ပဲခူးတိုင်း မေလ ၁၃ ရက် မှ မေလ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ
လက်ရှိဖြစ်ပေါ်နေတဲ့ပင်လယ်ပြင်အခြေအနေတွေနဲ့ အနောက်တောင်မုတ်သုံလေဝင်ရောက်လာနိုင်မဲ့အခြေအနေများအရ -
မေလ ၁၅-၁၆-၁၇ ရက်တွေမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု အစပျိုးဖြစ်ပေါ်လာနိုင်ပြီး၊ အနောက်တောင်မုတ်သုံလေကလဲ မြစ်ဝကျွန်းပေါ်ဒေသများမှ အလယ်ပိုင်းဒေသများဆီသို့ ဆက်လက်ဝင်ရောက်ရန်တာစူနေတဲ့အချိန်ဖြစ်ပါမယ်။
မေလ ၁၅-၁၆-၁၇ ရက်များအတွင်းမှာ-
ပဲခူးတိုင်းအရှေ့ခြမ်း မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်၊
ပဲခူးတိုင်းအနောက်ခြမ်းဒေသတော်တော်များများမှာတော့ မေလ ၁၅ ရက် ၁ ရက်မှာသာ မိုးများနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးအသင့်အတင့်မှ မိုးနည်းနေနိုင်ပါမယ်။ ပဲခူးတိုင်းတစ်ခုလုံးအနေနဲ့ခြုံပြောရရင်တော့ ဒီ ၁ ပတ်က မိုးများနိုင်မဲ့ ရက်သတ္တပတ် ၁ ပတ်ဖြစ်ပါမယ်။
ပဲခူးတိုင်းအတွင်း လေထုစိုထိုင်းဆ ၈၀% ဝန်းကျင်မှာရှိနေပြီး အမြင့်ဆုံးအပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၄°C အထိ ကျဆင်းနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက်
"မိုးရာသီတွင် ငါးကန်များ၌ ဖြစ်တတ်သောအခြေအနေများ" သတိပြုရန်
- မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ကန်ရေ၏အပူချိန်သည်လည်း ကျဆင်းနေတတ်ပါသည်။
- အပူချိန်ကျဆင်းမှုသည် ၂၅ဒီဂရီင်တီဂရိတ်အောက် ရောက်နေပါက ငါးများသွားလာလှုပ်ရှားမှုနည်း ခြင်းအပြင် အစာစားနှုန်းလည်း ကျဆင်းတတ်ပါသည်။
- ငါးမွေးကန်သည် မိုးအုံ့နေသောအချိန်တွင် နေရောင်ခြည် မရရှိသဖြင့် အလင်းမှီ အစာစုဖွဲ့ခြင်းအလုပ်ကို မလုပ်နိုင်ပါ။
- ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် မထွက်ရှိနိုင်ပါ။ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် နည်းပါးပြီး ငါးများအသက်ရှူနှုန်း အပြည့်အဝမရရှိနိုင်ပါ။
--------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437