cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း ဇူလိုင်လ ၃၀ ရက် မှ ဩဂုတ်လ ၅ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မကွေးတိုင်းမြောက်ပိုင်းမှ ထီးလင်းနှင့် ဂန့်ဂေါမြို့များတွင် ၇ ရက်အတွင်း ရရှိနိုင်သည့် မိုးရေချိန် ၁.၅ လက် မှ ၂ လက်မခန့်အထိရှိနိုင်ပြီး မကွေးတိုင်းတောင်ဘက်မှ တောင်တွင်းကြီးမြို့တွင် ၇ ရက် မိုးရေချိန် ၁ လက်မခန့်ရှိနိုင်ကာ မကွေးတိုင်းအလယ်ပိုင်းဒေသများတွင် မိုးရေချိန် ရရှိနိုင်မှု အလွန်နည်းနေနိုင်ပါသည်။
  • ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း၊ ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်များတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း CO-MAY နှင့် အားကောင်းသောတိုင်ဖွန်းမုန်တိုင်း KROSA တို့သာရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်၊ ထိုင်းပင်လယ်ကွေ့၊ တောင်တရုတ်ပင်လယ်တို့တွင် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းစသည် ဖြစ်ပေါ်ခြင်းမရှိပါ။ 

    CO-MAY နှင့် KROSA တို့သည်လည်း မြန်မာနိုင်ငံနှင့် မိုင် ၁၆၀၀ ကျော်ဝေးကွာပြီး အရှေ့ဘက်သို့ဆက်လက်ရွေ့လျားမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းအရှိန်သက်ရောက်နိုင်ခြင်းမရှိပါ။ 

    ယခုတပါတ်အတွင်း - 

    ·          မကွေးတိုင်းမြောက်ပိုင်းမှ ထီးလင်းနှင့် ဂန့်ဂေါမြို့များတွင် ၇ ရက်အတွင်း ရရှိနိုင်သည့် မိုးရေချိန် ၁.၅ လက် မှ ၂ လက်မခန့်အထိရှိနိုင်ပြီး မကွေးတိုင်းတောင်ဘက်မှ တောင်တွင်းကြီးမြို့တွင် ၇ ရက် မိုးရေချိန် ၁ လက်မခန့်ရှိနိုင်ကာ မကွေးတိုင်းအလယ်ပိုင်းဒေသများတွင် မိုးရေချိန် ရရှိနိုင်မှု အလွန်နည်းနေနိုင်ပါသည်။ 

    ·          မကွေးတိုင်းတခုလုံးအတွက် နေ့စဉ် ပျမ်းမျှမိုးရွာသွန်းမှု အနည်းငယ်သာရှိပြီး နေ့စဉ်ရွာသွန်းနိုင်သည့် ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့်သာရှိနိုင်(မိုးအလွန်နည်းနေနိုင်)ပါမည်။ 

    ·          မိုးလယ်ကာလအတွင်းဖြစ်သဖြင့် ရံဖန်ရံခါနေရာကွက်၍ မုတ်သုံမိုးရွာနိုင်သေးသည်ကိုလည်း သတိပြုရပါမည်။ 

    ·          မကွေးတိုင်းအတွင်း တောင်-အရှေ့တောင်အရပ်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ ၂၂ မိုင်ခန့်အထိရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပါသည်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value 25 ခန့်သာရှိနိုင်ပြီး လေထုညစ်ညမ်းမည့်အခြေအနေမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်း ပြောင်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း ပြောင်းစိုက်ပျိုးရာတွင်ပြောင်းရွက်ခြောက်ရောဂါ အထူးသတိပြု ကာကွယ်ပါ။  အစောပိုင်း လက္ခဏာများအနေနဲ့ အရွက်ကြောများနှင့်အပြိုင် ရှည်လျားကျဉ်းမြောင်းတဲ့ ဒဏ်ရာ များ ပေါ်လာပါတယ်။ ရောဂါကြီးထွားလာသည်နှင့်အမျှ ဒီကျဉ်းမြောင်းတဲ့အနာများဟာ ရှည်မျောမျောပုံ ကျယ်ပြန့်လာပါတယ်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • မျိုးရင်းမတူညီသော သီးနှံများဖြင့်သီးလှည့်စိုက်ပေးပါ။ 
    • ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိူးပါ၊ 
    • ဓာတုဆေးအနေဖြင့် Azoxystrobin၊ Mancozeb၊ Difenoconazole၊ Propiconazole ကဲ့သို့သော အဆိပ်ရှိမှိုသတ်ဆေးများကို ပက်ဖြန်းပေးပါ၊ 

    ငါးမှုန်ကန် ပြုစု၊ အစာကျွေးနည်း  

    ငါးမှုန်အရွယ်ကို (၃)ရက်ကျော်မှ အစာကျွေးခြင်းကိုဆောင်ရွက်ရာတွင် ငါးမှုန်များ၏ ပါးစပ် ပေါက်ကလေးများသည် သေးငယ်ပြီး အရည်ကိုသာ စားသုံးနိုင်ကြသဖြင့် အာဟာရပြည့်ဝသော အရည် (ပဲဖတ်)ရည်ကို ကျွေးပေးရပါသည်။ ငါးမှုန်ဘဝတွင် ပဲဖတ်ရည်ကို တစ်နေ့ (၃-၄)ကြိမ် ပက်ပေးခြင်းဖြင့် သက်ရှင် ကြီးထွားနိုင်ပါသည်။ (၇)ရက်မှ (၁၀)ရက်ကြာသောအချိန်တွင် ပေါင်ဒါကဲ့သို့ အမှုန့်ဖြစ်သောအမှုန့် အစာကို ကျွေးနိုင်ပါသည်။ ဥပမာအားဖြင့် ဇကာချထားသောဖွဲနု နှင့် ပဲမှုန့်ဖတ် ရောပြီး ကျွေးနိုင်ပါသည်။ အစာစက်ရုံများမှ ထုတ်လုပ်သောအစာများကိုကျွေးနိုင်ပါက ပိုမိုကောင်းမွန် အဆင်ပြေပါသည်။ ငါးမှုန်အရွယ်တွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်းပါသောအစာကျွေးပါက ကြီးထွား နှုန်းမြန်ပါသည်။  

    ----    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
2996