cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း ဧပြီ ၂၂ ရက် မှ ဧပြီ ၂၈ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
စပါးအခြောက်ကြဲခင်းစိုက်ကြမည့်တောင်သူများအနေနဲ့ မိုးရွာပြီးချိန်မှ (၁-၅)ရက်အတွင်း ထွန်ရေးပြင်ပြီး စပါးမကြဲခင် မြေကြီးပေါ်သို့ Pendimethalin ပေါင်းအုပ်ဆေးကို ပက်ဖျန်း၍လည်းကောင်း၊ မျိုးစေ့ချပြီးပြီချင်း (သို့မဟုတ်) မျိုးစေ့ချပြီး ၂၄ နာရီအတွင်း ကြမ်းတုံးရိုက်ပြီးနောက် မြေကြီးပေါ်သို့ပက်ဖျန်းအသုံးပြုပါ။
  • ကပ္ပလီပင်လယ်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့မှတိုက်ခတ်လာသည့် အနောက်-အနောက်တောင်လေစီးကြောင်းသည် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ မုတ္တမကွေ့မှ တဆင့် ပဲခူးရိုးမ အရှေ့ခြမ်း/အနောက်ခြမ်းသို့ တောင်ဘက်မှ တိုက်ခတ်ဝင်ရောက်လာလျှက်ရှိပါသည်။ 

    ဤလေစီးကြောင်းနှင့်အတူပါလာနိုင်သည့် မိုးတိမ်များကြောင့် ပဲခူးတိုင်း(အရှေ့နှင့်အနောက် ဒေသများ)အတွင်း မိုးရွာနိုင်သည့်အခြေအနေများဖြစ်ပေါ်နိုင်သော်လည်း မိုးရွာရန်ရာခိုင်နှုန်းအားဖြင့်အလွန်နည်းနေပါသည်။ 

    နေ့အပူချိန်များ ၄၀°C ဝန်းကျင်အထိမြင့်တက်လာနိုင်ပါသည်။ ပဲခူးတိုင်းအနောက်ခြမ်းသည် ပဲခူးတိုင်းအရှေ့ခြမ်းထက် အပူချိန်ပိုမိုမြင့်မားနိုင်ပါသည်။ 

    ဤရက်သတ္တပါတ် ၁ ပါတ်ကိုကျော်လွန်ပြီး ဧပြီလ လကုန်ရက်များ(၂၈ ရက် နောက်ပိုင်း)နှင့် မေလ လဆန်းပိုင်းရက်များတွင် မိုးအနည်းရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နိုင်ပါသည်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ရန်ပြင်ဆင်ကြတော့မည့်တောင်သူများထံသို့ 

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    • စပါးအခြောက်ကြဲခင်းစိုက်ကြမည့်တောင်သူများအနေနဲ့ မိုးရွာပြီးချိန်မှ (၁-၅)ရက်အတွင်း ထွန်ရေးပြင်ပြီး စပါးမကြဲခင် မြေကြီးပေါ်သို့ Pendimethalin ပေါင်းအုပ်ဆေးကို ပက်ဖျန်း၍လည်းကောင်း၊ မျိုးစေ့ချပြီးပြီချင်း (သို့မဟုတ်) မျိုးစေ့ချပြီး ၂၄ နာရီအတွင်း ကြမ်းတုံးရိုက်ပြီးနောက် မြေကြီးပေါ်သို့ပက်ဖျန်းအသုံးပြုပါ။ 
    • မိုးစပါးသည် နွေစပါးထက်ပေါင်းပေါက်ရောက်မှုများတာကြောင့် ပေါင်းအုပ်ဆေးကိုကြိုတင်အသုံးပြုတာ ၊ ပေါင်းပေါက်ရောက်ပြီး ပေါင်းပင်ငယ်စဥ် ရွေးချယ်ပေါင်းသတ်ဆေးကိုသေချာစနစ်တကျ အသုံံးပြုဖို့လိုပါတယ်။ 

    ပဲတောင့်ရှည်စိုက်တောင်သူများထံသို့ 

    • ပဲတောင့်ရှည်တွင် ရွက်ထွင်း (ဖလံ)အုပ်စုဖျက်ပိုးများကျရောက်နေတာကို ကြားရသောကြောင့် ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဆွေးနွေးလိုက်ပါတယ်။ 
    • ရွက်ထွင်းကျရောက်ပါက စိုက်ခင်းအစိုဓာတ်ကို ခေတ္တဖြတ်ပေးပါ။ 
    • အသုံးပြုနိုင်သောဓာတုဆေးများ- Emamectin benzoate, Spinosad, Flubendiamide, Beta Cypermethrin 

    ငါးကန်ပြင်ဆင်ချိန်ကာလအတွင်း မြေသြဇာ အသုံးပြုခြင်း  

    မြေသြဇာကျွေးခြင်းဖြင့် သဘာဝငါးစာဖြစ်သည့်ရေညှိ၊ အင်းဆက်ငယ်များ၊ တီကောင်ငယ်များ၊ သံကောင်နှင့် ပိုးကောင်းများ ငါးကန်အတွင်းကြီးထွားဖြစ်ထွန်းစေပါသည်။  

    မြေသြဇာထည့်သွင်းအသုံးပြုပုံ နည်းစနစ်များ 

    • တီဆူပါကို တစ်ညသိပ်ရေစိမ်ထားပါ။  

    • နောက်တစ်နေ့နံနက်နံနက်(၁၀-၁၁)နာရီခန့်တွင် ပုလဲဓါတ်မြေသြဇာကို ရေဖျော်၍ ညသိပ်ရေစိမ်ထားသော တီဆူပါနှင့် ရောစပ်၍ ကန်ရေပြင်အနှံ့ နှံစပ်အောင်ဖြန်းပေးပါ။  

    ငါးကန်ပြင်ဆင်ချိန်ကာလမြေသြဇာကျွေးမည့် ပမာဏ (ဝ.၀၁ ဧက ကန်) အတွက် - 

    • သစ်ရွက်ဆွေး (သို့) နွားချေးခြောက်- (၆-၁၀ ကီလိုဂရမ်) ၃ ပိဿာ ၇၅ကျပ်သားမှ ၆ ပိသာခန့်  

    • ယူရီးယား(ပုလဲ) - (၁၅၀ဂရမ်-၂၀၀ ဂရမ်/ ၁၀ ကျပ်သားခန့်- ၁၂ကျပ်ခွဲသားခန့်)  

    • တီဆူပါ ၇၅-၁၀၀ ဂရမ် (၅ ကျပ်သားခန့် - ၆ ကျပ်သားခန့်) တို့ဖြစ်သည်။ 

    ထပ်မံ၍ ငါး၊ ပုစွန်မွေးမြူခြင်းနှင့်ပတ်သတ်ပြီး အကြံပြုချက် ရယူလိုပါက ထွက်တိုး Call Center ဖုန်း 09-977910000 ကို ရုံးပိတ်ရက်များမှလွှဲပြီး မနက် ၉နာရီမှ ညနေ၄နာရီ အတွင်း ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။   

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • ပဲခူးအရှေ့ (သက္ကလ)


  • article
  • ပဲခူးအနောက် (နတ္တလင်း)


likes
6
comments
0
views
4266