မန္တလေးတိုင်း ဇူလိုင် ၂၅ ရက် မှ ဇူလိုင် ၃၁ ရက်အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တိုင်ဖွန်း WIPHA အကြွင်းအကျန်လေပွေလှိုင်းများပြန်လည်အားကောင်းပြီး လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ဇူလိုင် ၂၄ ရက်နေ့ နေ့လည်ပိုင်းက ထုတ်ပြန်ထားပါတယ်။ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဘက်သို့ဆက်လက်ရွေ့လျားပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်လာနိုင်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ - ယခုရက်သတ္တပါတ်အတွင်း - - · မန္တလေးတိုင်းမြောက်ဘက်(သပိတ်ကျင်း အထက်ဘက်)နှင့် မန္တလေးတိုင်းတောင်ဘက်(မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်မြို့နယ်များ၏အောက်ဘက်)ဒေသများတွင် ၇ ရက်မိုးရေချိန် ၄ လက်မ မှ ၇ လက်မအထက်ရရှိနိုင်ပြီး ယင်းဒေသများတွင် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မနှင့်အထက်ရွာသွန်းနိုင်ပါတယ်။ - · မန္တလေးတိုင်းအလယ်ပိုင်း - သပိတ်ကျင်းမြို့အောက်ဘက်မှ မိတ္ထီလာ-သာစည် မြို့နယ်များအထိ နှင့် မန္တလေးတိုင်း အနောက်ဘက်ခြမ်းဒေသများတွင် ၇ ရက်အတွင်း စုစုပေါင်း ၀.၅ လက်မမှ ၂.၅ လက်မအထိသာ ရွာသွန်းရရှိနိုင်ပါတယ်။ ဤဒေသများတွင် နေ့စဉ်ပျမ်းမျှရွာသွန်းနိုင်သည့်မိုးရေချိန် ၀.၁ လက်မမှ ၀.၃ ခက်မ ခန့်သာရှိနိုင်ပြီး မိုးနည်းနေပါမယ်။ - · ဇူလိုင် ၂၆ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ လေထုစိုထိုင်းဆ ၆၀% မှ ၈၀% ရှိနိုင်ပြီး အခုတစ်ပါတ်အတွင်းကျန်ရက်တွေမျာတော့ ၈၀% မှ ၁၀၀% ရှိနေနိုင်ပါမယ်။ ၂၆/၃၁ - ၂ ရက်မှာ လေထုစိုထိုင်းဆကျဆင်းနိုင်တဲ့မြို့နယ်တွေက ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပုဂံ-ညောင်ဦးနဲ့သရောက်မြို့နယ်တွေဖြစ်ပါမယ်။ - · အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ ခံစားရတဲ့အပူချိန် apparent temperature ၃၈°C ရှိနိုင်ပါမယ်။ - · တောင်ပေါ်စခန်းမြို့ “ပြင်ဦးလွင်”မှာတော့ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနေပါမယ်။ - · လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)နှင့် ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှု ပမာဏတွေသည် စိုးရိမ်ရတဲ့ အခြေအနေမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မန္တလေးတိုင်းဒေသကြီးအတွင်း စပါးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မန္တလေးတိုင်းဒေသကြီးတွင် စပါးစိုက်တောင်သူမေးမြန်းလာသော နီတိုရောဂါမှာ စပါးပင်အား ကြီးထွားမှု နှေးလာပြီး ပင်ပွားထွက်ရှိမှုလည်း နည်းလာပါမယ်။ စပါးရွက်တွေမှာလည်း ထိပ်ကနေ စပြီး အောက်အထိ အညိုရောင် အစက်တွေ ဖြစ်လာမယ်။ အရွက်ရဲ့ အရောင်ဟာလည်း လိမ္မော်ရောင်ကနေ အညိုရောင်ပြောင်းလာပါမယ်။ အပင်ကိုနုတ်ကြည့်လိုက်ပါကလည်း အမြစ်မှာ မသန်စွမ်းသလို သံချေးရောင် တွေ့ရပြီး နမ်းကြည့်ပါကလည်း သံချေးနံ့ ရမှာ ဖြစ်ပါတယ်။ ကာကွယ်နည်းလမ်းများမှာ- - စပါးပြီး စပါးစိုက်ခြင်းရှောင်၍ သီးလှည့်စိုက်ပျိုးပေးပါ။
- မြေပြင်ချိန်မှာ ပိုတက်၊ တီစူပါထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။
- နီတိုကျရောက်နေစဥ် ပုလဲမြေသြဇာကျွေးခြင်းကိုရှောင်ပါ။
- စက်ဖွဲပြာမှာ ဆိုရင် ပိုတက်ဓာတ်ပါရှိတာကြောင့် အသုံးပြုလို့ ရပါတယ်။
- နီတိုတွေ့ရှိပါက ၁ ဧကလျှင် ဂျစ်ပဆန် ၁ အိတ်နှင့် ပိုတက်ရှ် ၁၀ ပြည်ကျွေးပေးပါ။
- စိုက်ခင်းထဲမှာ ရေများနေရင် နီတို ပိုဆိုးတာကြောင့် ရေသွင်းရေထုတ် လွယ်ကူပါက မြေအစိုဓာတ် ရှိရုံသာထားပေးပါ။
- စိုက်ခင်းထဲက ရေကို တစ်ပတ်ခန့်ထုတ်ပေးပါ။
 - ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် - မိုးရွာသွန်းမှုများသော ကာလဖြစ်သောကြောင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။ ကန်ဘောင်ပေါ်မှ ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကို ကြိုတင်ကာကွယ်နိုင်ပါသည်။ - ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် (သို့မဟုတ်) အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
