cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း ဇွန်လ ၁၁ ရက် မှ ဇွန်လ ၁၇ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ငါးကန်များတွင် နေရောင်ခြည်အပြည့်အဝမရရှိသဖြင့် ကန်ရေဩဇာဖြစ်တည်မှုသည် ပပျောက်နိုင်ပါသည်။
  • တောင်တရုတ်ပင်လယ်ဘက်မှ ဟိုင်နန်ကျွန်းနားအထိရောက်လာနိုင်တဲ့ တိုင်ဖွန်းမုန်တိုင်း (လက်ရှိအချိန်အထိ လေဖိအားနည်းရပ်ဝန်း - TD-01W နဲ့၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းတို့ရဲ့ အရှိန်သက်ရောက်မှုတွေကြောင့် - 

    မကွေးတိုင်းအတွင်းမှာ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပြီး ဇွန်လ ၁၁/၁၂ ရက်နေ့တွေက မိုးအများဆုံးရွာနိုင်တဲ့ရက်တွေ ဖြစ်နိုင်ပါမယ်။ အဲ့ဒီရက်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မခန့်နှင့် ၁ လက်မ အထက်(မိုးအသင့်အတင့်)ရွာနိုင်ပါတယ်။ ၁၃ ရက် မှ ၁၇ ရက်နေ့တွေအတွင်းမှာ မိုးအနည်းငယ်ရွာနိုင်/မိုးအားလျော့ကျသွာနိုင်ပြီး၊ ဇွန်လ ၁၇ ရက် နောက်ပိုင်းမှာ မိုးအားပြန်များလာနိုင်ပါမယ်။ 

    အခုရက်သတ္တပါတ် ၁ ပါတ်အတွင်း အများအားဖြင့် တောင်ဘက်နှင့်အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်အထိ တိုက်နိုင်ကာ၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C အထိရှိနိုင်ပါတယ်။ 

    မကွေးတိုင်းဒေသတစ်ခုလုံးမှာ ပျမ်းမျှလေထုစိုထိုင်းဆ ၇၅% မှ ၉၅% အထိရှိနေနိုင်ပြီး၊ နေသာချိန်အနည်းငယ်နဲ့ မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးထစ်ချုန်းရွာနိုင်ချိန်ရှိနေပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home  

    ငါးကန်များအတွက် အကြံပြုချက် 

    မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့်  နေရောင်ခြည်အပြည့်အဝမရရှိသဖြင့် ကန်ရေဩဇာဖြစ်တည်မှုသည် ပပျောက်နိုင်ပါသည်။ (တစ်နည်း) ကန်ရေ၏အရောင်သည်အစိမ်းရောင်ဖြစ်နေရာမှ အစိမ်းရောင်ပျောက်သွားပြီး ကန်ရေသည်လည်း ရေကြည်နှုန်းများလာသည်ကို တွေ့ရှိရပါသည်။  

    မိုးဦးကျအချိန် ကန်အတွင်း ငါးစတင် ထည့်ချိန်တွင် ငါး၏ အရွယ်အစားမှာ အသေးဆုံး(၂)လက်မ မှ အကြီးဆုံး (၆)လက်မအရွယ်သာရှိတတ်ပါသည်။ ဆိုလိုသည်မှာ ငါးသန်နှင့် ငါးဖျန်းအရွယ်များ ဖြစ်ကြပါသည်။ ထိုအချိန်တွင် ကန်‌ရေ၏ချဉ်ဖန်နှုန်းသည် (၆)နှင့် (၆)အောက် ရောက်နေပါက ငါးများအပေါ် ဖိစီးမှုများပြီး ငါးငယ်များ သေစေနိုင်ပါသည်။ ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်း ကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧက လျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။ 

    ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင်ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။ 

    ---------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
4503