မန္တလေးတိုင်း ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၀ ရက်အထိ မိုးလေဝသအခြေအနေ နှင့် စိုက်ပျိုးရေးအကြံပြုချက်
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့သွားသော်လည်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် အားအသင့်အတင့်ရှိသည့် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဇူလိုင်လ ၁၀ ရက် အထိဆက်လက်တည်ရှိနိုင်ကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များဖြစ်သည့် ECMWF, ICON နှင့် GFS တို့က ခန့်မှန်းထားပါတယ်။
မန္တလေးတိုင်း ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၀ ရက်အထိ၊ ၇ ရက်(၁၆၈ နာရီ)အတွင်း ရရှိနိုင်မည့် မိုးရေချိန် ကြိုတင်ခန့်မှန်း(ICON MODEL FORECAST)အရ -
ကျောက်ဆည်မြို့မြောက်ဘက် - စဉ့်ကိုင်၊ တံတားဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်း စသည့်မြို့နယ်များနှင့်
ကျောက်ဆည်မြို့တောင်ဘက် - မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ကျောက်ပန်းတောင်၊ ပုပ္ပါး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော်နယ်မြေ၊ ပျဉ်းမနား၊ လယ်ဝေး စသည့်မြို့နယ်များတွင် ၇ ရက်အတွင်းရရှိနိုင်သည့်မိုးရေချိန် ၂ လက်မ မှ ၃ လက်မအထိ ရှိနိုင်/မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး၊
မလှိုင်မြို့အနောက်ဘက်၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးမြောက်ဘက်ရှိ - ပုဂံ-ညောင်ဦး၊ မြင်းခြံ၊ ငသရောက် စသည့် မြို့နယ်များနှင့်၊ မြစ်သားမြို့အရှေ့ဘက်မှ မြို့နယ်/ကျေးရွာများတွင် ၇ ရက်အတွင်းရရှိနိုင်သည့်မိုးရေချိန် ၀.၃ လက်မ မှ ၁ လက်မအထိသာ ရှိနိုင်ပြီး မိုးနည်းရာမှမိုးအလွန်နည်းနေနိုင်ပါမယ်။
မန္တလေးတိုင်းအတွင်းမှာ တောင်ဘက်၊ အနောက်တောင်ဘက်တို့မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်အထိရှိနိုင်ပြီး မွန်းလွဲညနေပိုင်းနှင့် နံနက်အစောပိုင်းအချိန်များတွင် မိုးထစ်ချုန်းရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နေနိုင်ပါမယ်။
လေထုစိုထိုင်းဆ ၄၀% မှ ၆၀% အထိရှိနေပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၆°C နှင့် အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပါတယ်။
မန္တလေးမြို့ပေါ်တွင် လေထုစိုထိုင်းဆ ၆၀% မှ ၇၀% အထိ ရှိနေနိုင်ပြီး ခံစားရသည့်အပူချိန်(Temperature Feels Like) ၄၀°C အထိရှိနေနိုင်ပါတယ်။
လေထုညစ်ညမ်းမှုအညွှန်းကိန်း - AQI က မန္တလေးတိုင်းတောင်ဘက်၊ နေပြည်တော်နယ်မြေအတွင်းမှာ ၄၀ အထိရှိနိုင်ပြီး အန္တရာယ်မရှိပါ။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးရာတွင် မြေပဲပျပိုးအား သတိပြုကာကွယ်ပေးပါ။ ပျပိုးများသည် မြေပဲပင်၏ပင်ရည်ကို စုပ်စားဖျက်ဆီး တိုက်ခိုက်မှု့ကြောင့် မြေပဲပင်နှင့် အရွက်များ၏ ကြီးထွားမှု့ကို အဟန့်အတားဖြစ်စေပြီး အပင်ပုခြင်း၊ အရွက်ဝါခြင်း၊ ညှိုးခြင်း၊ ကိုင်းဖျားခြောက်ခြင်း၊ အရွက်များကို ပုံမမှန်တွန့်လိပ်စေခြင်း၊ အပင်သေစေခြင်းများကိုဖြစ်စေပါသည်။ ကာကွယ်နှိမ်နင်း နည်းလမ်းများမှာ-
- ပင်ရည် စုပ်စားပိုး ဖြစ်သည့်အတွက် နိုက်ထရိုဂျင်မြေသြဇာကို အလွန်အကျွံကျွေးခြင်းမှ ရှောင်ကြဥ်ပါ။
- ပိုးခိုအောင်းရာဖြစ်သော ပေါင်းမြက်များအား ရှင်းလင်းပေးပါ။
- ဓာတုဆေးအနေဖြင့် ပင်လုံးပြန့်အာနိသင်ရှိသော Acetamiprid + Lambda cyhalothrin၊ Pymetrozine + Nitnepyram ၊ Cartap Hydrochloride၊ Spinosad၊ Fenoxycarb များကို အသုံးပြုပေးပါ။
----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437