cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ပင်လယ်အော်မှာဖြစ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းလာပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ ၁၉ ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်နိုင်မယ်
  • #ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေတော့ ၇၀% ရှိကြောင်း

    လက်ရှိဖြစ်ပေါ်နေတဲ့ပင်လယ်ပြင်အခြေအနေတွေနဲ့ အနောက်တောင်မုတ်သုံလေဝင်ရောက်လာနိုင်မဲ့အခြေအနေများအရ -

    မေလ ၁၄ ရက်မှ စတင်ပြီး မိုးဦးကာလမိုးများ ရန်ကုန်တိုင်းအတွင်းစတင်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းလာပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ ၁၉ ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်နိုင်မယ်၊ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေတော့ ၇၀% ရှိကြောင်း ECMWF Cyclone activity (including genesis) Chart မှာ နေ့စဉ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    ရန်ကုန်တိုင်းရဲ့ ခရိုင်အားလုံးမှာ မေလ ၁၅ ရက်နေ့က စ ပြီး မိုးများရာမှ မိုးအလွန်များနိုင်(မီလီမီတာ ၁၀၀ ကျော် = ၄ လက်မကျော်ခန့်အထိ) မိုးရေချိန်ရရှိနိုင်ပါတယ်။

    တောင်ဘက်နှင့်အနောက်တောင်ဘက်မှ လေပြင်းတစ်နာရီ ၁၀ မိုင်မှ ၂၅ မိုင် အထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပြီး -

    မေလ ၁၁ ရက်နေ့အထိ ၃၅°C ရှိနေတဲ့ အပူချိန်က မေလ ၁၂-၁၃ ရက်နောက်ပိုင်းကစပြီး ၃၀°C အထိကျဆင်းလာနိုင်ပါမယ်။ မိုးရွာပြီးချိန်မှာ လေထုစိုထိုင်းဆ ၈၀% အထက်မှာ ရှိနေပါမယ်။

    Weather Source: U Win Naing

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ရန်ပြင်ဆင်ကြတော့မည့်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    မိုးစပါးအတွက် မျိုးရွေးချယ်ရာတွင် ရွက်ညိုပြောက်၊ စပါးဂုတ်ကျိုး၊ ဘက်တီးရီယားရွက်ခြောက်ကျခဲ့ဖူးသော အခင်းမှ မျိုးကိုမစိုက်ပါနဲ့။

    မဖြစ်မနေရွက်ညိုပြောက်ကျခဲ့ဖူးသော အခင်းမှမျိုးကိုပြန်လည်စိုက်မည်ဆိုပါက စပါးမျိုးစေ့များကို ဆားရည်တွင် မိနစ် ၂၀ ခန့်စိမ်ပြီးမှ စိုက်ပါ။

    မှိုမျိုးစေ့လူးနယ်ဆေးအသုံးပြုလိုပါက Captan ကိုရွေးချယ်နိုင်ပါတယ်။

    မိုးရာသီတွင် ပေါင်းများသည်နှိမ်နင်းရခက်သောအဓိကပြဿနာဖြစ်သောကြောင့် လယ်မြေကိုထယ်နက်နက်ထိုး၍ ကြိုတင်ပြင်ဆင်ထားပါ။

    စိုက်ခင်းအတွင်းပေါက်နေသောပေါင်းများအတွက် ရွေးချယ်မဲ့ပေါင်းသတ်ဆေးအသုံးပြုလိုပါက စပါးမစိုက်ခင် အနည်းဆုံး ၂ ပါတ်ခန့် ကြိုတင်အသုံးပြုဖို့လိုပါတယ်။

    ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက်

    "မိုးရာသီတွင် ငါးကန်များ၌ ဖြစ်တတ်သောအခြေအနေများ" သတိပြုရန်

    မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ကန်ရေ၏အပူချိန်သည်လည်း ကျဆင်းနေတတ် ပါသည်။

    အပူချိန်ကျဆင်းမှုသည် ၂၅ဒီဂရီင်တီဂရိတ်အောက် ရောက်နေပါက ငါးများသွားလာလှုပ်ရှားမှုနည်း ခြင်းအပြင် အစာစားနှုန်းလည်း ကျဆင်းတတ်ပါသည်။

    ငါးမွေးကန်သည် မိုးအုံ့နေသောအချိန်တွင် နေရောင်ခြည် မရရှိသဖြင့် အလင်းမှီ အစာစုဖွဲ့ခြင်းအလုပ်ကို မလုပ်နိုင်ပါ။

    ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် မထွက်ရှိနိုင်ပါ။ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် နည်းပါးပြီး ငါးများအသက်ရှူနှုန်း အပြည့်အဝမရရှိနိုင်ပါ။

    --------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


likes
9
comments
0
views
5754