ပဲခူးတိုင်း ဇူလိုင် ၁ ရက် မှ ဇူလိုင် ၇ ရက်အထိ မိုးလေဝသအခြေအနေ
စစ်တောင်းမြစ်ရေမြင့်တက်လာကာ မြစ်ကမ်းပါးအနီးကဒေသတွေရဲ့ လယ်ကွင်းများမှာ မိုးလယ်ကာလတစ်ခုလုံး ရေလွှမ်းနေနိုင်ခြေများပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဇူလိုင် ၂ ရက်အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ဇူလိုင် ၁ ရက်နေ့တွင် အားပျော့ပြီးနောက် အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများသို့ ဆက်လက်ရွေ့လျားသွားနိုင်ကာ ဇူလိုင် ၇ ရက်အထိ အိန္ဒိယနိုင်ငံအလယ်ပိုင်း MADHYA PRADESH ပြည်နယ်အပေါ်မှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model တွေက ခန့်မှန်းထားပါတယ်။
ဒီခန့်မှန်းချက်တွေအရ ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားဆက်လက်ကောင်းနေမှာဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်ဒေသအချို့မှအပ၊ ကျန်ပြည်နယ်တိုင်းအားလုံးမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
· ပဲခူးတိုင်း၊ ပဲခူးရိုးမတောင်ကြောရဲ့ ဆွာမြို့အောက်ဘက်ရိုးမတောင်ကြောပေါ်မှာ မိုးများနေနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မနှင့်အထက် ရွာသွန်းနိုင်ပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်းက ပဲခူးတိုင်းအနောက်ခြမ်းမိုးရေချိန်ရရှိမှု ပိုမိုနေဦးမှာဖြစ်တာကြောင့် တောင်ငူမြို့နှင့်အောက်ဘက် ပဲခူးရိုးမအရှေ့ခြမ်းမှာ စစ်တောင်းမြစ်ရေမြင့်တက်လာကာ မြစ်ကမ်းပါးအနီးကဒေသတွေရဲ့ လယ်ကွင်းများမှာ မိုးလယ်ကာလတစ်ခုလုံး ရေလွှမ်းနေနိုင်ခြေများပါတယ်။
· ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှာလဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး ၇ ရက် မိုးရေချိန် ၅ လက်မခန့်ရှိနိုင်တာကြောင့် ရုတ်တရက်မြင့်တက်လာနိုင်တဲ့ ချောင်းကမ်းဘေးမှဒေသတွေမှာ ရေလွှမ်းနိုင်ချေရှိနေတာ သတိထားကြရပါမယ်။
· ပဲခူးတိုင်းအနောက်ခြမ်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၄°C အထိရှိနိုင်ပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှာ ၂၇°C ရှိနိုင်ပါမယ်။ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ အနောက်ခြမ်းတို့ရဲ့ အနိမ့်ဆုံးညအပူချိန်တွေက ၂၆°C မှ ၂၈°C ခန့်ရှိနိုင်ပါတယ်။ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိရှိနေနိုင်မှာကြောင့် စိုထိုင်းဆများတိုင်း မြင့်တက်လာတတ်တဲ့ ခံစားရတဲ့အပူချိန်(Temperature Feels Like) က ၃၆°C အထိ ရှိနေနိုင်ပါမယ်။
· ပဲခူးတိုင်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)က အများဆုံး ၅၀ ရှိနိုင်ပြီး၊ လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှု အများဆုံး ၂၅၀ ppbv ရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအခြေအနေသည် အန္တရာယ်မရှိပါ။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါး၊ပုစွန်မွေးမြူရေးကန်များအတွက် အကြံပြုချက်
ရေအရည်အသွေး၊ စားသုံးနေရသည့် အစာ(ဖြည့်စွက်စာ) အရည်အသွေးနှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများတွင် ဖိစီးမှု ဖြစ်ပေါ်နေခြင်းနှင့် အင်အားချိနဲ့ပြီး ခုခံစွမ်းအင်လျော့နည်းမှု ဖြစ်ပေါ်နေပါသည်။ ထိုအချိန်တွင် ငါးများကို ရောဂါဝင်ရောက်မှု လွယ်ကူပြီး၊ ရောဂါကို တိုးပွားစေပါသည်။
ရောဂါဖြစ်စေသည့် အကြောင်းရင်း (၃) ချက်မှာ-
ရောဂါပိုး
လက်ခံကောင် (အဓိက ငါး၏ ခုခံမှု)၊ ရောဂါကို သယ်ဆောင်လာသော အကောင်
ပတ်ဝန်းကျင်အခြေအနေ (ငါးကန်အတွင်း ကန်ရေအရည်အသွေးကျဆင်းနေခြင်း) သည် ရောဂါပိုးပျံနှံ့ စေရန်အတွက် ဖန်တီးပေးပါသည်။
ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။
-----------------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437