကေတာ့ဈေးကွက်အတွင်းကို ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်းခြင်းကြောင့်ဈေးတန်းအတက်အကျမကြမ်းဘဲ ငြိမ်နေပါတယ်။ - မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပဲပုတ် မြန်မာက ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိပြီး ပဲပုတ်ရှမ်းက ၃၂၅၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပါတယ်။ - မတ်ပဲ - မတ်ပဲကတော့ အခုအပတ်မှာ ဈေးတန်းထပ်တက်လာပြီး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော်ဈေးတန်း နှစ်ရက်လောက်အထိ ရှိခဲ့ပါတယ်။ - မတ်ပဲဈေးက တစ်တန်ကို ၂၉ သိန်း ကျော် သိန်း ၃၀ ဝန်းကျင်မှာပဲ ရှိနေတာပါ။ မတ်ပဲအသစ်တွေပေါ်နေပြီး ရောင်းအားများနေသလို ပြည်တွင်းဝယ်လိုအားလည်း ကောင်းနေပါတယ်။ အိန္ဒိယကိုလည်းပုံမှန်တင်ပို့မှု ရှိနေပါတယ်။ မတ်ပဲဈေး ထပ်ပြီးတက်နိုင်မလားဆိုတာကတော့ အိန္ဒိယဈေးကွက်ပေါ် အဓိကမူတည်နေပြီး နိုင်ငံခြားငွေဈေးအတက်အကျပေါ်လည်းမူတည်နေပါတယ်။ - အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ) တစ်တန်ကို ၃၀၂၂၀၀၀ ကျပ်၊အင်္ဂါနေ့မှာ ၃၀၁၂၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၈၃၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၂၉၇၃၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၉၃၀၀၀ ကျပ်ရှိပါတယ်။ ခုတစ်ပတ်မှာ ၄၀၀၀၀ ကျော်လောက် ထပ်အတက်ပြလာပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၆၅၀၀၀ မှ ၂၇၅၀၀၀ ကျပ်ရှိပါတယ်။ - ပဲစဉ်းငုံ - ပဲစဉ်းငုံကတော့ အရင်အပတ်ကထက် ဈေးတန်းအနည်းငယ်ပြန်ကျပေမယ့် သိန်း ၃၀ အထက်မှာပဲရှိနေတာ တွေ့ရပါတယ်။ ပဲစဉ်းငုံက ဈေးတန်းအေးပေမယ့် ပြည်ပတင်ပို့မှုရှိပြီး ပြည်တွင်းမှာလည်း အရောင်းအဝယ်သွက်နေပါတယ်။ - ခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လါနေ့က ပဲစဉ်းငုံနီ တစ်တန်ကို ၃၀၆၃၀၀၀ ကျပ်၊အင်္ဂါနေ့မှာ ၃၀၃၀၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၂၂၀၀၀ ကျပ်၊ ကြာသပတေးနေ့က ၃၀၀၀၀၀၀ ကျပ်၊ သောကြာနေမှာ ၃၀၁၀၀၀၀ ကျပ်ရှိတာကြောင့် တပတ်အတွင်းမှာ ၅၀၀၀၀ ကျပ်လောက်အတက်အကျရှိခဲ့ပါတယ်။ အရင်အပတ်နဲ့သောကြာဈေးနဲ့ ခုတစ်ပတ်သောကြာနေ့ဈေးကွက် ယှဉ်ရင်တော့ ၅၈၀၀၀ ကျပ်ကျလာပါတယ်။ - မန္တလေးဈေးကွက်မှာ ခုတပတ်မှာ ပဲစဉ်းငုံနီကို ပိဿာ ၆၀ ကို၂၈၂၀၀၀ မှ ၂၈၃၀၀၀ ကျပ်ရှိပြီး ၅၀၀၀ ကျပ်ကျသွားပါတယ်။ - ပြောင်း - ခုတစ်ပတ်မှာ အစေ့ထုတ်ပြောင်း ဈေးပြန် ကျလာပါတယ်။ ပြောင်းဈေးကျပေမယ့် - ပြောင်းဆံကို ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နေတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့မှုရှိနေပါတယ်။ တရုတ်နဲ့အိန္ဒိယကလည်း ပြောင်းဝယ်ဖို့ကမ်းလှမ်းမှုတွေရှိနေလို့ ပြောင်းဈေးထပ်တက်ဖို့ မျှော်လင့်ချက်ရှိနေကြပါတယ်။ - ခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၇၀ မှ ၁၆၈၀ မှကျပ်သာရှိပါတယ်။ အရင်အပတ်ကထက် ၂၀ ကျပ်ကျပါတယ်။ - မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာလည်း ဈေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၄၅၀၀ ကျပ်၊ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၅၀၀ ကျပ် ရှိပါတယ်။ - ကြက်သွန်နီ - ကြက်သွန်နီကတော့ ဈေးကွက်ထဲရောင်းလိုအားများနေတဲ့အတွက် ဈေးတန်းဆက်တိုက် ကျနေပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ကိုလည်းကြက်သွန်ကားဝင်ရောက်မှုနေ့စဉ် အစီးရေ၂၀ အထက်မှာရှိနေပါတယ်။ကြက်သွန်ဈေးနှုန်းတွေကတော့တစ်ရက်ကို ၅၀ ကျပ်မှ ၁၀၀ ကျပ် ဈေးကျနေတာဖြစ်ပါတယ်။ဈေးကျပေမယ့်အရောင်းအဝယ်သွက်နေပါတယ်။ - ရန်ကုန်ဘုရင့်နောင်မှာ ဆိပ်ဖြူကြက်သွန်က ၁၅၅၀မွ ၂၆၅၀ ကျပ်ရှိပြီး မြစ်သားကြက်သွန်က ၂၀၀၀ မှ ၂၉၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။ - (AMIA) - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်။ - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
