ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်‼️‼️
နောက်လာ မဲ့ ၄၈ နာရီ(၂ ရက်အတွင်း) ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး သိသိသာသာအားပိုကောင်းမလာနိုင်ပါ။ ကြိုတင်ခန့်မှန်းရေး model များရဲ့တွက်ဆမှုက မြောက်- အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ခြေများကြောင်းခန့်မှန်းတာ တွေ့ရပါတယ်။
#ဒီအခြေအနေကြောင့် ဧပြီ ၁၁ ရက် မှ ၁၃ ရက်အထိ ငလျင်ဒဏ်ခံစားခဲ့ကြရတဲ့ စစ်ကိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်ဒေသများအတွင်း နေရာကွက်ပြီး မိုးသည်းထန်နိုင်ပါတယ်။
ဒီအချိန်မှာ မိုးလေဝသအခြေအနေများသည် မြို့နယ် တခုနှင့်တခု မတူနိုင်ပါ၊
မိမိနေထိုင်ရာမြို့များ၏ - ၄ ရက် စာ မိုးလေဝသအခြေအနေခန့်မှန်းချက် စာမျက်နှာ https://www.mmweather.org/divisional-cities-weather ကို ဆက်ကြည့်ပေးထားကြပါရန် ...
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437