cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်း မေလ ၂၆ ရက် မှ ဇွန်လ ၁ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ရွေ့လျားမည့်လမ်းကြောင်းညာဘက်ခြမ်းရှိမြန်မာနိုင်ငံအပေါ် ၎င်း၏သက်ရောက်မှုသည် ရွေ့လျားရာလမ်းကြောင်း၏ဘယ်ဘက်ခြမ်းမှအိန္ဒိယနိုင်ငံထက် ပိုမိုများနိုင်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး မေလ ၂၉ ရက် ညတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးမှကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း GFS, GEFS, GEPS နှင့် HWRF model ကြိုတင်ခန့်မှန်းချက်များတွင်တွေ့ရပါတယ်။ 

    ECMWF cyclone activity chart မှ ကြိုတင်ခန့်မှန်းချက်တွင် လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀% ရှိကြောင်း ကြိုတင်ခန့်မှန်းထားသည်ကိုလည်းတွေ့ရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ရွေ့လျားမည့်လမ်းကြောင်းညာဘက်ခြမ်းရှိမြန်မာနိုင်ငံအပေါ် ၎င်း၏သက်ရောက်မှုသည် ရွေ့လျားရာလမ်းကြောင်း၏ဘယ်ဘက်ခြမ်းမှအိန္ဒိယနိုင်ငံထက် ပိုမိုများနိုင်ပါတယ်။ 

    မေလ ၂၆ ရက်၊ မွန်းလွဲညနေပိုင်းမှ စတင်၍ ဇွန်လ ၁ ရက်အထိ ၇ ရက်အတွင်းမှာ ပျမ်းမျှခြင်းအားဖြင့် - ၂၄ နာရီအတွင်း မိုးရေချိန် ၄၀ မီလီမီတာ (၁.၆ လက်မ ခန့်)အထိရွာသွန်းနိုင်ပါမယ်၊ မေလ ၂၇ ရက်နေ့မှာ မိုးရေချိန်အများဆုံး ၇၀ မီလီမီတာ - ၂.၇၅ လက်မခန့်အထိ ရွာသွန်းနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ ဒီတစ်ပတ်အတွင်း တောင်-အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ ၂၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ 

    ရန်ကုန်တိုင်းမှာပါဝင်တဲ့ ပင်လယ်ထဲက ကိုကိုးကျွန်းမြို့နယ်မှာတော့ ၁ ပတ်လုံး မိုးသည်းထန်နေပြီး အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၂ မိုင်မှ ၃၅ မိုင်အထိရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ရန်ပြင်ဆင်ကြမည့်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • မြေပြင်ပြီး စပါးမျိုးကြဲရန်ပြင်ဆင်နေသောတောင်သူများအနေဖြင့် ပေါင်းအုပ်ဆေးအသုံးပြုလိုပါက ဆေးမဖျန်းမီ မိုးရွာသွန်းနိုင်ချေရှိ၊မရှိကို ကြိုတင်စစ်ဆေးကြဖို့ အကြံပေးလိုပါတယ်။ 
    • မျိုးကြဲပြီးသော်လည်း ရာသီဥတုမိုးအခြေအနေကြောင့် ပေါင်းအုပ်ဆေးသုံးဖို့ အချိန်မမီလိုက်ပါက ပေါင်းပေါက်ပြီးမှဖျန်းရသော ရွေးချယ်ပေါင်းသတ်ဆေးကို အသုံးပြုနိုင်ပါတယ်။ 
    • ပေါင်းအုပ်ဆေးအတွက်ရွေးချယ်နိုင်သောဆေးအမျိုးအစားများကတော့ အစို၊အခြောက် ကြဲခင်းများအတွက် Pendimethalin ရွေးချယ်နိုင်ပြီး၊ သမန်းကြဲခင်းများအတွက် Pretilachlor ကိုရွေးချယ်နိုင်ပါတယ်။ 
    • ပေါင်းပေါက်နေပါက စပါးကြဲပြီး ၁၅ ရက်မှစတင်၍ ပေါင်းအရွက် ၂-၄ ရွက်ထွက်ချိန်မှစတင်ပြီး ပေါက်ရောက်သော ပေါင်းအမျိုးအစားအလိုက် ရွေးချယ်ပေါင်းသတ်ဆေးကိုစတင်အသုံးပြုနိုင်ပါတယ်။ 

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် 

    အစာကျွေးချိန်နှင့် အကြိမ်ရေ 

    မိုးအုံ့သည့်နေ့၌ ပုံမှန် သတ်မှတ်ထားသော အစာပမာဏထက် လျှော့၍ ၇၀% သာ ကျွေးသင့်သည်။ အဘယ် ကြောင့်ဆိုသော် ရေထဲ၌ အောက်စီဂျင်ပမာဏ လျော့နည်းသွားသောကြောင့်ဖြစ်သည်။ (အသင့်လျော်ဆုံး အောက်စီဂျင် ပါဝင်နှုန်းမှာ တစ်လီတာလျှင် ၅ မှ ၇ mg/L ဖြစ်သည်။) 

    ငါးကြီးထွားမှုအတွက် အသင့်လျော်ဆုံး အပူချိန်အဆင့် အပြောင်းအလဲသည် အစာကျွေးနှုန်းကိုလည်း လျော့ကျစေနိုင်သည်။ (အဖြစ်သင့်ဆုံး အပူချိန်မှာ ၂၅၀ မှ ၃၂၀ စင်တီဂရိတ် ဖြစ်သည်။) အပူချိန် ၂၀၀ မှ ၂၄၀ စင်တီဂရိတ်အတွင်း၊ ၁၆၀ မှ၁၉၀ စင်တီဂရိတ်အတွင်းနှင့် ၃၃၀ မှ ၃၈၀ စင်တီဂရိတ်အတွင်း ရှိလျှင်၊ အစာကျွေး နှုန်းမှာ ၈၀%၊ ၆၀% နှင့် ၈၀% အသီးသီးရှိမှသာ ပုံမှန်ကျွေးသင့်သော အစာပမာဏဖြစ်သည်။) 

    ------------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
15
comments
0
views
5233