cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း ဇူလိုင် ၂၅ ရက် မှ ဇူလိုင် ၃၁ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မိုးရွာသွန်းမှုများသော ကာလဖြစ်သောကြောင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ‌ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တိုင်ဖွန်း WIPHA အကြွင်းအကျန်လေပွေလှိုင်းများပြန်လည်အားကောင်းပြီး လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ဇူလိုင် ၂၄ ရက်နေ့ နေ့လည်ပိုင်းက ထုတ်ပြန်ထားပါတယ်။ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဘက်သို့ဆက်လက်ရွေ့လျားပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်လာနိုင်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

    ယခုရက်သတ္တပါတ်အတွင်း - 

    ·          မန္တလေးတိုင်းမြောက်ဘက်(သပိတ်ကျင်း အထက်ဘက်)နှင့် မန္တလေးတိုင်းတောင်ဘက်(မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်မြို့နယ်များ၏အောက်ဘက်)ဒေသများတွင် ၇ ရက်မိုးရေချိန် ၄ လက်မ မှ ၇ လက်မအထက်ရရှိနိုင်ပြီး ယင်းဒေသများတွင် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မနှင့်အထက်ရွာသွန်းနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းအလယ်ပိုင်း - သပိတ်ကျင်းမြို့အောက်ဘက်မှ မိတ္ထီလာ-သာစည် မြို့နယ်များအထိ နှင့် မန္တလေးတိုင်း အနောက်ဘက်ခြမ်းဒေသများတွင် ၇ ရက်အတွင်း စုစုပေါင်း ၀.၅ လက်မမှ ၂.၅ လက်မအထိသာ ရွာသွန်းရရှိနိုင်ပါတယ်။ ဤဒေသများတွင် နေ့စဉ်ပျမ်းမျှရွာသွန်းနိုင်သည့်မိုးရေချိန် ၀.၁ လက်မမှ ၀.၃ ခက်မ ခန့်သာရှိနိုင်ပြီး မိုးနည်းနေပါမယ်။ 

    ·          ဇူလိုင် ၂၆ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ လေထုစိုထိုင်းဆ ၆၀% မှ ၈၀% ရှိနိုင်ပြီး အခုတစ်ပါတ်အတွင်းကျန်ရက်တွေမျာတော့ ၈၀% မှ ၁၀၀% ရှိနေနိုင်ပါမယ်။ ၂၆/၃၁ - ၂ ရက်မှာ လေထုစိုထိုင်းဆကျဆင်းနိုင်တဲ့မြို့နယ်တွေက ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပုဂံ-ညောင်ဦးနဲ့သရောက်မြို့နယ်တွေဖြစ်ပါမယ်။ 

    ·          အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ ခံစားရတဲ့အပူချိန် apparent temperature ၃၈°C ရှိနိုင်ပါမယ်။ 

    ·          တောင်ပေါ်စခန်းမြို့ “ပြင်ဦးလွင်”မှာတော့ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနေပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)နှင့် ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှု ပမာဏတွေသည် စိုးရိမ်ရတဲ့ အခြေအနေမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက်  

             မိုးရွာသွန်းမှုများသော ကာလဖြစ်သောကြောင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ‌ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။ ကန်ဘောင်ပေါ်မှ ‌ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ‌ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကို ကြိုတင်ကာကွယ်နိုင်ပါသည်။ 

    ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် (သို့မဟုတ်) အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ 

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
3030