ရန်ကုန်တိုင်း မေလ ၂၆ ရက် မှ ဇွန်လ ၁ ရက်အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး မေလ ၂၉ ရက် ညတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးမှကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း GFS, GEFS, GEPS နှင့် HWRF model ကြိုတင်ခန့်မှန်းချက်များတွင်တွေ့ရပါတယ်။ - ECMWF cyclone activity chart မှ ကြိုတင်ခန့်မှန်းချက်တွင် လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀% ရှိကြောင်း ကြိုတင်ခန့်မှန်းထားသည်ကိုလည်းတွေ့ရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ရွေ့လျားမည့်လမ်းကြောင်းညာဘက်ခြမ်းရှိမြန်မာနိုင်ငံအပေါ် ၎င်း၏သက်ရောက်မှုသည် ရွေ့လျားရာလမ်းကြောင်း၏ဘယ်ဘက်ခြမ်းမှအိန္ဒိယနိုင်ငံထက် ပိုမိုများနိုင်ပါတယ်။ - မေလ ၂၆ ရက်၊ မွန်းလွဲညနေပိုင်းမှ စတင်၍ ဇွန်လ ၁ ရက်အထိ ၇ ရက်အတွင်းမှာ ပျမ်းမျှခြင်းအားဖြင့် - ၂၄ နာရီအတွင်း မိုးရေချိန် ၄၀ မီလီမီတာ (၁.၆ လက်မ ခန့်)အထိရွာသွန်းနိုင်ပါမယ်၊ မေလ ၂၇ ရက်နေ့မှာ မိုးရေချိန်အများဆုံး ၇၀ မီလီမီတာ - ၂.၇၅ လက်မခန့်အထိ ရွာသွန်းနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ ဒီတပတ်အတွင်း တောင်-အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ ၂၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ - ရန်ကုန်တိုင်းမှာပါဝင်တဲ့ ပင်လယ်ထဲက ကိုကိုးကျွန်းမြို့နယ်မှာတော့ ၁ ပတ်လုံး မိုးသည်းထန်နေပြီး အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၂ မိုင်မှ ၃၅ မိုင်အထိရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် - ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် - မိုးအုံ့သည့်နေ့၌ ပုံမှန် သတ်မှတ်ထားသော အစာပမာဏထက် လျှော့၍ ၇၀% သာ ကျွေးသင့်သည်။ အဘယ် ကြောင့်ဆိုသော် ရေထဲ၌ အောက်စီဂျင်ပမာဏ လျော့နည်းသွားသောကြောင့်ဖြစ်သည်။ - ငါးများ အသက်ရှူနိုင်ရန်အတွက် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်သည် (5ppm) အထက်ရှိရန် လိုအပ်ပါသည်။ (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူမဝဖြစ်စေပြီး သေဆုံးတတ်ပါသည်၊။ - ငါးကြီးထွားမှုအတွက် အသင့်လျော်ဆုံး အပူချိန်အပြောင်းအလဲသည် အစာကျွေးနှုန်းကိုလည်း လျော့ကျစေနိုင်သည်။ (အဖြစ်သင့်ဆုံး အပူချိန်မှာ ၂၅°C မှ ၃၂°Cဖြစ်သည်။) - ------------ - ------------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
