တိုင်းဒေသကြီးအားလုံးတွက် ထွက်တိုး မိုးလေဝသခန့်မှန်းချက်
၂ဝ၂၅ ခုနှစ်၊ မေလ ၂၈ ရက် မှ ဇွန်လ ၃ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်
ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅) ရာခိုင်နှုန်း မှ (၉၇) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ မေလ ၂၈ ရက်မှ ဇွန်လ ၁ ရက်နေ့ အထိ မိုးရွာရန် ရာခိုင်နှုန်း ၉၁ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပါတယ်။
ကျန်ရက်တွေမှာမှာတော့ မိုးရွာရန် ၆၅ မှ ၇၄ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၇) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ မေ ၂၈ ရက်တွေ မှာတော့ မိုးရွာရန် ၉၈ ရာခိုင်နှုန်း နှင့် ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၇ မှ ၈၈ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၇) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။မေလ ၂၈ ရက်နေ့မှာတော့ မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး မေလ ၂၉၊၃၀၊ ဇွန်လ ၁ ရက်နေ့တွေမှာတော့ မိုးရွာရန် ၉၀ ရာခိုင်နှုန်း နှင့် အထက် မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၁) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ မေလ ၂၈ ရက်နေ့မှာ မိုးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၃°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်ပါတယ် ခင်ဗျာ။
မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ မေလ ၂၈ ရက်နေ့မှာ မိုးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါတယ် ခင်ဗျာ။
ဧရာဝတီ တိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၈) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ မေလ ၂၈ ရက်မှ ဇွန်လ ၁ ရက်တွေ မှာတော့ မိုးရွာရန် ၉၀ ရာခိုင်နှုန်း နှင့် အထက် ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀%
ECMWF cyclone activity chart မှ ကြိုတင်ခန့်မှန်းချက်အရ မေလ ၂၉ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာကြောင်းတွေ့ရပါတယ်။ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်သည့်တည်နေရာမှ မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားပါတယ်။
ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accuweather
စိုက်ပျိုးရေးဆိုင်ရာ ဆိုင်ရာအကြံပြုချက်
တောင်သူဦးကြီးများအတွက် မိုးစပါးစိုက်ပျိုးနည်းတွင် မြေဩဇာစနစ်တကျထည့်သွင်းနည်းကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
လိုအပ်သော ပေါင်းနှိမ်နင်းခြင်းများကိုပြုလုပ်ပြီးမှ မြေဩဇာကိုထည့်သွင်းပေးပါ။
တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းများ အရွက် (၅ ရွက်) ထွက်ချိန်မှာ ပုလဲယူရီးယား(N) မြေဩဇာတစ်အိတ်ရဲ့ ၃ပုံ၁ပုံကို တစ်ကြိမ်၊ ပျိုးထောင်စိုက်ခင်းဆိုရင် ကောက်ပင်လှန်ချိန်မှာအဲ့အချိုးအတိုင်း တစ်ကြိမ် ထည့်ပေးပါ။
ပင်ပွားစီးချိန်တွင် ပုလဲယူရီးယား(N) နောက်တစ်ကြိမ်၊ ဗိုက်ဖောင်းချိန်တွင် ပိုတက်ရှ်(K)တစ်ကြိမ်၊ အလံရွက်ထွက်ချိန်တွင် ကျန်တဲ့ယူရီးယားပုလဲ (N)+ ပိုတက်ရှ်(K) တစ်ပုံကိုကျွေးပေးပါ။
အဓိက ပုလဲယူရီးယားနိုက်ထရိုဂျင်မြေဩဇာများကို တစ်ကြိမ်တည်း အလွန်အကျွံသုံးခြင်းထက် အကြိမ်ရေခွဲပြီး စနစ်တကျထည့်သွင်းခြင်းသည် အဓိကဖျက်ပိုးဖြစ်တဲ့ (ဖြုတ်ပိုး) ကျရောက်မှုကို အတော်အသင့်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ငါးပုစွန် တောင်သူများအတွက် အကြံပြုချက်
ငါးကန်သို့ စီးဝင်လာသော မိုးရေတွင် ပတ်ဝန်းကျင်မှ အညစ်အကြေးများပါဝင်လာနိုင်သကဲ့သို့ ဩဇာဓာတ်များလည်း ပါဝင်လာနိုင်သဖြင့် သတိထားသင့်ပါသည်။
ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။
ငါးများ ပုံမှန်ကြီးထွားမှုရှိရန် ရေတွင်ပျော်ဝင်သောအောက်ဆီဂျင်ပမာဏသည် (5 ppm) နှင့် အထက်တွင်ရှိရန် ဂရုပြုသင့်ပါသည်။
ကန်ရေအရည်အသွေး အနည်းနှင့်အများပြောင်းလဲခြင်းသည် ငါးများကိုဒဏ်သင့်စေပြီးလွယ်ကူစွာ ရောဂါကူး စက်ဖြစ်ပွားစေနိုင်ပါသည်။
ထို့ကြောင့် ( က) ရေတွင်ပျော်ဝင်လျက်ရှိသောအောက်ဆီဂျင်ပမာဏ (Dissolved Oxygen-DO), (ခ) ရေ၏ချဉ် ဖန်ဓာတ် (pH), (ဂ) ရေကြည်ခြင်း / ရေနောက်ခြင်း (Turbidity), (ဃ) ရေအပူချိန် (Water temperature) တို့ကို (နာရီပိုင်း/ နေ့စဉ်/ အပတ်စဉ်) တိုင်းတာခြင်းဖြင့် ငါးကန်ရေအရည်အသွေးပြောင်းလဲမှု လက္ခဏာ နှင့်ထုတ်လုပ်နိုင်မှုကို ခန့်မှန်းသိရှိနိုင်ပါမည်။
စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။
----------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437