ရှမ်းပြည်နယ် တစ်ပတ်စာမိုးလေဝသနှင့် ငါး/ပုစွန်မွေးမြူရေးအကြံပြုချက်
တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း WIPHA(09W)က တိုင်ဖွန်းမုန်တိုင်းအဆင့်အထိမရောက်နိုင်ပဲ၊ အနောက်ဘက် - ဗီယက်နမ်၊ လာအိုနိုင်ငံများမှတဆင့် ရွေ့လျားဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းအကြွင်းအကျန်များကြောင့် မိုးရွာသွန်းနိုင်ချေကလည်း မူလကြိုတင်ခန့်မှန်းချက်များထက် လျော့နည်းနိုင်ပါတယ်။
ထို့အပြင် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အတွင်းဖြစ်ပေါ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်မှ လေပွေလှိုင်းကြောင့်လည်း အရှေ့ဘက်မှရွေ့လျားဝင်ရောက်လာမည့် မုန်တိုင်းအကြွင်းအကျန်များကို လျော့နည်းစေနိုင်မှာဖြစ်ကြောင်း တွေ့ရပါတယ်။
ယခုတပတ်အတွင်း ရှမ်းပြည်နယ်အတွင်း မိုးရွာနိုင်မည့်အခြေအနေများကိုလေ့လာကြည့်တဲ့အခါ -
· ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေ့စဉ် ၂၄ နာရီအတွင်းမိုးရေချိန် ၃၀ မီလီမီတာ(၁.၂ လက်မခန့်)ရွာနိုင်ပြီး မိုးအသင့်အတင့်သာရွာနိုင်ပါမယ်။
· ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေ့စဉ် ၂၄ နာရီအတွင်းမိုးရေချိန် ၂၀ မီလီမီတာဝန်းကျင်(၀.၈ လက်မ - ၁ လက်မအောက်)ရွာနိုင်ပြီး မိုးအသင့်အတင့်ရွာနိုင်ပါမယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့စဉ် ၂၄ နာရီ မိုးရေချိန် ၃၀ မီလီမီတာနှင့် ဇူလိုင် ၂၃ ရက် မှာ ၂၄ နာရီ မိုးရေချိန် ၄၀ မီလီမီတာအထက်(၁.၅ လက်မ ရွာသွန်းနိုင်ပြီး မိုးအသင့်ရွာတာထက် အနည်းငယ်ပိုနိုင်ပါတယ်။
· ၇ ရက်အတွင်းရရှိနိုင်မည့် မိုးရေချိန်ပမာဏအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှ တရုတ်/လာအို/ထိုင်းနိုင်ငံနယ်နိမိတ်များအနီးမှဒေသတွေမှာ မိုးရချိန် ၆ လက်မ မှ ၈လက်မအထက်အထိရရှိနိုင်ပြီး၊ အရှေ့ဘက်နယ်စပ်နှင့် ကွာဝေးသော ရှမ်းပြည်နယ်ဒေသတွေမှာ ၇ ရက်မိုးရေချိန် ၂ လက် မှ ၃ လက်အထိသာ ရရှိနိုင်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ယခုတစ်ပါတ်အတွင်း အနောက်တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ ၁၅ မိုင်မှ ၂၅ မိုင်ရှိနိုင်ပါတယ်။
အမြင့်ဆုံးပျမ်းမျှနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးပျမ်းမျှညအပူချိန် ၂၀°C ခန့်ရှိနိုင်ကာ၊ ဒေသအလိုက်လေထုစိုထိုင်းဆ ၆၀% မှ ၁၀၀%အကြားကွာခြားမှုရှိနိုင်ပါမယ်။
ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ လေထုညစ်ညမ်းမှုအခြေအနေ AQI INDEX VALUE က “၃၀” အောက်မှာ ရှိနေပြီး စိုးရိမ်ရသည့်အခြေအနေမရှိပါ။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ရှမ်းပြည်နယ်အတွင်း အာလူးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
ရှမ်းပြည်နယ်အတွင်း အာလူးစိုက်ပျိုးရာတွင် နှောင်းပင်နာကျရောဂါမှာ အာလူးပင်၏ အစိတ် အပိုင်းများအားလုံးနှင့် မြေအောက်အာလူးသီးအထိပါ ရောဂါလက္ခဏာတွေ့ရသည်။ အောက်ရွက်၏ အနား(သို့မဟုတ်) အဖျားတွင် ရေနာကွက်စတင်ဖြစ်ပေါပြီး ရက်အနည်းငယ်အတွင်း အညိုမည်း (သို့မဟုတ်) ခရမ်းမည်းရောင်အကွက်များ ဖြစ်ပေါ်လာတတ်ပါသည်။ နှောင်းပင်နာကျရောဂါ မြင်ရမှ ဆေးစဖျန်းလျှင် ကာကွယ်နိုင်ရန် မလွယ်ကူပါ။
ကာကွယ်နိုင်ရန်လိုက်နာရမည့် အချက်များမှာ -
- ခံနိုင်ရည်ရှိမျိုးများ ပြောင်းလဲစိုက်ပျိုးပါ။
- မျိုးရင်းဝင်မတူညီသော သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။
- မှိုသတ်ဆေးကို အာလူးစိုက်ပြီး မိုးဖြိုင်ဖြိုင်စရွာသည့်ကာလတွင် (#မိုးမရွာသည့် မနက်ပိုင်း၌ အချိန်လု၍) စတင်ပက်ဖျန်းပါ။
- မိုးအုံ့မှိုင်းခြင်း၊ မိုးဆက်တိုက်ရွာခြင်းများ ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေပါက မိုး အခြေအနေကို ကြည့်၍ ၅ ရက်ခြားမှ ၁၀ရက်ခြားထပ်မံဖျန်းပါ။
- ဓာတုဆေးအနေနဲ့ အသုံးပြုရမည့်မှိုသတ်ဆေးများမှာ ပင်လုံးပြန့်အာနိသင်ရှိသည့် Metalaxyl၊Cymoxanil၊ Propamocarb hydrochloride တို့အား သုံးနိုင်ပါသည်။
ငါး၊ ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက်
ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။
ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။
အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။
ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။
----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း