ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
မေလ ၂၀ ရက်နေ့မှာ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီး နောက်လာမည့် ၂ ရက် ခန့်မှာ မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဆက်လက်ဝင်ရောက်ပြီး မိုးရာသီအတွင်း တစ်နိုင်ငံလုံးကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။
ထူးခြားသောမိုးလေဝသအခြေအနေ
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာ မေလ ၂၆ ရက်နေ့မှ စ တင်ပြီး လေဖိအားနည်းရပ်ဝန်း တ ခု ဖြစ်လာရန်ရှိပါတယ်၊ လေဖိအားနည်းရပ်ဝန်း စတင်နိုင်မဲ့ ပင်လယ်ပြင်က တည်နေရာပေါ်မူတည်ပြီး မြန်မာနိုင်ငံနေရာဒေသအလိုက် မိုးသက်လေပြင်းကျခြင်း၊ မိုးများခြင်း(၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက် ရွာသွန်းခြင်း)တွေ ဖြစ်လာနိုင်သလို ပင်လယ်ပြင်မှာလဲ လေတိုက်နှုန်းပြင်းထန်ပြီး လှိုင်းကြီးနိုင်မည့်အခြေအနေတွေကို မေလ ၂၃ - ၂၄ ရက်နေ့များမှာ စတင်ကြုံတွေ့ရနိုင်ပါတယ်။
ဧရာဝတီတိုင်းတစ်ခုလုံးမှာ မေလ ၂၃ ရက်နေ့မှ ဇွန်လ လဆန်းပိုင်းရက်တွေအထိနေ့စဉ် မိုးအသင့်အတင့်မှ မိုးများနေနိုင်ပါမယ်။
လပွတ္တာ၊ ပြင်စလူ၊ ဒေါ်ငြိမ်း၊ ရွဲ၊ အောင်လှိုင်၊ အလယ်ပေါက် စတဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းပေါ်က ရွာတွေမှာ လေတိုက်နှုန်း တစ်နာရီမိုင် ၄၀ အထက်နှင့် လှိုင်းအမြင့် ၅ ပေခန့်အထိ ရိုက်ခတ်နိုင်ပါတယ်။
မေလ ၂၂ ရက် မှ စတင်ပြီး နေသာချိန်နည်းလာကာ မိုးပြတ်တောင်းစတင်ရွာလာနိုင်မှာကြောင့် ရိတ်သိမ်းပြီး နွေစပါးလှမ်းသူများအတွက်လည်း အထူးသတိထားကြစေချင်ပါတယ်။
ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်ခြင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ လှိုင်းကြီးခြင်းစတဲ့ ထူးခြားမိုးလေဝသအခြေအနေသက်ရောက်မှုတွေက ဇွန်လ လဆန်းပိုင်းအထိ ဆက်လက်ရှိနေနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Source: U Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်
မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ငါးကန်ရေ အပူချိန် ကျဆင်းနေတတ်ပါသည်။ အပူချိန်ကျဆင်းမှုသည် ၂၅ဒီဂရီင်တီဂရိတ်အောက် ရောက်နေပါက ငါးများသွားလာလှုပ်ရှားမှုနည်း ခြင်းအပြင် အစာစားနှုန်းလည်း ကျဆင်းတတ်ပါသည်။ - အစာကို သတ်မှတ်နှုန်းထားထက် လျော့ကျွေးရန်။
ငါးမွေးကန်သည် မိုးအုံ့နေသောအချိန်တွင် နေရောင်ခြည် မရရှိသဖြင့် အလင်းမှီစု အစာဖွဲ့စည်းခြင်းအလုပ်ကို မလုပ်နိုင်ပါ။ ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် နည်းပါးပြီး ငါးများအသက်ရှူနှုန်း အပြည့်အဝမရရှိနိုင်ပါ။ - ရေဒလတ်လည် ပတ်ခြင်းနဲ့ ရေဖြန်းပေးခြင်းတွေကို ညဘက်နဲ့ မနက်စောစောတွင် ဆောင်ရွက်ရန်၊
-----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437