cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း ဇွန်လ ၁၀ ရက် မှ ဇွန်လ ၁၆ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ပင်လယ်ပြင်များမှသက်ရောက်မှုတွေက ဇွန်လ ၃၀ ရက်နေ့အထိ အနောက်တောင်မုတ်သုံလေအားကောင်းနေစေနိုင်တာကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းမှာရော အနောက်ခြမ်းမှာရော မိုးဦးကာလရဲ့ မိုးရွာသွန်းခြင်းက ဆက်ပြီးကောင်းနေနိုင်ပါမယ်။
  • တောင်တရုတ်ပင်လယ်ဘက်မှ ဟိုင်နန်ကျွန်းနားအထိရောက်လာနိုင်တဲ့ တိုင်ဖွန်းမုန်တိုင်းနဲ့၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းတို့ရဲ့ အရှိန်သက်ရောက်မှုတွေကြောင့် - 

    ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကဒေသတွေမှာ ဇွန်လ ၁၂/၁၃ ရက် ရက်တွေမှာ (၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မခွဲအောက်)မိုးအသင့်အတင့် နဲ့ ဇွန်လ ၁၇/၁၈ ရက်တွေမှာ (၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မခွဲ အထက်) မိုးများနိုင်ကြောင်း နောက်ဆုံးရရှိတဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ 

    ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ်တွေမှာ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေထက် မိုးပိုများနိုင်ပြီး ပင်လယ်ပြင်များမှသက်ရောက်မှုတွေက ဇွန်လ ၃၀ ရက်နေ့အထိ အနောက်တောင်မုတ်သုံလေအားကောင်းနေစေနိုင်တာကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းမှာရော အနောက်ခြမ်းမှာရော မိုးဦးကာလရဲ့ မိုးရွာသွန်းခြင်းက ဆက်ပြီးကောင်းနေနိုင်ပါမယ်။ များသောအားဖြင့် မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၂ လက်မခွဲအောက်)ရွာနေနိုင်ပြီး ရွေ့လျားဝင်ရောက်လာတဲ့ တိမ်ထုထူထပ်မှုပေါ်မူတည်ကာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မခွဲအထက်ရွာပြီး မိုးသည်းထန်တဲ့ရက်/အချိန်တွေလဲ ရှိနေနိုင်ပါမယ်။ 

    ပဲခူးတိုင်းအရှေ့ခြမ်းရဲ့ နေ့အမြင့်ဆုံးအပူချိန် ၃၂°C ဝန်းကျင်ရှိနေနိုင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းမှာ ၃၀°C အထိ ရှိနိုင်ပါမယ်။ ညအနိမ့်ဆုံးအပူချိန်တွေက ပဲခူးတိုင်းအရှေ့+အနောက်ခြမ်းတွေမှာ ၂၄°C နဲ့ ၂၅°C ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။ 

    အခုရက် သတ္တပါတ် ၁ ပါတ်အတွင်းမှ ဇွန်လ လကုန်ရက်တွေအထိ - 

    နေ့စဉ် နေသာချိန် ၁ နာရီခန့်သာရှိပြီး မိုးအုံ့/မိုးစွေနေချိန်ပိုများနိုင်တာကြောင့် ပူနွေးစွတ်စိုကာ စိုထိုင်းဆများနေတဲ့ ရာသီဥတုအခြေအနေရှိနေပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးရှိ မိုးစပါးစိုက်တောင်သူများထံသို့ 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်... 

