cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း ဇွန်လ ၁၉ ရက် မှ ဇွန်လ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ကန်ဘောင်များ ခိုင်ခံ့ရန်အတွက် ကန်ဘောင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ဘောင်ခိုင်ခံ့အောင် ပြုလုပ်ထားသင့်ပါသည်။
    • အိန္ဒိယ/ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးကုန်းမြေပေါ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဆက်လက်တည်ရှိနေပြီး၊ အနောက်ဘက်(အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်း)ကိုဆက်လက်ရွေ့လျားပြီး ဇွန်လ ၂၀ ရက်အထိရှိနေနိုင်ဦးမှာဖြစ်ကြောင်း၊ 
    • ဇွန်လ ၂၃-၂၄ ရက်တွေမှာ လေဖိအားနည်းရပ်ဝန်းအသစ်(လေပွေလှိုင်း)တခု ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ထပ်မံဖြစ်ပေါ်နိုင်ဦးမှာဖြစ်ကြောင်း NOAA-GFS Model ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရပါတယ်။ 

    ဒီအခြေအနေကြောင့် ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းတဲ့ အခြေအနေ ဆက်လက်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း-မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသများ၊ မွန်ပြည်နယ်တွေမှာ မိုးအသင့်အတင့်မှ မိုးများနေနိုင်ပါဦးမယ်။ 

    • ဧရာဝတီတိုင်း-မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့်နီးလေ မိုးအားပိုကောင်းလေ၊ လေတိုက်နှုန်းပိုများလေဖြစ်နေနိုင်ပါဦးမယ်၊ ကမ်းရိုးတန်းဒေသတွေနဲ့ ပင်လယ်ကမ်းခြေ(အပန်းဖြေ beach)တွေမှာ လေတိုက်နှုန်းတနာရီ ၅ မိုင်မှ ၁၅ မိုင်အထိ ရှိနိုင်ပြီး၊ လှိုင်းအမြင့် ၃ ပေ မှ ၆ ပေအထိ ရှိနေနိုင်ပါမယ်။ 
    • ဧရာဝတီတိုင်းရဲ့ အထက်ဘက်က မြန်အောင်/ကြံခင်း/အင်္ဂပူမြို့နယ်တွေမှာတော့ မိုးလျော့နည်းနေနိုင်ပါမယ်။ ယခုရက်သတ္တပါတ်တပါတ်အတွင်း ဧရာဝတီတိုင်းတခုလုံးမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ဆက်လက်ရွာနိုင်ပြီး နေသာချိန်လျော့နည်းနေပါဦးမယ်။ 

    ဧရာဝတီတိုင်းဒေသအားလုံးမှာ လေထုစိုထိုင်းဆ ၈၀% မှ ၉၅% အထိရှိနေနိုင်ပြီး၊ အပူချိန် ၂၈°C  မှ ၃၀°C ၊ ခံစားရတဲ့အပူချိန်(Temperature Feels-like or Apparent Temperature) ၃၇°C အထိ ရှိနိုင်တာကြောင့် မိုးအုံ့ပြီးလေငြိမ်တဲ့အချိန်တွေမှာ ပူအိုက်တဲ့ခံစားချက်ပိုနေနိုင်ပါမယ်။  

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးကန်ကို ရေလွှမ်းမိုးမှုကနေ ကာကွယ်နိုင်ရန် အကြံပြုချက် 

    (၁) ငါးမွေးမြူရေးကန်များ၏ ကန်ဘောင်များ ခိုင်ခံ့ရန်ပြင်ဆင်ခြင်း။ ကန်ဘောင်များ ခိုင်ခံ့ရန်အတွက် ကန်ဘောင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ဘောင်ခိုင်ခံ့အောင် ပြုလုပ်ထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကန်ဘောင်အတွင်းသို့ ပြင်ပရေများမဝင်နိုင်စေရန် ကာကွယ်ပေးနိုင်ရုံသာမက ကန်ရေလျှံခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။" 

    (၂) ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပိုက်များဖြင့် ကာရံ ခြင်း။ "ငါးကန်ပတ်ခြာလည်တွင် ဇာပိုက်များဖြင့်ကာရံထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကန်အတွင်း ရေများတက်လာပါက ငါးများလွတ်ထွက်ခြင်းကို ကာကွယ်နိုင်ရုံသာမက ပြင်ပမှ အညစ်အကြေးများနှင့်အမှိုက်များ ဝင်ရောက်ခြင်းကိုကာကွယ်နိုင်ပါသည်။ 

    (၃) ငါးမွေးကန်၏ ရေထွက်/ရေလျှံပေါက်များထားရှိခြင်း။ ငါးမွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ တပ်ဆင်ကာ ရေကျော်မည့် နေရာများအား အစဉ်ဂရုတစိုက်ထားရှိသင့်ပါသည်။ သို့မှသာ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေပို/ရေလျှံများ စီဆင်းနိုင်ကာ ရေလွှမ်းမိုးမှုကိုကျော်လွှားနိုင်မည်ဖြစ်ပါသည်။ 

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
6
comments
0
views
3899