ဧရာဝတီတိုင်း ဇွန်လ ၁၂ ရက် မှ ဇွန်လ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ
- တောင်တရုတ်ပင်လယ်ဘက်မှ ဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီး တရုတ်ပြည်မ တောင်ဘက်ကမ်းရိုးတန်းအတိုင်းဆက်လက်ရွေ့လျားနိုင်သော အားကောင်းတဲ့အပူပိုင်းမုန်တိုင်း WUTIP(01W) နဲ့၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဇွန်လ ၁၁ ရက်နေ့က စတင်ဖြစ်ပေါ်လာတဲ့ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation)တို့ရဲ့ အရှိန်သက်ရောက်မှုတွေကြောင့် - - ဧရာဝတီတိုင်းမှာ အများအားဖြင့် နေရာစိပ်စိပ်မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် 30mm အောက် = ၁.၂ လက်မအောက်)ရွာသွန်းနိုင်ပြီး - - ဒေးဒရဲ၊ မအူပင်၊ ဓနုဖြူ၊ ညောင်တုန်း၊ ဆားမလောက်၊ ဟိုင်းကြီးကျွန်း၊ ပြင်စလူ၊ ငရုတ်ကောင်း၊ သာပေါင်း စတဲ့ မြို့နယ်တွေမှာ ၂၄ နာရီ မိုးရေချိန် 30mm အထက် = ၁.၂ လက်မအထက် မှ ၂.၄ လက်မအထိ(မိုးအသင့်အတင့်မှ မိုးများ)နိုင်ကြောင်း တွေ့ရပါတယ်။ - မြို့နယ်တစ်ခုနဲ့တစ်ခု ၂၄ နာရီအတွင်း ရရှိတဲ့ မိုးရေချိန်ကွာခြားချက်ရှိနိုင်တဲ့ နေရာကွက်ပြီး မိုးများနိုင်သည့် မိုးလေဝသအခြေအနေက ဇွန်လ ၂၁ ရက်အထိ ရှိနေနိုင်ပါဦးမယ်။ - မိမိနေထိုင်ရာဒေသဝန်းကျင်၏ ၄ ရက် ကြိုတင်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုကြည့်ရန် https://www.mmweather.org/divisional-cities-weather/ayarwaddy-div - အခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်တို့မှ လေတိုက်နှုန်းအများဆုံး တနာရီ ၂၅ မိုင်အထိရှိနိုင်ပြီး ကမ်းရိုးတန်းအနီး လှိုင်းအမြင့် ၈ ပေခန့်အထိရှိနိုင်ပါတယ်။ - ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းခြင်းဆက်လက်ရှိနေနိုင်ဦးမှာမို့ ယခုတပါတ်အတွင်းမှာလဲ လေထုစိုထိုင်းဆ ၉၀% အထက်မှာရှိနေဦးမှာဖြစ်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံး ညအပူချိန် ၂၅°C ရှိနိုင်ပါမယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - မိုးရာသီမှာ ရေကြီးရေလျှံတာတွေ ဖြစ်တတ်တာမို့ ငါး/ပုစွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ- - - ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်၊ - - ရေကြီးရေလျှံလာတဲ့အခါ ငါးတွေ လွတ်ထွက်မှုမရှိစေဖို့အတွက် ဇာပြာ ပိုက်တွေနဲ့ကာရံထားရန်၊ - - ရေစီးကြောင်းနဲ့နီးတဲ့ငါးကန်တွေမှာ ရေတိုက်စားမှုကာကွယ်ဖို့အတွက် တုတ်ရိုက်ပြီး ဝါးထရံတွေနဲ့ကာရံကာ သဲအိတ်တွေဖို့ထားရန်၊ - - ဒါ့အပြင်လိုအပ်ပါက ငါးတွေရွှေ့ပြောင်းနိုင်ဖို့အတွက် ငါးဖမ်းပိုက်တွေ၊ စက်လှေတွေနဲ့ စက်ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားရန်၊ - ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
