cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း မေလ ၂၃ ရက်မှ မေလ ၂၉ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မေလ ၂၆ ရက်နေ့မှာ မိုးရေချိန်အများဆုံး ရွာသွန်းနိုင်ကြောင်း၊ ၂၄ နာရီအတွင်း မိုးရေချိန် ၅၅ မီလီမီတာနှင့်အထက် (၂ လက်မကျော်ခန့်) ရရှိနိုင်ကြောင်း ခန့်မှန်းရပါတယ်။
  • မေလ ၂၁ ရက်နေ့မှာ အနောက်တောင်မုတ်သုံလေသည် မြန်မာပြည်အထက်ပိုင်းဒေသတွေကို စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားနည်းနေချိန် (မေလ ၂၃ ရက်မှ မေလ ၂၅ ရက်အထိ) ရက်ပိုင်းအတွင်းမှာ မုတ်သုံလေ အားပျော့နေတာကြောင့် မုတ်သုံမိုး ရရှိနိုင်မှုနည်းနေနိုင်ပါတယ်။ 

    ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၂၅၊ ၂၆၊ ၂၇ ရက်တွင် လေဖိအားနည်းရပ်ဝန်း / မုန်တိုင်း အစပျိုး ဖြစ်ပေါ်နိုင်သည့်အချိန်မှစတင်၍ မုတ်သုံလေအား ပြန်ကောင်းလာနိုင်ပြီး နိုင်ငံအနှံ့အပြား မိုးရွာသွန်းခြင်း ပိုမိုလာနိုင်ပါတယ်။ 

    ကြိုတင်ခန့်မှန်းချက်တွေအရ မေလ ၂၄၊ ၂၅ နဲ့ ၂၆ ရက်တွေမှာ မန္တလေးတိုင်းမြောက်ဘက်က သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်းဒေသတွေနဲ့ အရှေ့ဘက်က မြစ်ငယ်မြစ်တလျှောက်နဲ့ ပြင်ဦးလွင်၊ မန္တလေးတိုင်းတောင်ဘက်မှ ပုပ္ပါးတောင်တဝိုက်က မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မလှိုင် စတဲ့ဒေသတွေ၊ မန္တလေးမြို့တောင်ဘက်က ကူမဲ၊ မြစ်သား၊ ကျောက်ဆည်၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ သဲတော စတဲ့ဒေသတွေမှာ မိုးရွာနှုန်း (RAIN RATE) များနိုင် (မိုးသည်းထန်နိုင်)ပြီး မေလ ၂၆ ရက်နေ့မှာ မိုးရေချိန်အများဆုံး ရွာသွန်းနိုင်ကြောင်း၊ ၂၄ နာရီအတွင်း မိုးရေချိန် ၅၅ မီလီမီတာနှင့်အထက် (၂ လက်မကျော်ခန့်) ရရှိနိုင်ကြောင်း ခန့်မှန်းရပါတယ်။ 

    ပင်လယ်ပြင်အခြေအနေများအရ တောင်ဘက်မှ လေပြင်း တနာရီ ၁၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်တာ သတိပြုရပါမယ်။ 

    ရက်ဝေးကြိုတင်ခန့်မှန်းချက်အနေနဲ့ ဇွန်လဆန်းမှ စတင်ပြီး မိုးရွာသွန်းတာ မိုးတွင်းမိုးရွာသွန်းခြင်း ပုံမှန်ဖြစ်သွား/မိုးဆက်ရွာသွားတော့မှာ ဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်တောင်သူများ ပေါင်းသတ်ဆေးရွေးချယ်အသုံးပြုရာတွင် သီးနှံသက်တမ်းအလိုက် ရွေးချယ်အသုံးပြုပေးရပါမည်။ 

    • နှမ်းမစိုက်ခင်တွင် အမြစ်ပြတ် ပင်လုံးပြန့် ရွေးချယ်မဲ့ပေါင်းသတ်ဆေး Glyphosate ကို သုံး၍ပေါင်းရှင်းလင်းပေးရမည်။ 
    • တုန်းကြမ်းရိုက်ပြီးချိန်နှင့် စိုက်ပြီး ( ၀- ၂ ) ရက်အတွင်း မြေအစိုဓာက်ရှိချိန်တွင် ပေါင်းအုပ်ဆေး အနေဖြင့် Metolachlor သို့မဟုတ် Pendimethalin ကိုသုံးပေးရမည်။ 
    • နှမ်းစိုက်ပြီးနောက်ပိုင်းတွင် Fluazifop-P-butyl နှင့် Quizalofop-p-ethyl ကဲ့သို့သော ရွေးချယ်ပေါင်းသတ်ဆေးများကိုဖျန်းရပါမည်။ 
    • လက်ပေါင်းလိုက်ကုန်ကျစရိတ်နှင့်စာလျှင် ကုန်ကျစရိတ်အလွန်သက်သာသည်။ 
    • ပေါင်းပင်ငယ်စဉ်မှကြီးသည်အထိ နှိမ်နင်းနိုင်သည်။ 
    • Formesafen Paraquat နှင့် Atrazine ကဲ့သို့သောပေါင်းသတ်ဆေးများအား နှမ်းအတွက် လုံးဝ အသုံးမပြုသင့်ပါ။ 

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် 

    • မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။ 
    • ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။ 
    • ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။ 
    • ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်း ကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧက လျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။ 
    • ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင်ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။ 

    ----------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
6368