တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်
- (၁၆.၆.၂ ၀၂၅မှ၂၀.၆.၂၀၂၅) - မတ်ပဲ - မတ်ပဲကတော့ ခုတစ်ပတ်မှာ စျေးပြန်တက်လာပြီး တစ်တန်ကို သိန်း ၃၀ ကျော်အထိ ပြန်ဖြစ်လာပါတယ်။ အရင်အပတ်ကနဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၉၀၀၀၀ လောက်အထိ တက်လာတာပါ။ နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၈၀၀၀ ရှိလာပါတယ်။ - အိန္ဒိယမှာ ပဲအဝင်နည်းတဲ့ အခြေအနေကြောင့် ပြည်တွင်းမတ်ပဲစျေးလည်း ပြန်တက်လာတာဖြစ် တယ်လို့ကုန်သည်တွေက သုံးသပ်နေကြပါတယ်။နှစ်စဥ် မတ်ပဲစျေးကွက် အတက်ပြတဲ့ အချိန်တွေ က ဇူလိုင်ကနေ ဩဂုတ်လ တွေဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၅၈၀၀၀ မှ ၃၀၃၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိခဲ့ပါတယ်။ - အရင် အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၄၀၀၀၀ မှ၂၉၈၁၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့တာကြောင့် အခုတစ်ပတ်အတွင်းမှာ တစ်တန်ကိုမှ - ၅၀၀၀၀လောက် စျေးတက်ပါတယ်။ - ပဲစင်းငုံ - စျေးဆက်တိုက်ကျဆင်းခဲ့တဲ့ ပဲစင်းငုံကလည်း မတ်ပဲနဲ့အတူ အခုတစ်ပတ်မှာ စျေးပြန်တက် လာပါတယ်။ တစ်တန်ကို ၇၀၀၀၀ လောက်တက်လာတာ ဖြစ်ပါတယ်။ - မတ်ပဲနည်းတူ အိန္ဒိယမှာ ပဲစင်းငုံအဝင်နည်းတာကြောင့် စျေးတက်လာတာဖြစ်တယ်လို့ သိရပါ တယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိ ဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၂၇၁၅၀၀၀ မှ ၂၈၃၅၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့ပါတယ်။ - အရင်အပတ်တုန်းက တနင်္လာကနေသောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်မှာတော့ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၂၆၈၇၀၀၀ မှ ၂၇၆၀၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့တာကြောင့် အခုတစ်ပတ်မှာတော့ တစ်တန်ကို ၇၀၀၀၀ လောက် စျေးတက်လာပါ တယ်။ - ပြောင်းဆံ - ပြောင်းဆံကလည်း မန္တလေးစျေးကွက်မှာ ထပ်တက်လာပြီး ရန်ကုန်မှာက စျေးထပ် တက်မလာပေမယ့် အရင်တပတ်ကဖြစ်ပေါ်ခဲ့တဲ့အတက်စျေးတန်းမှာပဲ ငြိမ်နေတာ တွေ့ရပါ တယ်။ - ပြောင်းက လက်ကျန်နည်းနေပြီး ပြည်ပ ပြောင်းတင်ပို့ဖို့အတွက် လိုအပ်ချက်ရှိ နေတဲ့အတွက် ကုန်သည်တွေက စျေးပေးပြီးဝယ်ယူနေတာကြောင့် စျေးတန်းက အတက်မှာ ပဲရှိနေတာဖြစ် ပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၇၅၀ မှ ၁၇၇၀ ကျပ်ရှိပါတယ်။ - မန္တလေးမှာ ပြောင်း (ဗမာ) ၈၆၀၀၀ မှ ၈၇၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၈၉၀၀၀ မှ ၉၀၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၉၀၀၀ မှ ၉၀၀၀၀ ကျပ်ရှိလာပါတယ်။ - ပဲကြီး - ပဲကြီးက မန္တလေးစျေးကွက်မှာ တက်လာပြီး ရန်ကုန်စျေးကွက်မှာ အတက်စျေးနဲ့ ငြိမ်နေပါ တယ်။ လက်ရှိမှာ ပဲကြီးက လက်ကျန်နည်းခြင်း ၊ ပြည်တွင်းစားသုံးမှုများပြီး ပဲခွဲစက်တွေ ကအဝယ်ရှိနေတာကြောင့် မန္တလေးမှာ ပဲကြီးကစျေးထပ်တက်လာတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၆၁၀ ကျပ်ရှိပြီး ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၅၁၃၀ မှ ၆၅၅၀ ကျပ်နဲ့ ငြိမ်နေတာ ပါ။ - မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၃၀၀၀၀ ကျပ်မှ ၃၃၅၀၀၀ ကျပ်၊ပဲကြီး (လတ်) ၃၀၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်၊ပဲကြီး (သေး)က ၂၇၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်စျေးရှိလာပါတယ်။ - အာလူး - အာလူးက အဝယ်လိုက်လာတာကြောင့် ခုလထဲမှာ စျေးအနည်းငယ် တက်လာတယ်လို့ သိရပါ တယ်။ဒေသထွက်ရှမ်းအာလူးရော တရုတ် အာလူးတွေပါ စျေးတက်လာတာ ပါ။လက် လီစျေးကွက်မှာဆိုရင် အာလူး အသေးအကြီး အရော တစ်ပိဿာကို ၇၀၀၀ ကျပ်အထိ ပင်ရှိနေပါတယ်။ - ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ တရုတ်အာလူး တစ်ပိဿာကို ၃၃၀၀ မှ ၃၅၀၀ ကျပ်ရှိပြီး ဟဲဟိုး A1 က ၂၆၀၀ ကျပ်၊ ဟဲဟိုး S1 နဲ့ Ok က ၃၀၀၀ ကျပ် ၊ ဟဲဟိုး S2 က ၂၆၀၀ မှ ၂၈၀၀ ကျပ်ရှိပါတယ်။ - ရှမ်းပြည်နယ် အောင်ပန်းကုန်စိမ်းစျေးကွက်မှာ လက်ရှိဇွန် ၁၈ ရက်မှာ မားကစ် S2 / S1 က ၅၀၀၀ ကျပ်၊ မျက်နီ S2 / S1 က ၄၅၀၀ ကျပ် ၊ မျက်နီ S1/ OK က ၄၀၀၀ ကျပ်၊မျက်နီ OK က ၃၈၀၀ ကျပ်၊ဒေသ A1 က ၃၀၀၀ ကျပ်၊ဒေသ A1ဆွဲ ၃၀၀၀ ကျပ် ရှိပြီး ဂေါ်လီဆိုဒ် ၂၈၀၀ ကျပ် ရှိတယ်လို့ပါတယ်။ - AMIA - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