    • မြေဩဇာနဲ့ပတ်သတ်ပြီး တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းများ အရွက် (၅ ရွက်) ထွက်ချိန်မှာ ပုလဲယူရီးယား(N) မြေဩဇာတစ်အိတ်ရဲ့ ၃ပုံ၁ပုံကို တစ်ကြိမ်၊ ပျိုးထောင်စိုက်ခင်းဆိုရင် ကောက်ပင်လှန်ချိန်မှာအဲ့အချိုးအတိုင်း တစ်ကြိမ် ထည့်ပေးပါ။ 
    • ပင်ပွားစီးချိန်တွင် ပုလဲယူရီးယား(N) နောက်တစ်ကြိမ်၊ ဗိုက်ဖောင်းချိန်တွင် ပိုတက်ရှ်(K)တစ်ကြိမ်၊ အလံရွက်ထွက်ချိန်တွင် ကျန်တဲ့ယူရီးယားပုလဲ (N)+ ပိုတက်ရှ်(K) တစ်ပုံကိုကျွေးပေးပါ။ 
    • အဓိက ပုလဲယူရီးယားနိုက်ထရိုဂျင်မြေဩဇာများကို တစ်ကြိမ်တည်း အလွန်အကျွံသုံးခြင်းထက် အကြိမ်ရေခွဲပြီး စနစ်တကျထည့်သွင်းခြင်းသည် အဓိကဖျက်ပိုးဖြစ်တဲ့ (ဖြုတ်ပိုး) ကျရောက်မှုကို အတော်အသင့်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 
    • ပေါင်းသတ်ဆေးနဲ့ပတ်သတ်ပြီး အကြံပေးလိုတာကတောာ့ မြက်အုပ်စုပေါင်းများအတွက်-Fenoxaprop-p-ethyl, Cyhalofop-butyl 
    • တစ်နှစ်ခံမြက်နှင့် မြက်မုန်ညင်းအချို့အတွက်- Bispyribac sodium 
    • မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်အတွက် - Fenoxaprop+ Quinclorac+ Pyrazosulfuron  
    • ရွက်ပြန့်ပေါင်းများအတွက်- Ethoxysulfuron, Pyrazosulfuron, Phenoxulum တို့ကိုရွေးချယ်နိုင်ပါတယ်။ 
    • ဆေးမဖျန်းခင်အချိန် မိုးရွာသွန်းနိုင်ချေရှိ၊မရှိ စစ်ဆေးပေးပါ။ 
    • မည်သည့်ဆေးဖျန်းဖျန်း ဖျန်းပြီးအနည်းဆုံး ၄ နာရီ ခန့်မိုးမရွာသွန်းလိုပါတယ်။ 

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် 

    မိုးဆက်တိုက်ရွာသွန်းလာတဲ့အတွက် ငါး၊ ပုစွန်ကန်အတွင်း ရေဩဇာများလည်း ကျလာနိုင်ပါတယ်။ 

    တစ်ချိန်တည်းမှာဘဲ ကန်ရေအပူချိန်ကျဆင်းလာသဖြင့် ကန်အတွင်းရှိငါး၊ ပုစွန်များ အစာစားနှုန်းလျော့ကျနိုင်ပါတယ်။ ဒါကြောင့်မို့ အစာကို လျော့ကျွေးဖို့ တိုက်တွန်း လိုပါတယ်။ 

    နောက်တစ်ချက်ကတော့ မိုးရွာသွန်းသဖြင့် ကန်အောက်ရေ တိုးလာပြီး ကန်ရေလျှံခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကာကွယ်ရေးနည်းလမ်းများဆောင်ရွက် ထားဖို့လိုပါတယ်။ 

    ငါးသားဖောက်မွေးမြူတဲ့ ငါး တောင်သူများအနေဖြင့် မိုးရွာချိန် ရေချဉ်ဖန်နှုန်းကျသွား တက်ပြီး ယင်းအခြေအနေဟာ အချို့ငါးသားပေါက်လေးများကို သေစေနိုင်ပါတယ်။ အဲ့လိုအခါမျိုးမှာ မြစ်ချောင်း၊ အင်းအိုင်၊ အစရှိတဲ့ အနီးအနားရှိ သဘာဝရေ အရင်းအမြစ်များမှ ရေကို ထည့်ပေးသင့်ပါတယ်။ 

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
6107